Thursday, October 11, 2012

Remote Desktop Client

Remote Desktop ဆိုကတည်းက Computer ၁ လုံးကို တခြား Computer ၁ လုံးက လှမ်းသုံးတာမှန်း သိကြပီးဖြစ်ပါတယ် ။ Remote လှမ်းယူတာကလည်း Same Network ထဲက ကွန်ပျူတာကို လှမ်းယူသုံးတာပါ ။ Internet ကနေသွားတာ မဟုတ်တဲ့အတွက် လေးလည်းမလေး ဘူးပေါ့ ။ ကိုယ့် Computer ကို Same Network ထဲကလှမ်းသုံးဖို့အတွက်ပါပဲ ။ Computer တွေမှာတော့ Remote Desktop ဆိုတာ Original ပါပီးသား Software ပါပဲ ။ ဖုန်းမှာကျတော့ Remote Desktop Client ဆိုတာလေး က တော်တော်အဆင်ပြေပါတယ် ။
  
သုံးရတာ အရမ်းလွယ်ပါတယ် ။ Computer မှာ Remote လှမ်းသုံးတာထက်တောင်လွယ်ပါတယ် ။ ကိုယ်လှမ်းသုံးချင်တဲ့ Computer မှာတော့ Remote Desktop သွားဖွင့်ပေးထားဖို့လိုပါတယ် ။ ဒါကတော့ အရေးအကြီးဆုံးပါ ။ ပီးရင် ကိုယ့်ဖုန်းမှာ Remote Desktop Client ဆိုတာလေး သွင်းပီးရင် Runလိုက်ပါ ။
Address နေရာမှာ ကိုယ်သုံးချင်တဲ့ PC မှာကျနေတဲ့ IP ထည့်ရပါမယ်။ ပီးရင်ကိုယ်သုံးချင်တဲ့ PC ရဲ့ User Name ရယ် Password ရယ်ဖြည့်လိုက်ပါ ။ ပီးရင် Save လုပ်လိုက်ပီး Connect လုပ်လိုက်တာနဲ့ အရှေ့က အဆင့်တွေမှန်ရင် ရှောရှာ ရှုရှု ဝင်ရောက်သွားပါလိမ့်မယ် ။ တခါသုံးပီးရင် ကိုယ်သုံးချင်ထားတဲ့ PC အချက်လက်တွေ ကိုမှတ်ထားတာကြောင့် နောက် ၁ ခါ ထပ်ဖြည့်စရာမလိုတော့ပါဘူး ။ ကိုယ့်စက်ကလေးကို Same Network ထဲမှာ လွယ်လွယ်ကူကူ Remote လုပ်နိုင်တဲ့ App လေး ၁ ခုပဲ ဖြစ်ပါတယ် ။ အောက်က သူ့ Icon လေးကို နှိပ်ပီး ရယူနိုင်ပါတယ် ။ ကျွန်တော်တို့ အခြေအနေအရ Pirate သဘောမျိုး သုံးလို့ရအောင် Crack တွေကို တင်ပေးနေတယ်ဆိုတာလည်း နားလည်မယ်ထင်ပါတယ် ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘယ်သူမဆို ကိုယ်ပိုင်ဝယ်သုံးချင်ကြတာကြီးပါပဲ ။ အားလုံးအဆင်ပြေကြပါစေ ။
(* Same Network တင်မဟုတ်ပါဘူး IP သေချာသိတယ်ဆို လှမ်းသုံးလို့ရပါတယ် ။ ဒါပေမယ့် အများအားဖြင့် Same Network မှာ ပိုပီး သုံးဖြစ် သုံးလွယ် အသုံးဝင်ပါတယ်)

0 comments: