
မနေ့က တစ်နေ့လုံး ကျွန်တော်ဆော့နေတဲ့ ဂိမ်းလေးတစ်ခု အကြောင်းပြောပြချင်ပါတယ်။ စက်ဘီးနင်းတဲ့ ဂိမ်းလေးပါ။
ရုပ်ထွက်အရည်အသွေးက ရှင်းရှင်းလေးနဲ့ မိုက်တယ်။ ဆော့ရတာလည်း ကောင်းတယ်။ သူက ခလုပ်နှစ်ခုပဲ အဓိကထားဆော့ရမှာ။ ပုံမှာတွေ့တဲ့ အရှေ့ဘက်ကိုပြတဲ့ခလုပ်က စက်ဘီးကိုနင်းတာပေါ့။ ဖိထားလို့မရဘူး။ ဆတ်ဆတ်ဆတ်ဆတ် နှိပ်ရမှာ။ တကယ်နင်းသလိုပေါ့။ နောက် အပေါ်ပြတဲ့ ခလုပ်လေးက ခုန်တာ။ လမ်းမှာ ကြယ်လေးတွေ၊ ဆုဖလားတွေ တွေ့ရင် စားရမယ်။ အတားအဆီးတွေကို ရှောင်ရမယ်။ နောက်ဆုံး ပန်းတိုင်ရောက်ရင် နောက်တစ်ဆင့်တက်မယ်။ ဒီဂိမ်းလေ နာမည်က BMX Boy တဲ့။
ဒေါင်းချင်ရင် ဖိုင်ဆိုဒ်က 7MB ပဲ။ ဘာ Data File မှ ထပ်မလိုဘူး။ တန်းဆော့လို့ရတယ်။
screenshot

BMX Boy အား ရယူရန်
အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ ...
0 comments:
Post a Comment