Friday, July 27, 2012

Galaxy Note GT-N7000 ကို official 4.0.4 တင်နည်း


အခုပြောပြမှာကတော့ Galaxy Note GT-N7000 ကို official 4.0.4 တင်နည်းဖြစ်ပါတယ်။
firmware မတင်မှီ လိုအပ်သော data များကို back up ယူထားပါ (eg. contact,SMS, etc...)
ဖုန်း၏ battery ကို အနည်းဆုံး 80% လောက် အားပြည့်အောင်သွင်းထားပါ။
အဲဒါတွေပြီးရင်တော့ firmware update လုပ်လို့ရပါပြီ။




ပထမဆုံးဒေါင်းထားသည့် N7000DXLR2_N7000OLBLR1_XSP.zip ဖိုင်ကိုဖြေလိုက်ပါ။
အောက်မှာပြထားသည့်အတိုင်း ဖိုင် ၂ ခု ထွက်လာပါမည်။




ဒုတိယဒေါင်းထားသော odin3 v3.04 ကိုလည်း zip ဖြေလိုက်ပါ။
ထိုအခါအောက်တွင်ပြထားသောပုံအတိုင်းရလာပါမည်။


Odin3 v3.04.exe ကို run လိုက်ပါ။ ထိုအခါ ပုံတွင်ပြထားသည့်အတိုင်းပေါ်လာပါမည်။



ပထမ zip ဖြေ၍ ရထားသော ဖိုင် ၂ ခုမှ 
N7000DXLR2_N7000OLBLR1_N7000DXLR1_HOME.tar.md5 ကို odin ရဲ့ PDA မှာထည့်ပါ။ SS_DL.dll ဖိုင်ကို သုံးစရာမလိုပါ။
Re-partition ကို အမှန်မခြစ်ပါနှင့်။
ဖုန်းကို voume down+home key+ power သုံးခုတွဲနှိပ်ပြီး download mode ထဲ ၀င်ရန် volume up ကို တစ်ချက်နှိပ်ပါ။
usb ကြိုးကို computer တွင်အရင် ထိုးပါ။ ပြီးလျှင် download mode ထဲ ၀င်ထားသော ဖုန်းကို ထိုးပါ။
message box တွင် Added ဟုပေါ်လာပါက computer နှင့် ဖုန်း ချိတ်ဆက်၍ ပြီးစီးပါပြီ။
Added မပေါ်ပါက samsung usb driver or samsung kies တင်ရာတွင်တစ်ခုခု မှားယွင်းနေသောကြောင့်ဖြစ်သည်။
driver ကို သေချာစွာ ပြန်တင်ပါ။
Added ပေါ်လာပါက start ကို နှိပ်ပါ။
firmware update အောင်မြင်ပါက pass ဟုစာလုံး အစိမ်းရောင် ပေါ်လာပြီး ဖုန်း Restart ကျသွားမည်။
Restart ကျပြီး ၅ မိနစ်လောက်စောင့်ကြည့်ပါ။ power ပြန်တက်လာပါက Galaxy Note အတွက် 4.0.4 တင်၍ ပြီးစီးပြီဖြစ်သည်။

Samsung Logo မှာ ရပ်နေပါက........
ဖုန်း battery ကို ဖြုတ်ပြီး ပြန်တတ်ပါ။ volume up+home key+power ကိုနှိပ်၍ recovery mode ထဲသို့ ၀င်ပါ။
factory data reset နှင့် wipe cache လုပ်လိုက်ပါ။ ပြီးလျှင် reboot system now လုပ်လိုက်ပါ။
ဖုန်းကို ၁၅ မိနစ်လောက် ထားလိုက်ပါ။
power ပြန်တက်လာပါက Galaxy Note အတွက် 4.0.4 တင်၍ ပြီးစီးပြီဖြစ်သည်။
အားလုံး အဆင်ပြေကြပါစေ။.......

4 comments:

kaung myat kyaw said...

Hello Bro! I have rooted Galaxy Note? Can I update my rooted galaxy note like this? Plz answer to my email bro.
kaungkw356@gmail.com is my email! Thank you bro!

လရောင်မင်း said...
This comment has been removed by the author.
လရောင်မင်း said...

Official N7000DXLR2 ICS 4.0.4 ကို 15 မိနစ်လောက် IDMနဲ့  Down လိုက်ပါတယ် ခင်ဗျာ...
Software တွေ ဘေးမှာ Software Size ကို တစ်ခါတည်းဖော်ပြပေးပါလို့ တောင်းဆိုလိုက်ပါတယ်..
ကျေးဇူး အရမ်းတင်ပါတယ် ခင်ဗျာ....

jack said...

galaxy ace ကို odin နဲ့ဘယ်လိုသုံးမှာလဲ ကူညီးပါ