Friday, September 28, 2012

Handwrite ( Google )


Mobile App တော့လည်း မဟုတ်ပါဘူး ။ မသိသေးတဲ့ သူတွေ များရှိခဲ့ရင် သိစေချင်တဲ့ ဆန္ဒလေး နဲ့ ရေးတင်ပေးလိုက်ပါတယ် ။ ဒီနေ့ ဘာရယ်မဟုတ် You Tube ထဲ ဝင်မွှေရင်း Google ဘက် ၁ ချက် လှည့်ကြည့်မိတယ် ။ ထူးထူးခြားခြား Google က Browser App လေး ၁ ခု ရှိနေတာ ကိုတွေ့လိုက်ပါတယ် ။ ဘာမှ Install လုပ်စရာမလိုပဲ Setting လေး ပြင်လိုက်ရုံနဲ့ ကိုယ့်ရဲ့ Touch Screen လေးမှာ လက်နဲ့ ရေးပီး ရှာလို့ရတာလေးပါ ။ Android လို့မသုံးပဲ Touch လို့ ရေးလိုက်ရလဲဆိုတော့ သူက OS Application မဟုတ်ပဲ Search Engine ရဲ့ Original Setting လေးကို ဖွင့်သုံးရလို့ပဲ ဖြစ်ပါတယ် ။ Android ရော IOS ရော ၂ ခုလုံးမှာ သုံးလို့ရပါတယ် ။


   
Handwrite  - Google ကတော့ Google Inside Search လို့ဆိုပါတယ် ။


အပေါ်ကတော့ သူရဲ့ Setting ဖွင့်ဖို့ အတွက် Step By Step ပြထားတာလေးပါ ။

Handwrite ကို Enable လုပ်ပီးသွားပီဆိုရင် Google Search Page အောက်ဘက်မှာ g ဆိုတာလေး အတန်းလေးပေါ်လာမယ် ။ g လေးကို နှိပ်လိုက်မယ်ဆို Screen ၁ ခုလုံးမှာ ကြိုက်တာ ရေးလို့ရပါပီ ။ ရေးထားတာကို Search Text box ထဲမှာ သွားပြပါလိမ့်မယ် ။ တအားလွယ်ကူပါတယ် ။ ( Google Account ဝင်ထားမယ်ဆိုရင်ပို အဆင်ပြေပါလိမ့်မယ် ) နည်းပညာ အသစ်လေးတွေ ကြိုက်တဲ့ သူများရှိရင် စိတ်ဝင်စားမယ်ထင်ပါတယ် ။ ရေးထားတာမှာ မှားနေတာလေးတွေရှိရင် သီးခံပေးကြပါနော်  :) //  အားလုံး ပျော်ရွှင်နိုင်ကြပါစေဗျာ ။

Original >> http://www.google.com/insidesearch/features/search/handwritinginput/index.html

0 comments: