
ဒါလေးကတော့ SystemApp Remover ဆိုတာလေးပါ ... အသစ်ချက်ချွတ် ဖုန်းလေးဝယ်လာတယ် အရမ်းကြိုက်တယ် ဒါပေမယ့် Samsung မှာတောင် တရုတ် application လေးတွေ ပါလာတတ်တာဆိုတော့ စိတ်ကသိကအောင့်တော့ ဖြစ်မှာပေါ့ ... ဒါဆိုရင်တော့ ဒီ application လေးက အထောက်အကူပြုပါတယ် ... ကျွန်တော်လည်း တရုတ်စာတွေနဲ့ application တွေအကုန် ကျွန်တော့ဖုန်းထဲက ဖျက်ပြီးသွားပြီ ... လွယ်ပါတယ် ...
click here to download
ပြီးရင် ထုံးစံအတိုင်း ဖုန်းထဲထည့် install လုပ်ပေါ့ ... ပြီး အဲဒီ application လေးထဲဝင်ပြီး system application တွေကို ကိုယ်စိတ်ကြိုက်သာဝင်ဖျက်ပေတော့ ... အဲ ... လက်လွန်ပြီး Launcher ဆိုတဲ့ ဖိုင်လေးကိုတော့ သွားမဖျက်မိစေနဲ့နော် ... ပြီးတော့ မသိတာတွေကိုလည်း မဖျက်ပါနဲ့ ... သုံးတတ်ရင်ဆေး ... မသုံးတတ်ရင် ဘေးဖြစ်မှာစိုးလို့ပါ ...
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...
0 comments:
Post a Comment