Friday, October 5, 2012

Mingalar Cinema APK


မြန်မာနိုင်ငံ ရုပ်ရှင်ချစ် ပရိတ်သတ်များအတွက် Mingalar Cinemas Company Limited နှင့် Bagan Innovation Technology (BIT) တို့မှ မင်္ဂလာရုပ်ရှင်ရုံများတွင် ပြသလျက်ရှိသော ရုပ်ရှင်ကားများကို အလွယ်တကူ သိရှိနိုင်ရန် Mingalar Cinemas Mobile Application ကို ထုတ်လုပ်ခဲ့ပြီ ဖြစ်ပါသည်။
Android Phone များအတွက် Mingalar Cinemas Mobile Application ကို အသုံးပြုနိုင်ပါသည်။
Mingalar Cinemas Application ကို အသုံးပြုခြင်းအားဖြင့်


  • မင်္ဂလာ ရုပ်ရှင်ရုံတည်နေရာများကို မြေပုံနှင့်တကွ ကြည့်ရှုနိုင်ခြင်း
  • လက်ရှိ ပြသနေသည့် ရုပ်ရှင်ဇာတ်ကားများ၊ ထပ်မံပြသသွားမည့် ရုပ်ရှင်ဇာတ်ကားများကို သိရှိနိုင်ခြင်း
  • ရုပ်ရှင်ရုံများ၏ တယ်လီဖုန်းနံပါတ်များ ပါရှိခြင်းကြောင့် Booking ပြုလုပ်ရန် အဆင်ပြေလွယ်ကူခြင်း
  • အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖတ်ရှုနိုင်ခြင်း
  • ရုပ်ရှင်ဇာတ်ကားများ၏ Trailer များကို ကြည့်ရှုနိုင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါသည်။


Mingalar Cinemas Application စတင် ထုတ်လုပ်ခြင်း အထိမ်းအမှတ်အဖြစ် မင်္ဂလာရုပ်ရှင်ရုံများ၏ လက်မှတ်များကို အပတ်စဉ် မဲဖောက်ပေးသွားမည် ဖြစ်ပါသည်။

www.facebook.com/BaganInnovationTechnology နှင့် www.facebook.com/mingalarcinemas တို့တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။



Credit to: BIT  (http://www.bitmyanmar.com.mm)

>> Download Mingalr Cinema APK << (2.1 MB)

0 comments: