Tuesday, September 18, 2012

Samsung Galaxy S4 2013 မှာထွက်မယ်


အားလုံး သိကြတဲ့အတိုင်း Samsung နဲ့ Apple တို့ဟာ Smart Phone လောကမှာ အပြိုင်အဆိုင် ဖြစ်နေကြတာပါ။ Samsung ရဲ့ Galaxy S II နဲ့ Galaxy Note 2 တို့ထွက်အပြီးမှာပဲ ပြီးခဲ့တဲ့ အပတ်မှာ Apple ကလည်း သူ့ရဲ့ iPhone 5 ကို လူသိရှင်ကြား ချပြခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အမေရိကန်အခြေစိုက် Smart Phone ကုမ္ပဏီနဲ့ ကိုရီးယား ကုမ္ပဏီ တို့ရဲ့ ပြိုင်ဆိုင်မှုဟာ ပိုမို မြင့်မားလာခဲ့တာပေါ့။



လက်ရှိမှာ Samsung ဟာ Apple နဲ့ Nokia ကို နောက်ကောက်ချထားနိုင်တဲ့ 1st Manufacturer ပါ။ ဈေးကွက်မှာလည်း Galaxy S, S II, S III ဆိုပြီးဆက်တိုက် ဖြန့်ချီထားပါတယ်။ သူ့ရဲ့ Galaxy S III ဆိုရင် ရက် (၁၀၀) အတွင်းမှာ ရောင်းအား သန်း (၂၀) အထိရောင်းချခဲ့ပြီး iPhone ထက် မြင့်တဲ့ စံချိန်ကို တင်ထားနိုင်ခဲ့ပါတယ်။

ပြီးတော့ နှစ်တိုင်း ကျွန်တော်တို့ Galaxy Series တစ်ခုမဟုတ် တစ်ခု မြင်ခဲ့ကြရပါတယ်။ ခုဆိုရင် Samsung Electronic Company ကြီးဟာ ပြီးခဲ့တဲ့ ရက်အပတ်က ထွက်ရှိခဲ့တဲ့ Apple ရဲ့ iPhone 5 ကို အပြတ်ဖိုက်ဖို့ Plan ချနေပါပြီ။ ဒါဟာ နောက်ထပ် ၆ လလောက် ကြာချင်လည်း ကြာမှာပါ။ ဒါပေမယ့် ၂၀၁၃ မတ်လ အတွင်းမှာ ထွက်မယ်လို့တော့ ပြောထားပါတယ်။  The world’s biggest exhibition for telecom and mobile companies ပွဲမှာ ပွဲထုတ်မယ်လို့လည်း သိရပါတယ်။ပြီးတော့ ဒီတစ်ခါမှာတော့ ရက် (၁၀၀) အတွင်း အလုံးပေါင်း သန်း (၃၀) ရောင်းချနိုင်ရန်လည်း မျှော်လင့်ထားကြောင်း သိရပါသည်။

Samsung Galaxy S4 Specifications
  • Flexible display technology or use the Super AMOLED Plus display.
  • Rounded corner concept
  • Quad core Exynos processor 
  • Better hardware configuration
* ဒီသတင်းကို မြန်မာပြည်ရှိ မိုဘိုင်း website များအနက် ပထမဦးဆုံး လွှင့်တင်သည်*

0 comments: