ဘယ်နေရာရောက်ရောက် အိမ်က PC ကို အချိန်မရွေး ထိန်းချုပ်နိုင်တဲ့ Application လေးပါ။
ဒီ Application လေးက တော်တော် အသုံးဝင်ပေမယ့် Hardware ပိုင်းလိုအပ်ချက်တော့ တော်တော်လေး များပါတယ်။ သူ့ကို သုံးလို့ရမယ့် OS တွေကတော့ Windows XP SP2 နဲ့အထက်, Vista, Windows 7 32 bit/64bit နဲ့ Windows 8 မှာဖြစ်ပြီး CPU ကလည်း Core 2 Duo အထက်ရှိရပါမယ်။ Mac သုံးသူများအတွက် Mac SnowLeopard and Lion, Mountain Lion တို့ အနိမ့်ဆုံးဖြစ်ရမှာဖြစ်ပြီး သင်ကိုင်ထားတဲ့ဖုန်းကလည်း Android Version 2.3 ရှိရင် သုံးလို့ရတယ်ဆိုပေမယ့် Dual-Core, Android 4.0(Ice Cream Sandwich) နဲ့အထက်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။