Friday, August 3, 2012

Samsung Galaxy S II GT I9100G ICS 4.0.3 ကို Root လုပ်မယ်


Root လုပ်ဖို့အတွက်
“Settings > Applications > Development > USB debugging” မှာ အမှန်ခြစ်ပေးပါ။
ဘက်ထရီ ကို အနည်းဆုံး ၆၀% ရှိနေအောင်လုပ်ထားပါ။
ဖုန်းထဲမှ Data များအားလုံး copy ကူးပြီး PC ထဲမှာ backup လုပ်ထားပါ။



လိုအပ်တာတွေကို ဒေါင်းပါမယ်

XXLPQ Rooting Package (5.59 MB) ( ဒေါင်းပြီး zip ဖြည်လိုက်ပါ။ )
Rooting Zip Package (1.1 MB) (ဒေါင်းပြီးပါက SD Card ထဲ ဘာဖိုဒါမှမခွဲဘဲ ထည့်ထားရပါမယ်)

ဖြည်ထားတဲ့ ထဲက Odin ကိုဖွင့်ပါ။
Download Mode ထဲဝင်ရပါမယ်။ Volume Down + Home + Power ကိုနှိပ်ပြီးဝင်ပါ။

အစိမ်းရောင် စက်ရုပ်ကလေး ပေါ်လာပြီဆိုရင် ကွန်ပြူတာနဲ့ USB ကတဆင့် join လိုက်ပါ။
COM ဆိုတဲ့ အကွက်လေးမှာ အဝါရောင်လေးဖြစ်သွားပါမယ်။

မဖြစ်သေးရင်တော့ သင့် PC မှာ USB Driver For Samsung Phones ကို install လုပ်ထားလား ??
“Settings > Wireless & Network > USB Settings” and ensure that “Samsung KIES” မှာ အမှန်ခြစ်ထားရဲ့လား ပြန်စစ်ပါ။
“PDA” ဆိုတဲ့နေရာမှာ “GT-I9100G_LP7_ClockworkMod-Recovery_5.5.0.4.tar” ကို Select လုပ်ပြီး Start ကိုနှိပ်လိုက်ပါ။
root လုပ်လို့ ပြီးသွားရင် ဖုန်းက auto reboot ကျသွားပြီးတော့ ပြန်တက်လာပါမယ်။
Cable ကို ဖြုတ်လိုက်လို့ ရပါပြီ။
မပြီးသေးပါဘူး။
ဖုန်းကို ပါဝါ ပြန်ပိတ်လိုက်ပါ။
Recovery Mode ထဲဝင်ရပါမယ်။ Volume Up နဲ့ Home နဲ့ နှိပ်ပြီး Power ခလုပ်နှိပ်ပါ။ 
ဝင်သွားရင် “install zip from sd card” ကိုရွေး ... ပြီးတော့  “choose zip from sd card” ကိုရွေးပေးလိုက်ပါ။ ပြီးတော့ ဒေါင်းပြီးထည့်ထားတဲ့ zip ဖိုင်လေးကို ညွှန်းလိုက်ပေါ့။
root လုပ်ပြီးတော့ +++Go Back+++ ကနေ “Reboot system now” ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ။

ဒါဆိုရင် ဖုန်း restart ကျပြီး ပြန်တက်လာရင် Root လုပ်ပြီးသား ဖြစ်သွားပြီပေါ့။

(အကယ်လို့ ဖုန်းက ပြန်တက်မလာခဲ့ဘဲ လည်နေရင် ဘက်ထရီကိုဖြုတ် ... ပြန်တပ်ပြီး ဒါတွေကို အစအဆုံး ပြန်လုပ်ရပါမယ်)

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

3 comments:

လရောင်မင်း said...

အကိုရေ..ဒီ Post ခေါင်းစဉ်မှားနေတယ်လို့ ထင်တယ်...
(SamsungGalaxy S GT I9100G ICS4.0.3ကို Root လုပ်မယ်)
ဆိုပြီး Galaxy SII ပုံကြီးပြထားတော့ခေါင်းစဉ်နဲ့ Post နဲ့ မှားနေပြီ
ထင်တယ်....ခေါင်းစဉ်မှာ (II) ကျန်ခဲ့တယ်နော်...Samsung
galaxy SII GT i9100 ကို Root လုပ်နည်းလေးပြောပြပါဦး...
ကျေးဇူးအထူးတင်ပါတယ်...လိုင်းမကောင်းလို့ နောက်ရက်မှ
Down တော့မယ်...

BO said...

ဟုတ်ပါတယ် ခေါင်းစဉ်တပ်တုန်းက II ကျန်ခဲ့လို့ပါ ...

လွမ်းဦးမောင်(မြောင်းမြ) said...

ဖုန်းထဲမှ Data များအားလုံး copy ကူးပြီး PC ထဲမှာ backup လုပ်ထားပါ။အကိုရေဒီစာကြောင်းလေးကိုသိပ်မရှင်းပါ..dataဆိုတဲ့နေရာမှာသူ့နဂို
original ပါလာတဲ့ဆော့ဝဲလားဒါမှမဟုတ်နောက်မှထပ်ထည့်သောဆော့ဝဲကိုလားဆိုတာကို
သိချင်ပါတယ်..