Sunday, October 14, 2012

Website လမ်းညွှန် (prepaidcard.com.mm)

ကျွန်တော်တို့ အခုလက်ရှိအသုံးပြုနေတဲ့ GSM/WCDMA/CDMA 800/CDMA 450 ဖုန်းတွေအတွက် အပြင်ထွက်ပြီး ဆိုင်မှာသွားဝယ်စရာမလိုဘဲ အိမ်ကနေ ဇိမ်နဲ့ online ကနေဝယ်လို့ရတယ်ဗျ။ ကျွန်တော် Website လေးတစ်ခု ရှာဖွေတွေ့ရှိတယ်ပေါ့ဗျာ။ အဲ့ဒီဆိုက်မှာ GSM/CDMA Topup Card တွေအပြင် iTune နဲ့ NetNow Prepaid Card ပါဝယ်လို့ရပါတယ်။ ပိုပြီးလည်း ဈေးသက်သာပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ MyanPay Account ရှိဖို့လိုပါတယ်။ ပြီးတော့ MyanPay Account မှာလည်း ငွေရှိပြီးသား ဖြစ်ဖို့ လိုတာပေါ့ဗျာ။

MyanPay အကြောင်းအသေးစိတ်သိချင်ရင်တော့ www.myanpay.com.mm မှာသွားကြည့်နိုင်ပါတယ်။

အခုကျွန်တော်ပြောတဲ့ Prepaid Card တွေဝယ်တဲ့ဆိုက်ကတော့ www.propaidcard.com.mm ပါ။

WWW.PREPAIDCARD.COM.MM မှာတင်ထားတဲ့ Card တွေ အသုံးပြုပုံကို ကျွန်တာ် ပြန်ကူးထားတာပါ။

How to Use iTunes Gift Cards
iPod, iPhone, iPad စသည့် iOS Device များအတွက် Apple iTunes Store မှတဆင့် Apps များ, Games များ, Songs များ, TV shows များ, Audiobooks များ စသည့်တို့အား ဝယ်ယူနိုင်သည့် ကဒ်အမျိုးအစား ဖြစ်ပါသည်။
အသုံးပြုရမည့် နည်းလမ်း
- Website မှတဆင့် ကဒ်ဝယ်ယူပြီးပါက လူကြီးမင်း၏ Email တွင် ကဒ်၏ အချက်အလက်များအား ရရှိပါလိမ့်မည်။
- ထိုအချက်အလက်များအတွင်းတွင် XX နှင့်စသော စုစုပေါင်း (၁၆) လုံးပါဝင်သည့် Code တစ်ခု ပါရှိပါလိမ့်မည်။
- ထို Code အား အသုံးပြု၍ လူကြီးမင်းအတွက် iTune Account တစ်ခု ပြုလုပ်ခြင်း၊ လူကြီးမင်း၏ iTune Card ထဲသို့ ငွေဖြည့်သွင်းခြင်းများအား ပြုလုပ်နိုင်ပါသည်။
သတိပြုရမည့် အချက်
- iTunes Gift Card သည် US Country ဖြင့် Apple ID ပြုလုပ်ထားသော User များအတွက်သာ အသုံးပြုနိုင်ပါသည်။
- လူကြီးမင်းအနေဖြင့် Apple ID မရှိသေးပါက US Country ဖြင့် Account ပြုလုပ်ရန် လိုအပ်ပါသည်။
- လူကြီးမင်းအနေဖြင့် Apple ID - Account ရှိပြီး လူကြီးမင်း၏ Account မှာ US Country ဖြင့် ပြုလုပ်ထားခြင်း မရှိပါက Account ပြန်လည် ပြုလုပ်ရန် လိုအပ်ပါသည်။
- Apple ID အား အခမဲ့ ပြုလုပ်နိုင်ပါသည်။ HowToOpenUSiTunes
Download Create AppleID with iTunes GiftCard.pdf
- မြန်မာနိုင်ငံမှ Apple ID - Account ပြုလုပ်သူများအနေဖြင့် Proxy Software များ (Example : Your Freedom Software) အသုံးပြု၍ US IP Address ဖြင့် ပြုလုပ်ရပါမည်။
- လုပ်ဆောင်ရမည့် နည်းလမ်းများအား ဤနေရာတွင် Click နှိပ်၍ လေ့လာကြည့်ရှုနိုင်ပါသည်။
How to Use GSM/WCDMA Prepaid Cards
အသုံးပြုရမည့် နည်းလမ်း
- Website မှတဆင့် ကဒ်ဝယ်ယူပြီးပါက လူကြီးမင်း၏ Email တွင် ကဒ်၏ အချက်အလက်များအား ရရှိပါလိမ့်မည်။
- ထိုအချက်အလက်များအတွင်းတွင် ကိန်းဂဏန်း (၁၈) လုံးပါသော Pin Code တစ်ခု ပါရှိပါလိမ့်မည်။
- ထို Pin Code အား အသုံးပြု၍ လူကြီးမင်း၏ Mobile ဖုန်းတွင် ငွေဖြည့်သွင်းနိုင်ပါသည်။
၁။ ငွေဖြည့်သွင်းရန် (To Recharge)
- လူကြီးမင်း၏ ဖုန်းတွင် 123 (call) ကို နှိပ်၍ စက်မှပြောကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်ပါ။
(သို့မဟုတ်)
- လူကြီးမင်း၏ ဖုန်းတွင် *123*pin_code# (call) ကို နှိပ်ပါ။
၂။ ငွေလက်ကျန် စစ်ဆေးရန် (To Check Balance)
- လူကြီးမင်း၏ ဖုန်းတွင် *124# ကို နှိပ်ပါ။
How to Use CDMA 800 MHz Prepaid Cards
အသုံးပြုရမည့် နည်းလမ်း
- Website မှတဆင့် ကဒ်ဝယ်ယူပြီးပါက လူကြီးမင်း၏ Email တွင် ကဒ်၏ အချက်အလက်များအား ရရှိပါလိမ့်မည်။
- ထိုအချက်အလက်များအတွင်းတွင် ကိန်းဂဏန်း (၁၆) လုံးပါသော Pin Code တစ်ခု ပါရှိပါလိမ့်မည်။
- ထို Pin Code အား အသုံးပြု၍ လူကြီးမင်း၏ Mobile ဖုန်းတွင် ငွေဖြည့်သွင်းနိုင်ပါသည်။
၁။ ငွေဖြည့်သွင်းရန် (To Recharge)
- လူကြီးမင်း၏ ဖုန်းတွင် *166*pin_code# (call) ကို နှိပ်ပါ။
၂။ ငွေလက်ကျန်စာရင်းအား ဖြေကြားချက်ဖြင့် စုံစမ်းရန် (To query the balance by voice prompt)
- လူကြီးမင်း၏ ဖုန်းတွင် *161 (call) ကို နှိပ်ပါ။
၃။ ငွေလက်ကျန်စာရင်းအား SMS ဖြင့် စုံစမ်းရန် (To query the balance by SMS)
- လူကြီးမင်း၏ ဖုန်းတွင် *162 (call) ကို နှိပ်ပါ။
၎။ Main Menu မှ ဆောင်ရွက်ရန် (To enter Main Menu)
- လူကြီးမင်း၏ ဖုန်းတွင် 166 (call) ကို နှိပ်၍ ပြောကြားချက်အတိုင်း ဆောင်ရွက်ပါ။
How to Use CDMA 450 MHz Prepaid Cards

How to Use netNow WiFi Access Kit
NetNow Prepaid WiFi Card သည် သတ်မှတ်ထားသော netNow WiFi Hotspot zone များတွင် WiFi ပါရှိသော Electronic ပစ္စည်း (Wifi Enable Device, Laptop, Mobile Phone, Netbook, PDA) များဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်ရန်အတွက် စီစဉ်ထားသော ကြိုတင်ငွေပေးကဒ် (Prepaid Card) အမျိုးအစား ဖြစ်ပါသည်။
netNow WiFi Service အသုံးပြုနိုင်သောနေရာများ
  • ကရ၀ိတ်ဥယျာဉ်ကမ္ဘာ
  • စိမ်းလန်းစိုပြေအပန်းဖြေဥယျာဉ်
  • City Mart (မြေနီကုန်း)
  • Ocean Super Center (East Point)
  • Ocean Super Center (North Point)
  • Mya Yeik Nyo Royal Hotel (Sport Bar)
  • ရွှေပလ္လင် နှင့် Scarlet (ဟံသာဝတီ ကားပွဲစားတန်း)
  • Technoland (အင်းယားလမ်း)
  • Cafè Jasper
  • Cafè Aroma (နေပြည်တော်ရုပ်ရှင်ရုံ)
  • 365 Cafè
  • Orange Super Market (တာမွေ)
  • Dagon Center
  • စံတော်ဝင် စားသောက်ဆိုင် (ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့)
အသုံးပြုရမည့် နည်းလမ်း
- Website မှတဆင့် ကဒ်ဝယ်ယူပြီးပါက လူကြီးမင်း၏ Email တွင် ကဒ်၏ အချက်အလက်များအား ရရှိပါလိမ့်မည်။
- ထိုအချက်အလက်များအတွင်းတွင် ကိန်းဂဏန်း (၁၂) လုံးပါသော Secure Code တစ်ခု ပါရှိပါလိမ့်မည်။
- ထို Secure Code အား အသုံးပြု၍ လူကြီးမင်း၏ Electronic ပစ္စည်း (Wifi Enable Device, Laptop, Mobile Phone, Netbook, PDA) များဖြင့် Internet ချိတ်ဆက် အသုံးပြုနိုင်ပါသည်။
(သတိပြုရမည့် အချက် ။ ။ Log-in ဝင်ပြီးချိန်မှစ၍ တစ်လအတွင်းသာ အသုံးပြုနိုင်ပါသည်။)
Download netNow User Manual.pdf

0 comments: