Friday, September 28, 2012

Google Goggles





ပုံလေး ၁ ပုံကို တွေ့လိုက်တယ် ။ မြင်ကွင်း ၁ ခု တွေ့လိုက်တယ် ။ အဲ့ဒါက ဘာလဲ ? ဘာနဲ့ တူလဲ ? သိချင်ပါလား ? လွယ်ပါတယ် Goggles ဆိုတဲ့ apk လေး သုံးလိုက်ပေါ့ ...
Goggles အတွက် ကျွန်တော် Post တင်မယ်ဆိုပီး ရှာတော့ အပေါ်က ကြေညာထားတာလေး တွေ့ပီး အလွန်ကို သဘောကျသွားတယ် ။ အရမ်းကို ထိရောက်တယ် ။ ကိုယ်မြင်လိုက်တာကို Google ကနေ သေချာ ရှာပေးနိုင်တယ် ဆိုတာ ကို ပြနေပါတယ် (ကျွန်တော့်အထင်သက်သက်ပါ)
Google ကတော့ သူ့ Search Engine မှာ ပုံနဲ့ ရှာတာကို Support ပေးထားတာ ကြာပီ ။ သုံးဖြစ်ကြလားတော့ မသိဘူး ။ မြန်မာနိုင်ငံက Data တွေ Online ပေါ်မှာ နည်းနေသေးတဲ့ အတွက် သိပ်မသုံးဖြစ် သုံးလို့ အဆင်မပြေ မတွင်ကျယ်သေးတာဖြစ်နိုင်ပါတယ် ။ ကျွန်တော်တော့ တော်တော် ကြိုက်တဲ့ App လေးပဲ ဖြစ်ပါတယ် ။ ကိုယ့်စက်ထဲမှာ သိမ်းထားတဲ့ Online ပေါ်က ဒေါင်းထားတဲ့ ပုံလေးတွေ ကို Quality ကောင်းတာဖြစ်ဖြစ် ။ ပုံလေးအကြောင့် Detail သိချင်တာဖြစ်ဖြစ် ဒီ App လေးသုံးလိုက်တယ်ဆိုအဆင်ပြေသွားပါလိမ့်မယ် ။



အပေါ်မှာ ကျွန်တော့် စမ်းပီး ရှာပြထားပါတယ် ။ KungFu Panda လေးကို ဓါတ်ပုံရိုက်လိုက်တယ် ။ ပီးတော့ Google ကနေ သူရှာပေးတယ် ။ ဘယ်ဇာတ်ကောင် ။ ဒါလေးက ဘာဆိုတာ အသေးစိတ် ရှာပေးပါလိမ့်မယ် ။ ဒါဆိုရင် နည်းနည်း သဘောပေါက်လောက်ပီထင်ပါတယ် ။

Goggles က ဒီ ၁ ခုတည်းလား အလုပ်လုပ်တာက ? မဟုတ်ပါဘူး ။ ဒီ ပုံနဲ့ ရှာတဲ့ Function ကို ကျွန်တော်သိခဲ့တာ ကြာပါပီ ။ ဒီနေ့ Share ဖြစ်တဲ့ အကြောင်းက ဂူဂယ်လင်း လုပ်ရင်းနဲ့ တခြား Function ၁ ခုပါတွေ့ပါတယ် ။

အဲ့ဒါကတော့ ဒီကောင်လေးက Visiting Card ကို ဓါတ်ပုံရိုက်လိုက်မယ် ။ ပီးရင် သူက ရိုက်လိုက်တဲ့ ပုံထဲက စာသားတွေကို Word အဖြစ်ပြောင်းပေးနိုင်တယ် ။ ဘယ်လို Word အဖြစ်လဲဆိုတော့ ကိုယ့်ရဲ့ ဖုန်းဆိုပါတော့ .. အဲ့ထဲကို Contact အနေနဲ့ တခါတည်း ချိန်းပေးနိုင်တယ် ။ ဘယ်လို ကြေညာထားလဲဆိုတော့ ၁၀ မိနစ်မှာ Visiting Card 60 ကို ကိုယ့်ရဲ့ Phone Book  ထဲကို  Contact တွေ ထည့်ပေးနိုင်တယ်ဆိုတာပါပဲ ။ တော်တော်လေး အသုံး ဝင်တဲ့ Apk လေး ၁ ခုပါ ။ အဲ .. IOS အတွက်လည်း ရှိတယ်နော် ။ လိုချင်တယ်ဆို အောက်က သူ့ Icon လေးကို နှိပ်ပီး ရယူနိုင်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။
Original Link >> http://www.google.com/mobile/goggles/#text

0 comments: