Tuesday, September 11, 2012

APK Batch Installer Tool

ကိုယ့် PC ပေါ်က Apk လေးတွေ ကို ဖုန်းပေါ်ကို Install လုပ်မယ်ဆို ဘယ်လိုတွေများလုပ်ကြလဲ ? တချို့က Command ကနေ Install လုပ်ကြတယ် ။ တချို့ကျတော့ ဖုန်းထဲက Storage ၁ နေရာရာ ထဲကို ထည့်တယ် ။ ပီးတော့ File Explorer ၁ ခုခု ကနေ လှမ်းရှာ ပီး Install လုပ်ကြတယ် ။ Sony လို Original File Manager မပါတော့ Command ကနေ File Manager ၁ ခုခု အရင်တင်တာဖြစ်ဖြစ် ။ BlueTooth နဲ့ ပဲ ဖြစ်ဖြစ် ဖိုင်လှမ်းပို့ပီး Install လုပ်တာမျိုး လုပ်ကြမယ်ထင်ပါတယ် ။ အဲ့တော့ နည်းနည်း အလုပ်ရှုပ်တယ်လို့ မခံစားမိဘူးလား ။ ဒါကတော့ Computer ကနေတန်း ပီး Install လုပ်ပေးနိုင်တဲ့ UI ပါတဲ့ PC App လေး ၁ ခုပဲဖြစ်ပါတယ် ။


အရမ်းကို ရှင်းပါတယ် ။ App လေးကို PC ပေါ်မှာ Run လိုက်ရုံပါပဲ ။ Portable လေးဆိုလည်း မမှားပါဘူး ။ End User တွေ အတွက်ဆို APK Batch Installer Tool.exe လေးကို Run ။ ပီးရင် ပထမပုံလို ပေါ်လာမယ် အဲ့မှာ Browse ကို နှိပ် ။ ကိုယ့် Ph ထဲ Install လုပ်ချင်တဲ့ Apk ထားတဲ့ Folder လေးကို ရွေး။ Next ကိုနှိပ် ။ Folder ထဲမှာ ပါတဲ့ Apk တွေကို တွေ့ရမယ် ။ အဲ့ဒါဆို ကိုယ် Install လုပ်ချင်တဲ့ Apk လေးတွေကို အမှန်ခြစ်လေးတွေ ပေး ။ Install ကိုနှိပ်လိုက်မယ်ဆို Install လုပ်နေတာကို တဆင့်ခြင်းစီပြနေမယ် ။ Successful ဖြစ်မဖြစ်ပြမယ် ။ ပီးသွားလို့ ကိုယ့်ဖုန်းထဲကို ကြည့်လိုက်မယ်ဆိုရင် Install လုပ်ထားပီးသားဖြစ်နေတဲ့ Apk လေးတွေကို တွေ့ရပါလိမ့် ။ လိုချင်တယ်ဆိုရင် အောက်က သူ့ Icon လေးကို နှိပ်ပီး ရယူနိုင်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။

* Usb Driver သိရပါမယ်
* Developer options > USB debugging ကို အမှန်ခြစ်လေးပေးပီး ဖွင့်ပေးထားရမယ်
* Security > Unknown sources ကို အမှန်ခြစ်လေးပေးပီး ဖွင့်ထားပေးရပါမယ် 

*** အပေါ်က ထက် ပို လုပ်ဆောင်နိုင်တဲ့ Function တွေ ရှိပါသေးတယ် ။ အပေါ်က End User Level လောက်အတွက်ပဲ ရေးပေးထားတာပါ ။ ဒီ့ထက်ပိုပီး သိချင်တယ်ဆိုရင် http://forum.xda-developers.com/showthread.php?t=1531880 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ။ အားလုံး အသိပညာ ဖလှယ်ရင်း အောင်မြင်နိုင်ကြပါစေ ။

1 comments:

လရောင်မင်း said...

ကျေးဇူးပဲဗျာ.ဒီလို Software မျိုးအရင်ကတွေ့ သေးတယ်....
စမ်းကြည့်တာ Phone တိုင်းနဲ့ အဆင်မပြေဘူး......ဒီကောင်လေး
နဲ့ အဆင်ပြေပါစေလို့ ပဲဆုတောင်းရတော့မှာပေါ့......ယူလိုက်ပြီ
နော်...........