Wednesday, July 18, 2012

LONGMAN (Dictionary of Contemporary English)

Dictionary ဆိုတာ ကျွန်တော်တို့ အတွက် လိုအပ်နေဆဲ အရာ၁ခုဖြစ်ပါတယ် .. ဖုန်းထဲမှာလည်း တော်တော်များများ Dictionary ထည့်ထားကြပါတယ် .. လိုခြင်ကြပါတယ် .. ဒါပေမယ့် .. Dictionary Applications တွေ တင်ပီး Run ကြည့်တော့မှ လိုချင်တဲ့ စာလုံးမရှိတာရယ် .. Online လိုတာရယ် ဆိုတာတွေက စိတ်ကို ကသိကအောင့် တော်တော်ဖြစ်ပါတယ် .. ဖုန်းတွေမှာ Internet တွေ ရနေပီဆိုတာတောင် Offline Mode ကို ပိုလိုချင်ပီး တောင့်တ မယ်လို့လည်းထင်ပါတယ် .. ခု ကျွန်တော်တင်ပေးမယ် Dictionary ကတော့ LONGMAN ပါ ..



LONGMAN Dictionary ဟာ နာမည်ရှိ Dictionary လည်းဖြစ်ပါတယ် .. တင်ပေးဖို့ စိတ်ကူးရတာကလည်း ကျွန်တော့်အသိ ညီလေး ၁ ယောက် ။ ဖုန်းဆိုင် ၁ ခုမှာလုပ်နေတဲ့ ကောင်လေး ၁ ယောက်ပါ .. သူက ကျွန်တော့်ဖုန်း ယူကြည့်ပီး .. LONGMAN ကို ကြည့်ပီး ဘယ်ကရှာလည်း .. သူ့ကို သူ့ဆရာက ရှာခိုင်းတာ ၁ ရက်လောက်ကြာတယ်ဆိုတဲ့အကြောင်း ပြောတော့မှ ဒီအပိုင်းနဲ့ မရင်းနှီးသူတွေ အတွက် အခက်အခဲရှိနိုင်တယ် လွယ်အောင်ဆိုပီးတင်ပေးလိုက်တာပါ .. 
သုံးရတာ လည်းလွယ်ပါတယ် .. A>B>C>D နဲ့ စဉ်ပီး ရှာလို့ရသလို Search နဲ့လည်းရှာလို့ရပါတယ် .. အပြည့်စုံကြီးမဟုတ်တောင် တော်တော်လေး ပြည့်စုံပါတယ် .. အသံနဲ့အတွက်ကတော့ Online မှာရှိနေမှ ဖြစ်မှာပါ .. Offline သုံးလို့ အဆင်ပြေတဲ့ Dictionary ထဲမှာ ကျွန်တော့်အတွက်အဆင်ပြေတဲ့ Dictionary လေးလည်း ဖြစ်ပါတယ် .. သိပီးသားကြီးဆိုလည်း မသိသေးတဲ့ သူတွေ အတွက် အဆင်ပြေမယ်ဆိုကျေနပ်ပါပီ .. တခြား လိုချင်တဲ့ သိထားတဲ့ Dictionary ရှိတယ်ဆိုရင်လည်း ပြန်ပြောပြကြပါဦး .. 



0 comments: