Wednesday, August 1, 2012

IM+ Pro


Facebook, Skype, MSN/Live Messenger, Google Talk, Yahoo!, AIM/iChat .. များလိုက်တာကွာ .. သင့်ရဲ့ များလှစွာသော အကောင့်တွေကို သုံးဖို့ ဖွင့်ဖို့ IM+Pro လေးရှိမယ်ဆို အဆင်ပြေမယ်ထင်ပါတယ် .. :) .. 
IM+ Pro မှာ အကောင့် တွေ အများကြီး ၁ ခါတည်းဖွင့်ထားလို့ရတယ် .. လိုတာဖွင့်မယ် မလိုတာ ပိတ်ထားမယ် .. ဖုန်းဖွင့်ပီး IM+ Pro ဖွင့်လိုက်တာနဲ့ တင်အားလုံးကို အကောင့်တွေ ဖွင့်ပေးဖို့ အဆင်သင့်ဖြစ်နေပါပီ .. Chat ဖို့အတွက်တော့ အဆင်အပြေဆုံးလို့ ပြောရမလိုပါပဲ ..

 အဲ ၁ ခုတော့ရှိတယ် . IM+ Pro က အကောင့် Disconnect မလုပ်သ၍တော့ Online မှာရှိနေမှာပဲ .. Disconnect မလုပ်မခြင်း Internet Setting ဖြုတ်လိုက်ရင်တောင် ရှိနေမှာပဲ ...  ကောင်းတာလည်း ဟုတ်တယ် မကောင်းတာလည်းဟုတ်တယ် .. ကောင်းတာလေး ပြောပြမယ် .. ကောင်းတာလေးက ကိုယ် Online မှာ ရှိနေသလို ပြနေမယ် .. တကယ်ကတော့ ကိုယ်က Online မှာရှိမနေပါဘူး .. ဒါပေမယ့် အဲ့ အချိန်ပို့ထားတဲ့ Chat တွေကို မှတ်ထားပေးပါတယ် ... မကောင်းတာကတော့ ရှင်းရှင်းလေးပါပဲ .. အမှတ်တမဲ့ Connection ကျသွားလို့ဖြစ်ဖြစ် Disconnect မလုပ်ဖြစ်တဲ့ အချိန် Online ဝင်နေရင် အသိတွေ သူငယ်ချင်းတွေက ကိုယ်ရှိတယ်ထင်ပီးလာပြောနေတယ် .. ကိုယ်ကပြန်မဖြေတော့ ဘာကောင်လဲ ဘာဖြစ်လို့လဲ ၁ မျိုးတော့ ဖြစ်တတ်တာပေါ့ .. အဲ့ဒါဆို IM+ Pro လေးကို စမ်းသုံးဖို့ အဆင်သင့်ဖြစ်နေပီထင်တယ် ..
လိုတယ်ဆို အောက်က IM+ Pro Icon ပုံလေးကို သာနှိပ်ပီး ရယူလိုက်ပါ ..



0 comments: