Friday, August 3, 2012

Firmware မြှင့်မယ် ဆိုရင် ...

Firmware Upgrade လုပ်မယ်ဆိုရင် ဒါလေးတွေတော့ လုပ်ထားပါ ...

SMS – မက်ဆေ့ခ်ျတွေကို backup လုပ်ထားပါ။ "SMS Backup & Restore app” တွေကို သုံးပြီး မက်ဆေ့ခ်ျတွေကို backup လုပ်လို့ရပါတယ်။
Contacts – ဖုန်းထဲမှာပါတဲ့ Gmail Application ကို Sync လုပ်ထားလိုက်ပါ,
Images, Songs, Videos, Files – ဓာတ်ပုံတွေ သီချင်းတွေ ဗီဒီယိုဖိုင်တွေ ဖုန်းရဲ့ internal memory ထဲမှာရှိနေရင် External SD Card ထဲကို backup လုပ်ထားရပါမယ်။ (ဖုန်း internal storage မှာ အကုန်ပျက်မှာမို့ပါ)
APN and MMS Settings – “Applications > Settings > Wireless and Network > Mobile Networks > Access Point Names” ဆိုတဲ့ နေရာမှာ Setting တွေ မှတ်ထားဖို့လိုပါတယ်။ ဒါမှ Update လုပ်ပြီး Setting တွေမေ့နေတာမျိုး မဖြစ်ရအောင်ပါ။

သင့်ဖုန်းမှာ USB Debugging ကို Enable လုပ်ထားပါ “Settings > Applications > Development > USB debugging”. အမှန်ခြစ်ဖြစ်နေရမည်

firmware upgrade လုပ်ဖို့အတွက် ဘက်ထရီဟာ အနည်းဆုံး ၆၀% ရှိထားသင့်ပါတယ်။

ဒါတွေလုပ်ပြီးသွားပြီဆိုရင်တော့ သင့်ဖုန်းကို firmware မြှင့်ဖို့ အဆင်သင့်ဖြစ်ပါပြီ

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

0 comments: