
သိထားသလောက်ကတော့ Google Play ဝင်မယ့် ဖုန်းက အမြစ်တူးပြီးသား ဖြစ်ရပါမယ်။ Google Play ကတော့ ဖုန်းထဲမှာပါပြီးသား ဖြစ်မှာပါ။ တစ်ချို့ဖုန်းတွေက Android Market ဒါမှမဟုတ် Market ဆိုပြီးပါပါတယ်။ အတူတူပါပဲ။ အဲဒါကို Google က Update လုပ်ပြီး Google Play ဖြစ်သွားတာပါ။ ပြီးတော့ အောက်က application လေးတွေလိုပါတယ်။ အရင်ဒေါင်းလိုက်နော်။
Market Unlocker
Droid Vpn
Tun.ko
ဒါတွေအကုန်ဒေါင်းပြီး install လုပ်လိုက်ပါ။
Tun.ko ထဲဝင်ပြီး မိမိဖုန်းရဲ့ မော်ဒယ်နံပါတ်တွေ bluld no တွေမှန်ရင် အကုန်အမှန်ခြစ်ပြီး install လုပ်လိုက်ပါ။
Market Unlocker
Droid Vpn
Tun.ko
ဒါတွေအကုန်ဒေါင်းပြီး install လုပ်လိုက်ပါ။
Tun.ko ထဲဝင်ပြီး မိမိဖုန်းရဲ့ မော်ဒယ်နံပါတ်တွေ bluld no တွေမှန်ရင် အကုန်အမှန်ခြစ်ပြီး install လုပ်လိုက်ပါ။
ပြီးသွားရင် အင်တာနက် ခဏပိတ်ထားလိုက်ပြီး Market Unlocker ထဲဝင်ပါ။
Enable Unlocker နဲ့ Auto Unlock ကို on လိုက်ပါ။ ပြီးရင် ဘေးကိုပွတ်လိုက်ပါ။
Enable Proxy ကို Off ဖြစ်နေပါစေ။
DroidVpn သုံးဖို့ www.droidvpn.com/sign.php မှာ account တစ်ခုပြုလုပ်ရပါမယ်။ သမရိုးကျအတိုင်း အဆင့်ဆင့်လုပ်ပြီး သင့်ဆီ username နဲ့ password ပြန်လာရင် Droidvpn ထဲဝင် ... ဖြည့်ပြီး Start ဆိုတာလေး နှိပ်လိုက်။ Upgrade လုပ်ဖို့မေးရင် Upgrade Later ရွေးလိုက်။ ဒါဆို notification area မှာ အစိမ်းရောင်လေးဖြစ်ပြီး connect ဖြစ်သွားလိမ့်မယ်။ ပြီးရင် setting > Applications > Manage Applications ထဲက Google Play Store ကိုထောက်ပြီး Clear Data လုပ်လိုက်ပါ။
ပြီးရင် setting ထဲက ပြန်ထွက်ပြီးတော့ အင်တာနက်ဖွင့်ပြီး Google Play ထဲ တစ်ဆင့်ချင်းဝင်လိုက်ပါ။

ဒီလို screen မျိုးတွေ့ပြီဆိုလို့ကတော့ သင် အောင်မြင်သွားပါပြီ။ အဲ ဒီနည်းက proxy ကျော်သုံးထားတာဆိုတော့ ကွန်မကောင်းလို့ ကျကျ နေရင် retry သာလုပ်ပါ။
နောက် Google Play ထဲ သင်ဝင်မယ်ဆိုရင် DroidVpn ကို start အရင်လုပ်ရမှာနော်
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...