Wednesday, October 10, 2012

မြန်မာ့ဆက်သွယ်ရေးမှ မိဘပြည်သူများသို့ အသိပေး ပန်ကြားချက်




၁။ Postpaid စနစ်ဆက်လက်သုံးစွဲရန် လိုသည့် GSM ဖုန်းများ၏ ခေါ်ဆိုခ ငွေများအား ဘဏ်များမှတဆင့်
ပေးချေရန် အစီအစဉ်၊

၁။ ရန်ကုန်မြို့ နှင့် မန္တလေးမြို့ များရှိ GSM Postpaid စနစ် ဆက်လက် သုံးစွဲသည့် ပြည်သူများသည် ခေါ်ဆိုခ
ငွေများအား သုံးစွဲကာလ သြဂုတ်လ ၂၀၁၂ဘီလ် (ငွေတောင်းခံကာလ အောက်တိုဘာလ ၂၀၁၂) အထိ မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်း၊လက်ရှိ ငွေလက်ခံ ကောင်တာများတွင် ပေးသွင်းရန်ဖြစ်ပြီး၊ သုံးစွဲကာလ စက်တင်ဘာလ
၂၀၁၂ဘီလ် (ငွေတောင်းခံကာလ နိုဝင်ဘာလ ၂၀၁၂) မှစ၍ သုံးစွဲသူ ပြည်သူများ၏ ဆန္ဒအရ အောက်ပါ
ဘဏ်များမှ တဆင့် အခွန်ငွေများအား ပေးသွင်းရန်ဖြစ်ပါသည်။

၁။ မြန်မာ့စီးပွားရေးဘဏ် (Myanma Economic Bank)
၂။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD Bank)
၃။ သမဝါယမဘဏ် (CB Bank)
၎။ မြန်မာအရှေ့ တိုင်းဘဏ် (MOB Bank)
၅။ ယူနိုက်တက် အမရာဘဏ် (UAB Bank)

 ၂။ သြဂုတ်လ ၂၀၁၂ သုံးစွဲကာလအထိ စာရင်းရှင်းလင်းပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ ငွေလက်ကျန်
(ပိုငွေ) ရှိပါကသုံးစွဲသူ မိဘပြည်သူများမှ အောက်ပါနည်းလမ်းများအတိုင်း ဆန္ဒပြု ရွေးချယ်နိုင်ပါသည်။
 
(က) ကြိုတင်ငွေလက်ကျန် (ပိုငွေ)(ကျပ်) အား သုံးစွဲသူများမှ ရွေးချယ်ထားသည့် ဘဏ်များနှင့် ညှိနှိုင်း၍ ၎င်း
ဘဏ်သို့လက်ကျန်ငွေလွှဲပြောင်းပေးရန်။

(ခ) ကြိုတင်ငွေလက်ကျန် (ပိုငွေ)(ကျပ်/FEC) အား ကြိုတင်ငွေစနစ် ထားရှိသည့် အော်တိုဖုန်းနှင့် အခြား မိုဘိုင်း
ဖုန်းများ(GSM/ WCDMA မှအပ) သို့ဆက်လက်လွှဲပြောင်းပေးရန်။

(ဂ) ကြိုတင်ငွေလက်ကျန် (ပိုငွေ) ကျပ် ၁၀၀,၀၀၀/- နှင့် အထက် ကျန်ရှိသူများသည် အမှတ်စဉ်(က) နှင့် (ခ)အား
ဆောင်ရွက်လိုခြင်းမရှိပါက ချက်(Cheque) ဖြင့် ပြန်လည်ထုတ်ပေးရန်။

မှတ်ချက်
- Postpaid စနစ် သုံးစွဲသူ ပြည်သူများသည် မိမိရွေးချယ်သည့် ဆန္ဒပြုချက်အား (၃၁-၁၀-၂၀၁၂) နေ့နောက်ဆုံး
ထား၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာနသို့ ဖုန်းပိုင်ဆိုင်မှု အထောက်အထားများ ပူးတွဲ၍ ဆန္ဒပြုလွှာ
များ ပေးပို့ရန်ဖြစ်ပါသည်။

- ရန်ကုန်မြို့ နှင့် မန္တလေးမြို့ များမှ အပ ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ Postpaid စနစ် သုံးစွဲသူ ပြည်သူများ
သည် တယ်လီဖုန်း ခေါ်ဆိုခငွေများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လက်ရှိငွေလက်ခံ ကောင်တာများတွင်သာ
ဆက်လက်ပေးသွင်းနိုင်ပါသည်။

၂။ Prepaid စနစ် ပြောင်းလဲသုံးစွဲသည့် GSM ဖုန်းများတွင် ကြိုတင်ငွေလက်ကျန် (ပိုငွေ) ရှိပါက စာရင်း
ရှင်းလင်းသည့် အစီအစဉ်၊

    ၁။ GSM ဖုန်းများ၏ ခေါ်ဆိုခငွေများအား Prepaid စနစ်သို့ ပြောင်းလဲအသုံးပြုသည့် မိဘပြည်သူများ အားလုံးသည်
ယခင် Postpaid စနစ် အသုံးပြုခဲ့သည့် ကာလများအတွက် ခေါ်ဆိုခငွေများ ပေးချေရန် ကျန်ရှိပါက လက်ရှိ
စနစ်အတိုင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ပေးသွင်းနိုင်ပါသည်။

    ၂။ Postpaid စနစ်တွင် ကြိုတင်ငွေထည့်သွင်းထားပါက အသုံးပြုခဲ့သည့် ကာလများအတွက် တယ်လီဖုန်းခေါ်ဆိုခ
ငွေများ အား ခုနှိမ်စာရင်းရှင်းလင်းပြီးနောက် ငွေလက်ကျန် (ပိုငွေ) ရှိပါက သုံးစွဲသူ မိဘပြည်သူများမှ အောက်ပါ
နည်းလမ်းများ အတိုင်း ဆန္ဒပြု ရွေးချယ်နိုင်ပါသည်။

(က) ကြိုတင်ငွေလက်ကျန် (ပိုငွေ) (ကျပ်/FEC)အား Prepaid စနစ်သို့ ဆက်လက်ဖြည့်တင်းပေးရန်။

(ခ) ကြိုတင်ငွေလက်ကျန် (ပိုငွေ) (ကျပ်/FEC)အား ကြိုတင်ငွေစနစ် ထားရှိသည့် အော်တိုဖုန်းနှင့်
အခြားမိုဘိုင်းဖုန်းများ (GSM/WCDMA မှအပ) သို့ ဆက်လက်လွှဲပြောင်းပေးရန်။

(ဂ) ကြိုတင်ငွေလက်ကျန် (ပိုငွေ) ကျပ် ၁၀၀,၀၀၀/- နှင့် အထက် ကျန်ရှိသူများသည် အမှတ်စဉ် (က) နှင့် (ခ) အား
ဆောင်ရွက်လိုခြင်း မရှိပါက ချက်(Cheque) ဖြင့် ပြန်လည်ထုတ်ပေးရန်။

မှတ်ချက်
- Prepaid စနစ် သုံးစွဲသူ မိဘပြည်သူများသည် မိမိရွေးချယ်သည့် ဆန္ဒပြုချက်အား အောက်ဖော်ပြပါ
သတ်မှတ်ရက်များ အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနသို့ ဖုန်း ပိုင်ဆိုင်မှု အထောက်
အထားများ ပူးတွဲ၍ ဆန္ဒပြုလွှာများ ပေးပို့ရန် ဖြစ်ပါသည်။

နောက်ဆုံးသတ်မှတ်ရက်
၁။ (၁-၅-၂၀၁၂ မှ ၃၀-၆-၂၀၁၂) အတွင်း Prepaid စနစ်ပြောင်းသူများ (၃၁-၈-၂၀၁၂)
၂။ (၁-၇-၂၀၁၂ မှ ၃၁-၇-၂၀၁၂) အတွင်း Prepaid စနစ်ပြောင်းသူများ (၃၀-၉-၂၀၁၂)
၃။ (၁-၈-၂၀၁၂) နောက်ပိုင်း Prepaid စနစ်ပြောင်းသူများ (၃၁-၁၀-၂၀၁၂)

Postpaid ဆက်လက်သုံးစွဲလိုသော မိဘပြည်သူများ နှင့် Prepaid စနစ် ပြောင်းလဲသုံးစွဲသည့် မိဘပြည်သူများ
အနေဖြင့် မရှင်းလင်းသည့် ကိစ္စများကို သိရှိလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အမှတ် (၄၆၅-၄၆၉)၊
မဟာဗန္ဓုလလမ်း၊ ငွေစာရင်းဌာနရှိ အောက်ပါဖုန်း ၂လုံးသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၀၁ ၃၇၈၂၇၇
၀၁ ၂၅၁၈၂၂

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။

0 comments: