Tuesday, September 11, 2012

Samsung Galaxy S2 GT I9100 ကို Official ICS 4.0.4 XWLPO Firmware မျြင့်မယ်

http://st2.gsmarena.com/vv/bigpic/samsung-galaxy-s-ii-real-ofic.jpg

လိုတာလေးနှစ်ခု ဒေါင်းရပါမယ်။
>> Download ICS 4.0.4 XWLPO Firmware Package << (388.3 MB)
>> Download Odin << (456.59 KB)


  • ICS 4.0.4 XWLPO Firmware Package ကို ဖြည်လိုက်ပါ။
  • Odin ဖွင့်လိုက်ပါ။
  • ဖုန်းကို Volume Down + Home Key + Power နှိပ်ပြီး Download Mode ထဲဝင်ပါ။ စက်ရုပ်ပုံလေး မြင်ရင် Download Mode ထဲရောက်ပါပြီ။ Odin မှာလည်း ID:COM Section မှာ အဝါရောင်လေး ပြမှာပါ။
  • မပြဘူးဆိုရင်တော့ USB Driver For Samsung Mobile ကို သေသေချာချာ install လုပ်ရပါမယ်။
  • ဒီ page ရဲ့ ညာဘက် slide bar မှာ Samsung USB Driver တင်ထားပေးထားပါတယ်။
  • ပြီးရင်တော့ လုပ်ပံလုပ်နည်းတွေကို video လေးနဲ့ ပြထားပါတယ်။ သေချာလိုက်လုပ်ပေးပါနော်။



ဒါဆိုရင်တော့ အဆင်ပြေလောက်မယ် ထင်ပါတယ်။ အဆင်မပြေဘူးဆို comment လေး ထားခဲ့ပါ။

ကျေးဇူးတင်ပါတယ် ...

4 comments:

Naing said...

ဒီ ICS 4 firmware က galaxy s2 ကိုဘဲတင်လို့ ရတာလား galaxy s advance gt I9070ကိုရော တင်လို့ရလား ပြီးတော့ galaxy o2 (made in china.. နောက်ဆုံးထုတ် itizen ဂျာနယ်မှာ ကြော်ငြာပါတယ်) က ICS 4 ထိ upgradeable လို့ရေးထားတယ် အဲဒီ handset ကိုရော ဘယ်လို ICS 4 တင်ရပါမလဲခင်ဗျာ လက်ရှိက v 2.37 ပါ (အထူးသိလိုသည်မှာ official firmware တွေဟာ handset အမျိုးအစားအလိုက် model အလိုက်ထွက်တာပါလားခင်ဗျာ။ custom rom မဟုတ်တဲ့ official romတွေဆိုရင် handset အမျိုးအစားမတူလဲ တင်လို့ရပါသလား သိလိုပါသည်) အားပေးလျက် (ကချင်မြေမှဝါသနာရှင်)

BO said...

ဟုတ်ပါတယ်အကို Official Rom တွေက သူ့ Model အလိုက်ထွက်တာပါ။ Model မတူပဲ တင်လို့မရပါဘူး။ သူ့ Model အတွက်ဆိုပြီးထွက်တဲ့ တချို့ Custom Rom တွေတောင် Error ရှိပါတယ်။ Error ရှိတော့ တချို့ Function လေးတွေ ဥပမာ- ကင်မရာမရတာမျိုးတို့ Bluetooth Error တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Official Rom ပဲကောင်းပါတယ်။ Galaxy S Advance GT-I9070 အတွက်က ISC Official မထွက်သေးပါဘူး။ ISC မထွက်တော့ပဲ Jelly Beam တန်းထွက်မယ်လို့ ပြောပါတယ်။

Naing said...

thanks

Unknown said...

အခု Jelly Beam ထွက်ပြီလားအစ်ကို