Monday, August 27, 2012

Mobile Odin



ဒီဥစ္စာလေးက ကိုယ့်ဖုန်းထဲမှာပဲ ကိုယ့်ဟာကိုယ် Firmware Flash လုပ်လို့ရတဲ့ apk လေးပါ။ Firmware Files တွေကို ဖုန်းရဲ့ SD Card ထဲသာထည့်ထား အရင်လို PC ကနေ Odin သုံးစရာမလိုတော့ဘူးပေါ့။ ဒါလေးသုံးဖို့အတွက်ကတော့ သင့်ဖုန်းက အမြစ်တူးပြီးသား ဖြစ်ရပါမယ်။


EverRoot Option ကို သုံးမယ်ဆိုရင် Mobile Odin က သင် flash လုပ်တဲ့အခါ တစ်ခါတည်း root လုပ်ပေးပါလိမ့်မယ်။ Firmware အသစ်တင်လည်း ပြန် root လုပ်စရာမလိုတော့ဘူးပေါ့။ ဆိုလိုတာက အခုလုပ်ထားတဲ့ root မပျက်ဘူးပေါ့ဗျာ။

Mobile Odin ကို သုံးရတာ လွယ်ပါတယ်။ ဒီ application လေးဝင်လိုက်တာနဲ့ သူက သင့်ဖုန်းထဲက system နဲ့ application အားလုံးကို check လုပ်ပါလိမ့်မယ်။ ပြီးတော့ ဒါလေးက ထပ်ပြီး data ဖိုင် ဒေါင်းရဦးမှာပါ။ (ဖုန်းနဲ့ DATA File တွေဒေါင်းရမှာမို့ ဒေါင်းတော့မယ်ဆိုရင် အချိန်ကြာမှာမို့ Charges အရမ်းမကျရအောင် WiFi Area မှာဒေါင်းဖို့ အကြံပေးချင်ပါတယ်)

ပြီးသွားပြီဆိုရင်တော့ Main Screen ကိုမြင်ရမှာပါ။ ပြီးတော့ flash လုပ်ဖို့အတွက် SD ထဲက ရွေးပေးရမှာပါ။ ဖိုင်မှားရွေးမိမှာတော့ စိတ်မပူပါနဲ့။ Mobile Odin က .tar နဲ့ .tar.md5 ဖိုင်ကလွဲလို့ သင့်ကို ရွေးခွင့်ပြုမှာမဟုတ်ပါဘူး။

PC က Odin မှာတုန်းက PDA တို့ PHONE တို့ CSC တို့မှာ Select လုပ်ပြီးရွေးပေးရပါတယ်။ ဒီမှာတော့ Open File ကနေ SD ကတ်ထဲကနေ ရွေးပေးရမှာပါ။ သူက SD ထဲမှာရှိသမျှ flash လုပ်လို့ရမယ့် ဖိုင်တွေပဲ ပေးမှာပါ။ ဒါကြောင့် သင်က .tar ဖိုင်ကို ရွေးလိုက်မယ်ဆိုရင် kernal နဲ့  Modem အတွက် ရွေးပေးသွားမှာပါ။

ဒါဆိုရင် အခု flash လုပ်ဖို့အတွက် ဖိုင်တွေကို အကုန် select လုပ်ပြီးသွားပါပြီ။ Pro ဗားရှင်းဖြစ်တဲ့အတွက် EverRoot ကို အမှန်ခြစ်ထားလို့ရပါတယ်။ ဒါလေးက သင့်နောက်တစ်ခါ ထပ် root လုပ်စရာမလိုအောင်ပါ။ ပြီးရင်တော့ ထည့်မယ့် application လေးတွေကို ရွေးပေးရမှာပါ။

ဒါဆို အခု selecting partation လည်းပြီးပြီ... EverRoot ကိုလည်း configure လုပ်ပြီးပြီ ... အဲတော့ flash firmware လုပ်ဖို့ပဲလိုတော့တဲ့ အဆင့်ကိုရောက်ပါပြီ။ Flash Firmware လုပ်လိုက်တာနဲ့ Mobile Odin က သူလိုအပ်တဲ့ information တွေ အကုန်စုပြီး ဆက်လုပ်ပေးမှာပါ။ တစ်ခုရှိတာက Flash မလုပ်ခင် သင့်ဖုန်း battery level က အနည်းဆုံး 50% တော့ ရှိရပါမယ်။


What's in this version: (Updated : Aug 24, 2012)

    Updated: SuperSU v0.95
    JellyBean-related bugfixes
    Added: Support for:
        US Cellular Galaxy S3 SCH-R530
        ZW Galaxy S3 SCH-I535 (unlock bootloader !)
        Samsung Galaxy Note GT-N7000B
        Samsung Galaxy Note 10.1" GT-N8000
        Samsung Galaxy Note 10.1" Wi-Fi GT-N8010/N8013

Required Android O/S : 2.2+

Mobile Odin APK ကို ဒေါင်းရန် (1 MB)

အားလုံးပဲ အရာရာ အဆင်ပြေကြပါစေဗျာ ...

0 comments: