
အားလုံးနဲ့မိတ်ဆက်ပေးချင်တဲ့ Application လေးက Whats App ပါ ... ဒီကောင်လေးက Andriod ဖုန်းတင်မဟုတ်ပဲ ဖုန်းအမျိုးအစားတော်တော်များများနဲ့ချိတ်ပြီး Message ပို့လို့ရပါတယ် ... အသုံးပြုလို့ရမယ့်အမျိုးအစားတွေကတော့ iPhone, BlackBerry, Android, Windows Phone နဲ့ Nokia(Symbian) Java ဖုန်းများပဲဖြစ်ပါတယ် ...
ဖုန်း Message အပြင် Video တွေ အသံတွေကိုပါ ပို့ပေးလို့ရမှာဖြစ်ပါတယ် ... WhatsAppကို အသုံးပြုချင်ရင်တော့ ဖုန်းကနေအင်တာနက်ချိတ်ပီး http://www.whatsapp.com ကနေကိုယ်အသုံးပြုနေတဲ့ဖုန်းပေါ်မူတည်ပီး ဒေါင်းလုပ်ပြုလုပ်နိုင်မှာဖြစ်ပါတယ် ... Market ထဲမှာလဲ WhatsApp လို့စာရိုက်ထည့်ပီးလဲ ရှာနိုင်ပါတယ် ... အသုံးပြုပုံလေးကလဲရိုးရှင်းလွယ်ကူပါတယ် ... WhatsApp ကိုဖွင့်လိုက်ရုံနဲ့ ယခုအသုံးပြုနေတဲ့ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ရုံနဲ့ မိနစ်အနည်းငယ်အတွင်း ချိတ်ဆက်အသုံးပြုလို့ရပါပြီ ... WhatsApp ဘယ်သူတွေအသုံးပြုနေတယ်ဆိုတာကို Contacts ထဲမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ် ... တကယ်လို့ကိုယ်ပေးပို့ချင်တဲ့သူမှာ WhatsApp မတတ်ဆင်ထားဖူးဆိုရင်လဲ Invite လုပ်ပေးနိုင်ပါတယ် ... တခြားဘာမှ SignUp လုပ်စရာ အကောင့်ပေးစရာမလိုပဲ အင်တာနက်ချိတ်ဆက်ရုံနဲ့ Free အသုံးပြုနိုင်တာမို့ အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ် ... တကယ်လို့အဆင်မပြေတာများ အခက်အခဲများရှိရင်လဲ Mail သို့မဟုတ် Comment ပို့၍ မေးမြန်းနိုင်ပါတယ် ... ။






0 comments:
Post a Comment