Monday, August 20, 2012

GingerBread မှာ ICS က video call ခေါ်နိုင်သည့် Talk ကိုတင်နည်း

အခုပြောပြပေးမှာကတော့ GingerBread (2.3.4) အထက်မှာ voice & video call ခေါ်လို့ရတဲ့ Talk ကို upgrade လုပ်ချင်းဖြစ်ပါတယ်။ video call ရဖို့ကတော့ ကိုယ့်ဖုန်းမှာ secondary camera လိုပါတယ်။ secondary camera မပါရင်တော့ video call မရနိုင်ပါဘူး။ ဖုန်းကို Root လုပ်ပြီး CWM တင်ထားဖို့လိုပါတယ်။ 

update-talk2-1.zip ကိုဒေါင်းရန်
Download ဆွဲ၍ရလာသော update-talk2-1.zip ကို sd card ထဲထည့်ပါ။ ဖုန်းကို power သေချာအောင် ပိတ်လိုက်ပါ။ ပြီးလျှင် သက်ဆိုင်ရာဖုန်းအလိုက် CWM recovery ထဲ သို့ဝင်ပါ။  ပြီးလျှင် install zip from sdcard > choose zip from sdcard > update-talk2-1.zip ကို update လုပ်ပါ။ main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ GingerBread မှာ ICS လို talk ကို voice & video call ခေါ်နိုင်ပါပြီ။ 
အားလုံးအဆင်ပြေကြပါစေ........  

1 comments:

လရောင်မင်း said...

သက်ဆိုင်ရာဖုန်းအလိုက် CWM recovery ထဲ သို့ဝင်ပါ ဆိုတာ ဘယ်လို
ဝင်ရမှာလဲ ဟင်...