Wednesday, September 19, 2012

Samsung Galaxy S2 ကို Official ICS XWLPX 4.0.4 Firmware မြှင့်မယ်

http://amtelefon.com/wp-content/uploads/2012/07/Android_4.0.4-for-GalaxyS2.jpg

Samsung Galaxy S2 ကိုင်ဆောင်ထားတဲ့ သူငယ်ချင်းများအတွက် Android Version 4.0.4 Official ထွက်ပါပြီ။ ဒါကြောင့် နောက်ဆုံး Version ဆိုတာမှ တင်ချင်သူများအတွက် 4.0.4 Firmware မြှင့်နည်းလေး တင်ပေးလိုက်ပါတယ်။



Firmware မမြှင့်ခင် ဒါလေး အရင် ဖတ်ကြည့်ပေးပါ။
Firmware မြှင့်ဖို့အတွက် လိုတာလေးတွေဒေါင်းပါ။

>> Download XWLPX Firmware Package << (392.6 MB)
>> Odin << (456.59 KB)

ပြီးရင် zip ဖိုင်တွေကို ဖြည်ထားပြီး Desktop ပေါ်တင်ထားလိုက်ပါ။

ပြီးတော့ ဖုန်းပိတ်လိုက်ပါ။

ဖုန်းကို Download Mode ထဲဝင်ရပါမယ်။ Volume Down နဲ့ Home ခလုပ်ကိုဖိထားပြီး Power နှိပ်ပါ။

အစိမ်းရောင် စက်ရုပ်လေးပေါ်နေရင် Download Mode ထဲရောက်ပါပြီ။

PC မှာ Odin ကို ဖွင့်လိုက်ပါ။ ပြီးရင် USB ကြိုးနဲ့ ဖုန်းကို PC နဲ့ချိတ်လိုက်ပါ။

ဒါဆို Odin ထဲက ID : COM section မှာ အဝါရောင်လေးဖြစ်သွားလိမ့်မယ်။ (မဖြစ်ခဲ့ဘူးဆိုရင် “Settings > Wireless & Network > USB Settings” မှာ “Samsung KIES” ကို အမှန်ခြစ်ပေးပါ။)

ပြီးရင် PDA နေရာမှာ ခုနက Firmware Package ကို ဖြည်ထားတဲ့ .tar ဖိုင်ကို ရွေးပေးပါ။

ပြီးတော့ Start ကိုနှိပ်လိုက်ပါ။

အလုပ်လုပ်နေပါလိမ့်မယ် ... ခဏနေရင် ဖုန်း restart ကျသွားပါလိမ့်မယ်။

Home Screen ဒါမှမဟုတ် Language Setting ကို အရင်မြင်ရမှာပါ။

ဖုန်းကို USB ကြိုးဖြုတ်ပြီး ပြန် Power ပိတ်လိုက်ပါ။

ပြီးရင် Recovery Mode ထဲဝင်ပါ။ (Volume Up + Home + Power)

Recovery Mode ထဲမှာ “Wipe data/factory reset” ကနေ “Wipe Cache partition” ကိုရွေးပေးလိုက်ပါ။

ပြီးရင် Reboot System Now ကိုရွေးပေးပါ။

Restart ကျသွားပါလိမ့်မယ်

ပြန်တက်လာရင် “Settings > About phone > Firmware version” မှာ ကြည့်လိုက်ပါ။

4.0.4 ဖြစ်နေပြီနော်။ :)

0 comments: