Saturday, July 21, 2012

Link2SD ( ဖုန်းထဲမှ App များကို SD ထဲကို တတ်နိုင်သလောက်ရွှေ့မယ် *Root* )

ဖုန်းဝယ်ပီး App တွေ Install လုပ် .. Game တွေ Install လုပ်တော့မှ .. '' ငါ့ဖုန်းက Internal Storage  တော်တော်နည်းတယ်ကွာ '' ဆိုတဲ့ သူငယ်ချင်းတွေအတွက် အနည်းငယ်ပို အဆင်ပြေလာမယ့် နည်းလမ်း ၁ ခုပြောပြပါမယ် .. သုံးရမယ့် App ကတော့ Link2SD ဆိုတာလေးပါပဲ .. သူက Apk ဖိုင်လေးကို Run လိုက်ရုံနဲ့တော့ တန်းသုံးလို့မရဘူး .. ဘာဖြစ်လို့လဲဆိုတော့ SD Cardထဲမှာ သွားသိမ်းမှာလေ .. အဲ့တော့ SD Card လေး မှာ သွားပြင်ရတာလေးတော့ရှိတယ် .. အနည်းငယ်အလုပ်ရှုပ်တယ်ပေါ့ .. ဒါပေမယ့် .. ဖုန်းလေးမှာ App တွေ ခပ်များများသွင်းဖို့ .. ပိုပီး Space တွေ များဖို့ဆိုရင်တော့ လုပ်ရမှာပဲ ပေါ့ .. မဟုတ်လား ?? ?? ??  :)   * Root လုပ်ထားပီးသား ဖြစ်ရပါမယ် ။

ပထမဆုံး SD Card လေးကို ပြင်ဆင်ဖို့အတွက် .. SD Card Reader နဲ့ Software လေး ၁ ခုတော့လိုတယ် .. အဲ့ဒါလေးက Partition Wizard ဆိုတဲ့ Hard disk တွေ SD card တွေဖြစ်တဲ့ Data Storage တွေကို ကောင်းကောင်းလေး Edit လုပ်နိုင်တဲ့ Software လေးဖြစ်ပါတယ် ..

၁ ။ Partition Wizard ကို Computer မှာ Install လုပ်ပါ ။

၂။ Partition Wizard ကို Run လိုက်ပီး မိမိ SD Card ကိုရွေးလိုက်ပါ ။ (SD Card ကို Card Reader
    နဲ့ဖြစ်ဖြစ် Computer က သိအောင်လုပ်ထားရပါမယ်)

၃။ SD card ရဲ့ Partition ကို Delete လုပ်ပါမယ် ။ (Delete လုပ်တဲ့အတွက် Data တွေ ပျောက်သွားပါမယ်  
    လိုအပ်တဲ့ Data များရှိတယ်ဆို Backup ယူထားပီးမှ Delete လုပ်ပါ)


၎။ SD Card ကို Create New Partition ရွေးပါမယ် ။
    Create As: မှာ Primary ထားပါ ။
    File System: မှာ (2GB ဒါမှမဟုတ် 2GB ထက်နည်းတယ်ဆိုရင် FAT ထားပါ)
                           ( 4GB ဒါမှမဟုတ် 4GB ထက်များတယ်ဆိုရင် FAT32 ထားပါ )

၅။ Size And Location ကို ကိုယ်ကြိုက်သလို ထားပါမယ် ။ (ခု သက်မှတ်လိုက်တဲ့ Size က ကိုယ့်  
    ကြိုက်တဲ့ Data တွေ ဖြစ်တဲ့ Music တွေ Movie တွေ Picture တွေ သိမ်းတဲ့နေရာပါ .. ကျန်ခဲ့တဲ့  
    နေရာ ဖြစ်တဲ့ လွတ်ကျန်ခဲ့တဲ့နေရာက ဖုန်းရဲ့ App တွေ ကိုသိမ်းပေးမယ့် နေရာဖြစ်ပါတယ်)


၆။ လွတ်ကျန်ခဲ့တဲ့ SD Card ရဲ့ Space ကို ရွေးပြီး Create New Partition ထပ်လုပ်ပါမယ်
    Create As: မှာ Primary ထားပါ ။
    File System: မှာ Ext2 ထားပါ ( Link2SD အတွက်ဖြစ်ပါတယ် )


၇။ အပေါ်ဘားမှာ Apply (အမှန်ပုံလေး) ကိုနှိပ်ပေးပါ ။
    * အဲ့ဒါဆို Software က Card ကို စပီးပြုပြင်နေပါပီ .. ပီးသွားတဲ့ အချိန်ထိ ခဏလောက်စောင့်ပေးပါ။

ပီးသွားပီ ဆိုရင် SD Card လေးကို ဖြုတ်လိုက်ပီး .. ဖုန်းမှာ ပြန်တပ်ပီး ဖုန်းပြန်ဖွင့်လိုက်ပါ .. ဖုန်းမှာ  Link2SD apk လေးကို install လုပ်ပါ ။ ပီးသွားပီဆိုရင် Link 2 SD ကိုဖွင့်လိုက်တယ်ဆိုရင် Super User Request တောင်းပါလိမ့်မယ် .. Allow လုပ်ပေးလိုက်ပါ ။ အဲ့ဒါ ပီးသွားရင် Link2SD အလုပ်လုပ်ရမယ့် Partition ကိုတောင်းပါလိမ့်မယ် .. Ext2 ကိုရွေးပေးလိုက်ပါ ။ ဖုန်းက Auto Restart ချသွားပါလိမ့်မယ် ။ တကယ်လို့ Auto မချဘူးဆိုရင် ကိုယ့်ဘာသာ ဖုန်းကို ပိတ်ပီး ပြန်ဖွင့်လိုက်ပါ ။ ဖုန်း ပြန်ဖွင့်လိုက်ပီ ဆိုရင် Link2SD အလုပ်လုပ်နေပါပီ ။ Link2SD ဖွင့်လိုက်တာနဲ့ ကိုယ် Install လုပ်ထားတဲ့ App တွေ တွေ့ရပါပီ ။ 
အခုမှ စ Link 2 SD ကို Run တယ် .. ခုမှာ Install လုပ်ထားတဲ့ App တွေ ဆိုရင် .. SD card ထဲကို ပြောင်းထည့်ဖို့အတွက် ပြောင်းချင်တဲ့ App ကို ၁ ချက် နှိပ်လိုက်ပါ ။
အဲ့ဒါဆို App ရဲ့ Information တွေ ပေါ်လာပါလိမ့်မယ် .. ဘာလုပ်ချင်လဲ ရွေးဖို့အတွက်ပေါ့ ..
Move 2 SD ဆိုရင် SD card ထဲကို App ၁ ခုလုံးကို ပြောင်းထည့်မယ်ပေါ့
Action ကတော့ လုပ်ဆောင်ချက်မှာဘာတွေ လုပ်ဆောင်လို့ရလည်း ရွေးလို့ရပါတယ်
ဘာတွေလုပ်မလဲ ပေါ့ Uninstall လုပ်တာတို့ Cache ဖိုင်တွေ ဖြတ်တာတို့ စသဖြင့်လုပ်လို့ရပါတယ်
ခုတော့ Create Link လုပ်မှာမို့ ပြန်ထွက်လိုက်ပါတယ်။
Create Link ကတော့ App ကို Internal နဲ့ External လို့ပြောလို့ရတဲ့ SD card ထဲမှာ အဆင်ပြေသလို ယူသုံးသွားပါလိမ့်မယ် ..

Android Version 1.6 ကနေ 2.1 ထိတော့ Move to SD Card သုံးလို့မရပါဘူး။
Android Version 2.1 နောက်ပိုင်းတွေက တော့ Function အားလုံးအလုပ်လုပ်ပါတယ် ။

Link2SD သုံးလိုက်လို့ App တွေ များများ သုံးနိုင်သလို Internal Storage လည်း သိပ်မနည်းသွားတော့ပါဘူး။ 

DownLoad Link:

ကျွန်တော်လည်း ဖုန်းပညာရှင် စစ်စစ်ကြီး မဟုတ်တဲ့ အတွက် အမှားအယွင်းလေးတွေ ရှိရင်တောင်းပန်ပါတယ် ..  Xda-Developer မှ မှီငြမ်းပီးရေးပါတယ် .. မှားနေတာလေးတွေ ရှိနေရင်လည်း ပြောပေးကြပါ ။ အားလုံး အဆင်ပြေကြပါစေဗျာ ။



1 comments:

စိုးတင်အောင် said...

အဆင်ပြေတယ်ဗျာ..ကျေးဇူးပါ