Wednesday, August 1, 2012

Galaxy S Advance I9070 ကို root လုပ်နည်း

root မလုပ်ခင် SMS, Contacts, Image, Video, Music အပါအဝင် Data အကုန်လုံးကို backup လုပ်ထားပါ။


အမြစ်တူးဖို့အတွက်  Rooting Package လိုပါတယ် ... .



click here to download I9070 root package.rar (11 MB)

ဒေါင်းပြီးတော့ zip ဖြည်လိုက်ရင် ဒီလိုရလာပါမယ် ...



ပြီးသွားရင် ဖုန်းပိတ်လိုက်ပါ ... အဲ .. မပိတ်ခင် settings > Applications > Development > USB Debugging ကို Enable လုပ်ထားရပါမယ်။
Galaxy S Advance ရဲ့ Download Mode ထဲကို ဝင်ပါတော့မယ်။
Download Mode ထဲဝင်ဖို့အတွက် Volume Down Key + Center Key (Home) နဲ့ Power ခလုပ်ကို တွဲနှိပ်ရပါမယ်။
ကွန်ပြူတာမှာ Odin ကိုဖွင့်လိုက်ပါ။



ပြီးရင် ဖုန်းကို ကွန်ပြူတာနဲ့ USB ကြိုးမှတဆင့် ချိတ်လိုက်ပါ။
ကွန်ပြူတာမှာ ပုံထဲမှာလို မဝါသေးဘူးဆိုရင် ဒါလေးကို ဒေါင်းပြီး install လုပ်လိုက်ပါ။

click here to download USB driver for Samsung Phones

ပြီးရင် Odin ထဲမှာ PIT ကို GT-I9070_EUR_XX_8G_20111220_KL6.pit ရွေးပေးပါ
PDA ကို  rootkernel.tar.md5 ရွေးပြီး Start နှိပ်လိုက်ပါ။



ဒီ process ပြီးသွားရင် usb ကြိုး ပြန်ဖြုတ်ပြီး Odin ကိုလည်း ပိတ်လိုက်ပါ။ ပြီးရင် ဖုန်းကို ခုနကလိုပဲ Download Mode ထဲ ထပ်ဝင်ပါ။
Odin လည်း ပြန်ဖွင့်ပြီး PIT ကို GT-I9070_EUR_XX_8G_20111220_KL6.pit ရွေးပါ။
PDA ကို xxld1.tar.md5 ရွေးပြီး Start နှိပ်လိုက်ပါ။

Complete ဖြစ်သွားရင် ဖုန်းက သူ့အလိုလို Restart ဖြစ်သွားပြီး Home Screen တက်လာပါလိမ့်မယ်။
ကွန်ပြူတာနဲ့တွဲထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။
အခုဆိုရင် သင့်ဖုန်းဟာ root လုပ်ပြီးသားဖြစ်သွားပါပြီ ...
ဒါပေမယ့် superuser apk လေး install လုပ်ရပါဦးမယ် ...
အောက်မှာဒေါင်းလိုက်ပါဗျာ ...

click here to download superuser

ဒေါင်းပြီးသွားရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။
ဒါဆိုရင် superuser ဆိုတဲ့ icon လေးနဲ့ အမြစ်တူးပြီးသား Galaxy S Advance လေးက အရမ်းလန်းသွားပြီပေါ့ ...

ဒါလေးကတော့ Download Mode ဝင်နည်း လေးပါ။


အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

8 comments:

လရောင်မင်း said...

Samsung galaxy SIII Ice Cream Sandwich 4.0 ကို Root
လုပ်နည်းလေးတင်ပေးပါဦး....

တောင်ကြီးဂိုဏ်းချုပ်သာသနာ said...

I9070XXLD1.rar (459MB) ကို unzip တာ အပေါ်ပေးထားတဲ့ ၄ ဖိုင်မဟုတ်ဘူး။ ကျေးဇူးပြု၍ ပြည့်စုံအောင် ရှင်းပြပါအုံး။
thanks

BO said...

4share က ပြန်တင်ပေးထားပါတယ်

Unknown said...

root လုပ်တဲ့အခါ ဒီဖုန်းအမျိုးအစားမှာ အခန့်မသင့်ဘဲ ROM ပျက်သွားတာမျိုးရှိလားဗျ

BO said...

Root လုပ်လို့ Rom ပျက်တယ်တော့ မရှိပါဘူး ...
CWM Recovery ကိုတော့ သတိထားသုံးပါ ... သူက bud ရှိတတ်လို့ပါ။

naymyo said...

PDA :xxld1.tar.md5 နဲ့ PDA: DXLD1 နဲ့ဘာကွာပါသလဲ
ကျွန်တော်ဖုန်းက BASEBAND : I9070DXLD1
Kernal version : 2.6.35.7 I9070DXLD1- CL1068093dpi @DELL169#2
Build number :GINGERBREAD.DXLD1
ပါ အထက်ပါ အကိုပြောတဲ့အတိုင်းနည်းလုပ်လို့ရမလားခင်ဗျာ. thanks

BO said...

Country/Carrier ကွာပါတယ်။ PDA: XXLD1 က Poland XEO ဖြစ်ပြီး PDA: DXLD1 က Malaysia XME ပါ။ အပေါ်ကအဆင့်တွေအတိုင်း လုပ်လို့ရတယ်ဆိုပေမယ့် တစ်ခါတစ်လေကျ External SD Card မဖတ်တော့တဲ့ Error မျိုး ဖြစ်တတ်ပါတယ်။

naymyo said...

ကျေးဇူးတင်ပါတယ်နော် တခါမှတော့ root မလုပ်ဖူးဘူး လုပ်တော့လုပ်ကြည့်ရမယ် တခုခုဖြစ်ရင်လာမေးမယ်နော် ဟဲဟဲ