Monday, July 23, 2012

Samsaung Galaxy Mini S5570 ကို XWKTN Gingerbread 2.3.6 Firmware နဲ့ ဗားရှင်းမြှင့်ကြည့်ရအောင်



Samsung Galaxy Mini S5570 ကို ဗားရှင်း မြှင့်ချင်တဲ့ သူတွေအတွက် Officially Gingerbread 2.3.6 ဆိုပြီး ထွက်လာပါပြီ။ အဲတော့ အရင် ဗားရှင်း 2.3.4 ကို သုံးနေတဲ့ Mini User တွေလည်း ဘယ်လို လုပ်ရမလဲဆိုတာ သိချင်ရင်တော့ နည်းလေးတစ်ခုကို ကျွန်တော် ပြောပြချင်ပါတယ်။ ဗားရှင်း မြှင့်လိုက်ရင်တော့ သင့်ဖုန်းရဲ့ လုပ်ဆောင်မှု စွမ်းရည်ဟာ သိသိသာသာ မြန်ဆန်လာတာကို တွေ့ရမှာပါ။

တကယ်တော့ မနေ့က ကျွန်တော် ကလိတာ နည်းနည်းများသွားလို့ ကျွန်တော့ဖုန်းက Firmware ကြွသွားပါတယ်။ Power ဖွင့်လိုက်လို့ ရှိရင် Samsaung ဆိုပြီးတော့ ဆက်တက်မလာတော့ဘူး။ အသံလည်းမမြည်ဘူးပေါ့ဗျာ။ သေချာပါတယ် အသံမမြည်ဘူးဆိုရင်တော့ ဆက်မတက်တော့ပါဘူး။ ဒီတော့ Android Version 2.3.4 ကနေ Version မြှင့်ချင်တဲ့ သူများရော ... Firmware ကြွသွားတဲ့ သူများရော ဒီနည်းလမ်းလေးကို သုံးလို့ရပါတယ်။ ပြီးတော့ ဒီ Post လေးက ကျွန်တော့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံ ဆိုပါတော့ဗျာ ...

ဗားရှင်းမြှင့်ဖို့အတွက် Galaxy Mini Firmware Package ကို Download လုပ်ဖို့လိုပါတယ် ...

Click Here To Download Galaxy Mini Firmware Package

ပြီးရင် Zip ဖိုင်တွေ ဖြည်လိုက်ရင် ဒီလိုရလာပါမယ်။ ဖိုင် ၆ ဖိုင်ပေါ့။

 

 Odin ကို ဖွင့်လိုက်ပါ ... zip ဖြည်တဲ့ password က androidadvices.com ပါ



ပြီးရင်တော့ ဖုန်းမှာ လုပ်ရမှာလေးရှိပါတယ် ...

Settings -> Applications _> Development -> USB debugging ကို အမှန်ခြစ်ပေးပါ။ ပြီးရင် ဖုန်းပိတ်လိုက်ပါ။ (Vibration တုန်တဲ့အထိစောင့်ပါ)


အခုက စပြီးတော့ သေသေချာချာ လုပ်ရပါတော့မယ်။

Download Mode ထဲ ဝင်ပါမယ်။ Volume Down + Home Key + Power Key သုံးခုစလုံးကို တွဲနှိပ်ပါ။ အဝါရောင်လေးနဲ့ Downloading ဆိုပြီးပေါ်လာပါလိမ့်မယ် ... Computer နဲ့ ချိတ်လိုက်ပါ ...


ဒါဆိုရင် ခုနက ဖွင့်ထားတဲ့ Ordin မှာ ID: COM ဆိုတဲ့ နေရာလေးမှာ အဝါရောင်လေး ဖြစ်နေတာ တွေ့ရပါမယ်။


မှတ်ချက်။ ။ အဲလို အဝါရောင် မဖြစ်ဘူးဆိုရင်တော့ USB Driver ကို Computer ထဲမှာ ပြန် Install လုပ်ရပါမယ် ...

Download Samsung USB Driver For Mobile Phones

ပြီးတော့ ဖြည်ထားတဲ့ထဲက ဖိုင်တွေကို Select လုပ်ပေးလိုက်ပါ









OPS = TASS_v1.0.ops

BOOT = APBOOT_S5570JVKT1_CL703231_REV02_user_low_true.tar

PHONE= MODEM_S5570XWKT2_CL698112_REV02.tar

PDA= CODE_S5570JVKT1_CL703231_REV02_user_low_true.tar

CSC= GT-S5570-MULTI-CSC-OJVKT1.tar
 
အကုန် ဖြည့်ပြီးသွားပြီ ဆိုရင်တော့ Start ကို နှိပ်လိုက်ပါ
ပြီသွားရင် Restart ကျသွားပါလိမ့်မယ် ...

ပြီးတော့ Samsung Logo လေးတက်လာ ပြီးတော့ အသံလည်း မြည်လာပါမယ် ... သေချာပါတယ် .. အောင်မြင်သွားပါပြီ ...

ဒါဆိုရင် USB Cable ကို ဖြုတ်လိုက်ပါ။ ပြီးတော့ ဖုန်းPower တက်လာတာကိုလည်း Restart ပြန်ချလိုက်ပါ။

ဒါဆိုရင်တော့ သင်ဖုန်းဟာ အောင်မြင်စွာပဲ Android Version 2.3.6  ဖြစ်သွားပါပြီ ...
Settings -> About Phone ထဲမှာ ပြန်ကြည့်လိုက်ပါ ။
Android Version 2.3.6 ဖြစ်နေတာတွေ့ရပါလိမ့်မယ် ...

(မှတ်ချက်။ Firmware Update လုပ်နေစဉ်အတောအတွင်း အကြောင်းကြောင်းကြောင့် fail ဖြစ်သွားခဲ့ရင် Battery ဖြုတ်ပြီး အစအဆုံးပြန်လုပ်ပါ)

အကယ်လို့ တစ်စုံတစ်ခု အဆင်မပြေတာရှိရင် Comment လေးချန်ခဲ့ပါ ...
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

9 comments:

Naing said...

ကျနော် ဆမ်ဆောင်းgalaxy mini s5570 ကို clockwork mod တင်ပီး reboot into clockworkmod recovery ထဲ ဝင်တာ defaut recovery ထဲဘဲရောက်တယ် ဒါနဲ့ clockworkmod မှာ flash rom လုပ်မယ်ဆိုပီးနှိပ်တော့ ဒေါင်းလုပ်ဆွဲဘို့ ဖုန်းမော်ဒယ်ရွေးတဲ့ဟာ ပေါ်လာတယ် galaxy modelမတွေ့တော့ ဟွာဝေး မော်ဒယ်ရွေးလိုက်တယ်။ ဒါနဲ့ဒေါင်းလုပ် လုပ်တာ ကို ၁၀မိနစ်လောက် စောင့်ပီးတော့ ပီးသွားတယ် reboot to clockworkmod recovery ကိုနှိပ်လိုက်တော့ ဘာမှမတက်တော့ဘူး download modeထဲလဲဝင်မရတော့ဘူး home, power keyနှိပ်ပီး recovery ထဲလဲဝင်မရတော့ဘူး လုံးဝပျက်ပီလားဗျာ ဘာလုပလို့ရပါသေးလဲ ကွန်ပျူတာdriver တင်ပီးသားမှာ ချိတ်တာလဲdetetမရတော့ဘာ odinမှာ အဝါမပေါ်တော့ပါ ကျေးဇူးပြုပီးဖြေကြားပေးပါ နောက်ဆုံးmethod ဒါမှမဟုတ် လွှင့်ပစ်ရတော့မလား။ ကျေးဇူးတင်လျက်။ ။ ။

BO said...

boot မတက်တော့တာလားဗျ ... samsung logo ပေါ်ရင်တော့ ဆက်လုပ်လို့ရပါသေးတယ် ...
မပေါ်တော့ရင်တော့ အခြေအနေမကောင်းပါဘူး...
download mode လည်း ဝင်လို့ မရဘူးဆိုတော့ နောက်ဆုံးအဆင့်ကတော့ riff box နဲ့ firmware ပြန်ရေးမှရပါမယ် ...
ကျွန်တော်တို့ဆီက Admin ကိုဌေးလှိုင်ဦးကတော့ ဒီရက်ပိုင်း riff box ဝယ်မယ်တော့ ပြောပါတယ် ... ဝယ်ဖြစ် မဝယ်ဖြစ်တော့ မသိပါဘူး ... ဆက်သွယ်ချင်ရင်တော့ htayhlaingit@gmail.com ပါ ... အဆင်ပြေပါစေဗျာ ...

Naing said...

ဆမ်ဆောင်းလိုဂိုက မပေါ်တော့ဘူးဗျ။ laptop နဲ့ချိတ်ကြည့်တော့ Samsung modemဆိုပီး တစ်ချက်လေးပေါ်ပီး ပျောက်သွားတယ် အဲဒီလိုပေါ်ရင် odinဖွင့်ထားရင်လဲ အဝါလေးတက်တယ် အထက်ကtutorialအတိုင်းsettingလုပ်ပီးstartနှိပ်လိုက်ရင် ခဏအကြာမှာ errorပြပီး အဝါကနေအနီဖြစ်သွားတယ် ဘာဘဲဖြစ်ဖြစ် Riff boxနဲ့firmwareရေးလို့ရသေးရင်တော့ သိမ်းထားအုံးမယ်Adimကိုဌေးလှိုင်ဦး ကိုဆက်သွယ်ဖို့ ကျနော်ကနယ်ကဆိုတော့ serviceဆိုင်အနေနဲ့လုပ်သလားဗျ
အားပေးလျက်-----ကျေးဇူးတင်ပါသည်

cartoon said...

samsung galaxy s 5830 အတွက် official Gingerbread 2.3.6 Firmware နဲ့ ဗားရှင်းမြှင့်နည်းလေးတင်ပေးပါလားဗျာ..

Unknown said...

(ဖြည်ထားတဲ့ထဲက ဖိုင်တွေကို Select လုပ်ပေးလိုက်ပါ)လို့ပြောတဲ့ဟာက ဘယ်ဟာကို select လုပ်ရမှာလဲ ပြောတဲ့အတိုင်းလုပ်တယ် အစ်ကိုပြောတဲ့အတိုင်းဖုန်းကဖြစ်တယ် ဒါပေမဲ့ android က version ပြောင်မသွားဘူုး select လုပ်တဲ့ဖိုင်မရှိလို့ထင်တယ် ပြောပြပေးပါအုံး

BO said...

OPS = TASS_v1.0.ops

BOOT = APBOOT_S5570JVKT1_CL703231_REV02_user_low_true.tar

PHONE= MODEM_S5570XWKT2_CL698112_REV02.tar

PDA= CODE_S5570JVKT1_CL703231_REV02_user_low_true.tar

CSC= GT-S5570-MULTI-CSC-OJVKT1.tar

sayar said...

ကျေးဇူးအထူးတင်ပါတယ်အကို ကျွန်တော့ဖုန်းကိုဆိုင်ကတောင်လက်လျှော့လိုက်တာကို အကိုပေးတဲ့နည်အတိုင်းလုပ်လိုက်တာအဆင်ပြေသွားပါပြီ

Aung Siit Min said...

mini s5570g ဗားရှင်း 2.2.1ကိုရောဘယ်လိုလုပ်ရလဲ အခုလိုမျိုးလုပ်လို.အဆင်ပြေမလားခင်ဗျာ

Unknown said...

ကျနော်အခု ဖန်ဝဲကိုဒေါင်းတာ 6ဖိုင်မရဘူးလေးဖိုင်ပဲရတယ် ဘာတွေလိုနေလဲတော့သိတော့ဝူး ...ပြောပြပါလား