Tuesday, October 16, 2012

Awesome Miniature Pro

ကျွန်တော်ကတော့ မသုံးရသေးခင်ကတည်းက ပြလိုက်တဲ့ ပုံကိုကြည့်ပီး တော်တော်လေး သဘောကျသွားတယ် ။ ဓါတ်ပုံ သမားတွေ ကြိုက်မယ်ထင်တယ် ။ ကျွန်တော်တော့ သဘောကျတယ် ။ Focus ကစားရင် ဖြစ်တဲ့ အကြည်အဝါးတွေ ကို သဘောကျတဲ့သူတွေအတွက် အဆင်ပြေမယ်ထင်ပါတယ် ။ ကျွန်တော်ကတော့ အဲ့လို ကိုယ်လိုချင်တဲ့နေရာကို Focus ကစားရပီး ထွက်လာတဲ့ ပုံမျိုးဆိုသဘောကျတယ် ။ ဒီကောင်လေးကတော့ ရိုက်ပီးမှ အဲ့လိုဖြစ်အောင်ပြန်လုပ်လို့ရတဲ့ Apk လေးပဲဖြစ်ပါတယ် ။



ဒီ apk လေးမှာ Function တော်တော်များများလေးလဲပါပါတယ် ။ ကျွန်တော်ကြိုက်တာကတော့ အပေါ်မှာ ပြောထားပီးသားဖြစ်တဲ့ Focus ချိန်တဲ့သဘောလေး ဖြစ်အောင်လုပ်ရတာပါပဲ ။ အဲ့လိုလုပ်တဲ့ အတွက် ဘာဖြစ်လဲဆိုတော့ပုံ ၁ ပုံမှာ ကိုယ်ပြချင်တဲ့နေရာကို သူတပါးကို ပိုသိ ပိုထိရောက်တာပဲဖြစ်ပါတယ် ။ ပီးပီးတော့ လည်း အသက်ဝင်လာသလိုခံစားရပါတယ် ။ လိုချင်တယ်ဆိုရင်တော့ သူ့ရဲ့ Icon လေးကို နှိပ်ပီး ရယူနိုင်ပါတယ် ။