Monday, August 20, 2012

ဖုန်းဝယ်မယ်ဆိုရင် စစ်ဆေးသင့်တဲ့အချက်လေးတွေ


ပထမဦးဆုံးတော့ Call Quality ဆိုတဲ့ ဖုန်းခေါ်ဆိုမှု အရည်အသွေးကို စစ်သင့်ပါတယ်။ တချို့ဖုန်းတွေက ဖုန်းကောင်းဖြစ်ပေမယ့် အသံအရည်သွေး ညံ့တယ်ဗျ။ တစ်ခါတစ်လေတော့ အသံတိတ်တဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်းကြားရပေမယ့် အပြင်ထွက်လိုက်ပြီးတော့ ဆူညံတဲ့ပတ်ဝန်းကျင်မှာကျင် ကောင်းကောင်းမွန်မွန် မကြားရတော့ဘူးဗျ။ ဒါကြောင့်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဖြစ်စေ ဆူညံတဲ့ပတ်ဝန်းကျင်ဖြစ်စေမှာ ကောင်းကောင်းကြားရဖို့ကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။



နောက်တစ်ခုကတော့ ဒီဇိုင်းပိုင်းပါ။ ဒီဇိုင်းနဲ့ပတ်သတ်လို့ကတော့ ခေါက်ဖုန်း၊ slide ဖုန်း ပုံစံတော်တော်စုံစုံလင်လင်ရှိတယ်ဗျ။ အဲဒါ မိမိကြိုက်နှစ်သက်ရာ ရွေးနိုင်ပါတယ်။ အဓိကထားစဉ်းစားရမှာကတော့ စမ်းရမယ့်အခါမှာ ဖုန်းကို ကိုယ့်လက်နဲ့ကိုင်လိုက်တဲ့အခါမှာ
အရွယ်အစားဘယ်လောက်ရှိသလဲ၊ ဘယ်လောက်လေးသလဲ၊ နောက် ကျွန်တော်တို့ဆိုရင် အင်္ကျီအိတ်ကပ်ထဲထည့်တတ်တယ်ဗျ။ အဲ့တော့ အင်္ကျီအိတ်ကပ်ထဲ ထည့်တဲ့အခါရော အဆင်ပြေရဲ့လား ဆိုတဲ့အချက်တွေ စဉ်းစားရမယ်ဗျ။

နောက်တစ်ခုက ဘယ်လိုလဲဆိုတော့ Key Pad (Keyboard) ပေါ့ဗျာ။ ကီးဘုတ်က မျိုးစုံရှိတယ်ပေါ့ဗျာ။ Black Berry မှာဆိုရင် Computer Keyboard အတိုင်း အသေးလေး လုပ်ထားတာပေါ့ဗျာ။ ဒီလိုဟာမျိုးလား။ ဒါမှမဟုတ်ရင် Touch Screen လိုမျိုးလား။ ဒါမှမဟုတ် သမရိုးကျ Keyboard
အဟောင်းလေး တွေလားပေါ့ဗျာ။ မိမိအကျွမ်းဝင်မယ့် Keyboard ကို ကိုယ်တိုင် စစ်ဆေးဝယ်သင့်ပါတယ်။

ဒါနဲ့တင်မကသေးဘူးပေါ့ဗျာ။ Hand-Free နဲ့ သုံးမယ်ဆိုရင်ကော သင့်တော်ရဲ့လား အသံကောင်းကောင်းကြားရရဲ့လား။ ပြီးတော့ စာရိုက်တဲ့အခါမှာလည်း Portrait နဲ့ရိုက်ရင် အဆင်ပြေမလား? Landscape နဲ့ရိုက်ရင် အဆင်ပြေမလား စတဲ့ဖုန်းကို လှည့်ပြီးတော့ နည်းမျိုးစုံနဲ့
ပြောင်းပြီး စမ်းသင့်တယ်ဗျ။ ပြီးတော့ အဲ့လို လှည့်လိုက်တဲ့အချိန်မှာ Sensor လေးက ပြောင်းလဲဖို့အတွက် အချိန်ဘယ်လောက်ကြာသလဲ ဆိုတာကိုလည်း စစ်ဆေးသင့်ပါတယ်။

နောက်တစ်ချက်အနေနဲ့ Operating System ကို စစ်ရပါမယ်။ နာမည်ကြီးတဲ့ ဖုန်း OS နဲ့ပတ်သတ်လို့ Java, Apple မှာဆို iOS, Google ရဲ့ Android,

Black Berry OS ဆိုပြီး တော်တော်များများရှိတယ်ဗျ။ သိပ်မကြာခင်မှာတော့ Microsoft Windows Phone ဆိုတာ ထွက်တော့မှာပေါ့နော်။ နောက် Nokia မှာသုံးတဲ့ Symbian OS ဆိုတာလည်း ရှိသေးတယ်ဗျ။ အဲ့တော့ ဆိုလိုချင်တာကဗျာ သက်ဆိုင်ရာ OS တစ်ခုချင်းစီ အလိုက်မှာတော့
အားသာချက် အားနည်းချက်ကိုယ်စီတော့ ရှိကြပါတယ်။ ဒါကြောင့် ဖုန်းဝယ်တဲ့အခါမှာ ကိုယ်အသုံးပြုမယ့် ပုံစံပေါ်မူတည်ပြီးတော့ ... ဥပမာဆိုပါတော့ Application တွေ အများကြီး သုံးတတ်သလား။ iPhone နဲ့ဆိုရင်ရော သင့်တော်သလား။ တချို့ကျတော့ Symbian မှ Symbian ကြိုက်တာရှိတယ်။

နောက်တစ်ချက်က Processor Speed ပါ။ Processor မြန်လေတော့ ပိုကောင်းလေပေါ့ဗျာ။ ဖုန်းထဲက ဂိမ်းတွေ ကစားဖို့တို့ Application တွေ ဖွင့်တာ မြန်ဖို့ဆိုရင် Processor Speed များလေ ကောင်းလေပါ။ အနည်းဆုံးတော့ ဖုန်းတွေမှာ 1GHz Speed တော့ သုံးထားလေ့ရှိပါတယ်။ ဒါပေမယ့်
Processor Speed ကောင်းတိုင်းလည်း ဖုန်းက မြန်တာမဟုတ်ဘူးဗျ။ သူ့ရဲ့ OS Version ပေါ်လည်း မူတည်ပါတယ်။ ဥပမာ 1GHz CPU သုံးထားပြီးတော့ OS Version က Android 2.2 လား။ 2.3 (Gingerbread) လား။ 4.0 (Ice Cream Sandwich) လား။ ခုနောက်ဆုံး Jelly Beam 4.1
လားပေါ့ဗျာ။

နောက် Application နဲ့ ပတ်သတ်ပြီးတော့ ကိုယ်ဘယ်လို Application တွေလိုအပ်မလဲဆိုတာကို စီစဉ်ပါ။ ပြီးရင် ဖုန်းဆိုင် ဒါမှမဟုတ် ကိုယ့်ဟာကိုယ် ဖုန်းကျွမ်းကျင်တဲ့သူကိုအပ်ပြီးတော့ ထည့်သင့်ပါတယ်။
မြန်မာစာ မြင်ရဖို့အတွက်ကတော့ Myanmar Font နဲ့ Keyboard
ဖုန်းလုံခြုံရေးအတွက်ဆိုရင်တော့ Security Application (နာမည်ကြီး Security Application တွေဆိုရင်တော့ Look Out တို့ NQ တို့ Trust Go တို့ ရှိပါတယ်။
နေ့စဉ်အလုပ်လုပ်ဖို့ဆိုရင် One Note လို Application မျိုး ပြီးတော့ Dictionary တွေ Communication အတွက်ဆိုရင် Gtalk, Facebook, Skype, Twitter, Google+ တွေ Online Storage လို ဟာမျိုးအတွက်ဆိုရင် Dropbox လို Application စတဲ့ ဟာတွေ ထည့်ဖို့လိုအပ်ပါတယ်။

အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...

0 comments: