Saturday, September 8, 2012

WiFi Protector


အခုတော့ လူတော်တော်များများ သိနေကြပြီလို့ထင်ပါတယ်။ အများသုံးဝိုင်ဖိုင်ဇုန်ထဲမှာ သူများ ဖေ့ဘွတ်အကောင့်ကို ဟက်တာလေ။ နာမည်တော့ မပြောတော့ဘူး။ အဲဒီ့ application ကိုတော့ သူများ privacy ကို ဖောက်ရာရောက်မှာ စိုးလို့ မပေးတော့ပါဘူး။ လိုချင်ရင်တော့ Google မှာသာ ကိုယ့်ဟာကိုယ် ရှာပါ။
သူက Android Phone ကိုသုံးပြီး အလွယ်တစ်ကူပဲ သူများ Profile တွေရဲ့ Wall ပေါ်တက် ကြိုက်တာတင်၊ လုပ်လို့ရတယ်။ အရမ်းကြောက်ဖို့ကောင်းပါတယ်။ အဲ့ဒါကြောင့် ဝိုင်ဖိုင် free ပေးထားတဲ့ နေရာတွေမှာ အလကားရတယ်ဆိုပြီး ခပ်ပေါ့ပေါ့နဲ့ facebook တွေ ဘာမှမခံပဲ အကုန်လျောက်ဖွင့်။ ဘက်ထရီကုန်တဲ့ထိ အားရပါးရ သုံးမယ်ဆိုရင်လည်း ဒါလေးတော့ ဆောင်ထားပါ။ ကျွန်တော်ပေးတဲ့ ဒီ application လေးက
ဝိုင်ဖိုင်ဇုန်ထဲမှာ ခုနကလို facebook နဲ့ twitter account တွေကို ဟက်တဲ့ရန်ကနေ ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်။ သူ့နာမည်ကတော့ WiFi Protector ပါ။ WiFi Area မှာ သုံးမယ့်သူများ အတွက် အကောင်းဆုံး ကာကွယ်မှုကို ပေးနိုင်ပါတယ်။ လိုအပ်ချက်တစ်ခုအနေနဲ့ သင့်ဖုန်းကို အမြစ်တူးထားဖို့ လိုပါတယ်။


Normal ပဲ ... ဘာမှအတိုက်ခံရတာ မရှိသေးဘူးဆိုရင် အပြာရောင်လေး ပြပါမယ် ... အဟက်ခံရပြီဆိုရင်တော့ အနီရောင်လေးနဲ့ ပြပါမယ်။ Attacker ရဲ့ Mac Address နဲ့ IP Address ပါ ပြမှာပါ။


သုံးကြည့်ကြပါဦး။


အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...

0 comments: