Monday, July 16, 2012

ဒါကတော့ နိုင်ငံတကာကို အင်တာနက်ချိတ်ထားတဲ့ ဖုန်းကနေ အခမဲ့ ခေါ်လို့ရတဲ့ application လေးပါ



Androd ဖုန်းတွေအတွက်ပါ ... android version 2.0 အထက်ရှိရမယ်လို့ပြောထားပါတယ် ... အများစူက ဒီ application ကိုသိကြပါတယ် ... ဒါပေမယ့် တချို့ activate မလုပ်တတ်တဲ့သူတွေလည်းရှိလို့ လုပ်နည်းလေး ပြောပြရင်းနဲ့ တင်လိုက်တာပါ ... apk ဖိုင်ကိုတော့ အောက်ကလင့်ကနေ ဒေါင်းလိုက်ပြီး ဖုန်းထဲမှာ install လုပ်လိုက်ပါ ... activate လုပ်ဖို့ကို ကျွန်တော်ဆက်ပြောပြ ပါ့မယ် ...


click here to download viber.apk

Install လုပ်ပြီးသွားပြီဆိုရင်တော့ Viber ထဲဝင်လိုက်ပါ
Welcome to viber ဆိုပြီးတွေ့ပါလိမ့်မယ်



Continue လုပ်လိုက်ပါ
ပြီးရင် Enter your phone number and press "Continue" ဆိုတာလေးတွေ့ပါလိမ့်မယ်



+95 ကို auto ဖြည့်ထားတဲ့အောက်က ယခု သင် activate လုပ်နေတဲ့ ဖုန်းနံပါတ်ကို ဖြည့်လိုက်ပါ (ဥပမာ။ 0942500 xxxx ဆိုရင် 9542500xxxx ဆိုပြီး သုညကို ဖြုတ်ပြီး ဖြည့်လိုက်ပါ
ပြီးရင် Continue လုပ်ပါ
Phone Number Verification ဆိုပြီးပေါ်လာပါလိမ့်မယ်



သင့်ဖုန်းနံပါတ် မှန်ကန်တယ်ဆိုရင် Approve ကိုနှိပ်လိုက်ပါ
Waiting for sms ဆိုပြီး loading လုပ်နေပါလိမ့်မယ် ... 



တခြားနိုင်ငံတွေမှာဆိုရင်တော့ activation code ၄ လုံးကို SMS နဲ့လာမှာပါ 
ဒီမှာတော့ မရပါဘူး
အဲဒီတော့ Enter Viber ဆိုတာလေးရဲ့အောက်မှာ "If you do not receive your access code within 60 seconds, click here" ဆိုပြီး တွေ့ပါလိမ့်မယ်
click here ဆိုတာလေးကို နှိပ်လိုက်ပါ 



ပေါ်လာတဲ့ Browser ပေါ်က Get Code ဆိုတာလေးကို နှိပ်လိုက်ရင် သင့်ဆီကို အဝင် call တစ်ခုလာပါလိမ့်မယ်


ကုတ်နံပါတ် ၄လုံးကို ပြောမှာဖြစ်ပါတယ် ... သေချာ နားထောင်ပါ

" Hello ... Welcome to viber ... your access code is " ဆိုပြီး ဂဏန်း ၄-လုံးပါမှာပါ ... နှစ်ကြိမ်ပြောမှာပါ ...
ကုတ် ၄လုံးရပြီဆိုရင် back နဲ့ပြန်ထွက်ပြီး code ထည့်ရမယ့်နေရာမှာ ဖြည့်လိုက်ရုံပဲ ... 

ဒါဆို အိုကေသွားပြီ ...
ချစ်သူနဲ့ ၁နာရီ ၂နာရီ အင်တာနက်ဖွင့်ပြီး ဖုန်းပြောလို့ရပြီ ... ၁ မိနစ်မှ ၂ ကျပ်ရယ် ... :)




အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

4 comments:

Pension said...

I cost 35 kyats for 35 Seconds. Do you know why?

BO said...

Viber သုံးမယ်ဆိုရင် နှစ်ဘက်စလုံးမှာ အင်တာနက် ဖွင့်ထားရပါမယ် ... အကယ်လို့ ကိုယ်က သူ့ကို ခေါ်လိုက်တယ် ... သူ့ဘက်က အင်တာနက်ဖွင့်မထားရင် သာမာန်ရိုးရိုးဖုန်းခေါ်သလိုပဲ ဝင်သွားမှာပါ .. ဒါဆို ပုံမှန် Charges အတိုင်းပဲ ကျတော့မှာပေါ့ ...

targyi said...

I cann't install on my U8818 V4.0.3 rooted.why and how to install.Please

BO said...

Settings > Applications > Unknown Sources မှာ အမှန်ခြစ်ထားရမယ်နော်