Saturday, September 22, 2012

How to receive Android notifications & text messages on your PC


ရုံးရောက်ရင် ဖုန်းက silent လုပ်ထားတော့ တစ်ခါတစ်လေကျ Missed Call တွေ အများကြီးဖြစ်တာတို့ Message တွေ ရောက်နေတာ မသိတာတို့ ခဏခဏဖြစ်တတ်တယ်ဗျ။

ဒီတော့ Android Phone ကို PC နဲ့ချိတ်ပြီးတော့ Notification တစ်ခုခုတက်ရင် PC ကနေ Notification Area မှာ အသိပေးအောင် ဒီလိုမျိုးလေး လုပ်ထားရင် မကောင်းဘူးလား။

 


ဖုန်းကိုလည်း ခဏခဏကြည့်စရာမလိုတော့ဘူးပေါ့။

ဒီ Application လေးက ထွက်ခါစဆိုတော့ ကျွန်တော် Market အပြင်ကနေ လင့်တွေလိုက်ရှာတာ မတွေ့ဘူးဗျ။
ပြီးတော့ ကျွန်တော့ဖုန်းက Market ဝင်မရတော့ ဒေါင်းပြီး ပြန်ပေးလို့လည်း အဆင်မပြေဘူးလေ။
အဲဒါကြောင့် Market Link လေးပဲ ပေးလိုက်ပါတော့တယ်။

*ဒေါင်းလို့ အဆင်ပြေတဲ့သူများကလည်း ဒေါင်းပြီး mediafire ပဲဖြစ်ဖြစ် အောက်က comment box မှာ ပြန်ပြီး share ပေးခဲ့ကြပါဗျာ ... နောက်လူတွေလည်း အဆင်ပြေတာပေါ့*

 ကဲ ဒါကတော့ DeskNotifier For Android ပါ

>> Download DeskNotifier For Android << (Google Play)

ဒါကတော့ PC Installer ပါ။

>> Download DeskNotifier Windows Applications << (437 KB)


အကုန်ဒေါင်းပြီးသွားပြီဆိုရင် Phone နဲ့ PC ကို USB ဒါမှမဟုတ် WiFi ကြိုက်နှစ်သက်ရာ နည်းနဲ့ သုံးလို့ရပါတယ်။

ဒါကတော့ Screenshot လေးတွေပါ

 

ဒါက PC အတွက်


Connect လုပ်နည်းကတော့ မခက်ဘူးထင်ပါတယ်။ ကျွန်တော် မပြတော့ဘူးနော်။
အဆင်ပြေပါစေဗျာ

2 comments:

aungaung said...

အကို ရေ .. ဒေါင်းလို့ ရမဲ့ link တင်ထားပါတယ် ....
http://www.mediafire.com/?v2nnqrf084l83bu

BO said...

ကို aungaung ရေ ... ကျေးဇူးတင်ပါတယ်ဗျာ ...