အကိုတစ်ယောက်တောင်းထားလို့ပါ။ Music Hub apk ကို ကျွန်တော့ဖုန်းမှာ install လုပ်လို့တော့ အဆင်မပြေဘူး။ phase error ဖြစ်ဖြစ်နေတယ်။ Android Authority မှာတော့ Galaxy S3 မှာပဲသုံးလို့ ရတယ်လို့ပြောထားပါတယ်။ ဘာပဲဖြစ်ဖြစ် apk ဖိုင်လေးတော့ တင်ပေးလိုက်ပါတယ်။

| How to Use iTunes Gift Cards | |
![]() | |
| iPod, iPhone, iPad စသည့် iOS Device များအတွက် Apple iTunes Store မှတဆင့် Apps များ, Games များ, Songs များ, TV shows များ, Audiobooks များ စသည့်တို့အား ဝယ်ယူနိုင်သည့် ကဒ်အမျိုးအစား ဖြစ်ပါသည်။ | |
| အသုံးပြုရမည့် နည်းလမ်း
- Website မှတဆင့် ကဒ်ဝယ်ယူပြီးပါက လူကြီးမင်း၏ Email တွင် ကဒ်၏ အချက်အလက်များအား ရရှိပါလိမ့်မည်။
သတိပြုရမည့် အချက်- ထိုအချက်အလက်များအတွင်းတွင် XX နှင့်စသော စုစုပေါင်း (၁၆) လုံးပါဝင်သည့် Code တစ်ခု ပါရှိပါလိမ့်မည်။ - ထို Code အား အသုံးပြု၍ လူကြီးမင်းအတွက် iTune Account တစ်ခု ပြုလုပ်ခြင်း၊ လူကြီးမင်း၏ iTune Card ထဲသို့ ငွေဖြည့်သွင်းခြင်းများအား ပြုလုပ်နိုင်ပါသည်။
- iTunes Gift Card သည် US Country ဖြင့် Apple ID ပြုလုပ်ထားသော User များအတွက်သာ အသုံးပြုနိုင်ပါသည်။
- လူကြီးမင်းအနေဖြင့် Apple ID မရှိသေးပါက US Country ဖြင့် Account ပြုလုပ်ရန် လိုအပ်ပါသည်။ - လူကြီးမင်းအနေဖြင့် Apple ID - Account ရှိပြီး လူကြီးမင်း၏ Account မှာ US Country ဖြင့် ပြုလုပ်ထားခြင်း မရှိပါက Account ပြန်လည် ပြုလုပ်ရန် လိုအပ်ပါသည်။ - Apple ID အား အခမဲ့ ပြုလုပ်နိုင်ပါသည်။ HowToOpenUSiTunes Download Create AppleID with iTunes GiftCard.pdf - မြန်မာနိုင်ငံမှ Apple ID - Account ပြုလုပ်သူများအနေဖြင့် Proxy Software များ (Example : Your Freedom Software) အသုံးပြု၍ US IP Address ဖြင့် ပြုလုပ်ရပါမည်။ - လုပ်ဆောင်ရမည့် နည်းလမ်းများအား ဤနေရာတွင် Click နှိပ်၍ လေ့လာကြည့်ရှုနိုင်ပါသည်။ |
| How to Use GSM/WCDMA Prepaid Cards | |
![]() | |
| အသုံးပြုရမည့် နည်းလမ်း
- Website မှတဆင့် ကဒ်ဝယ်ယူပြီးပါက လူကြီးမင်း၏ Email တွင် ကဒ်၏ အချက်အလက်များအား ရရှိပါလိမ့်မည်။
၁။ ငွေဖြည့်သွင်းရန် (To Recharge)- ထိုအချက်အလက်များအတွင်းတွင် ကိန်းဂဏန်း (၁၈) လုံးပါသော Pin Code တစ်ခု ပါရှိပါလိမ့်မည်။ - ထို Pin Code အား အသုံးပြု၍ လူကြီးမင်း၏ Mobile ဖုန်းတွင် ငွေဖြည့်သွင်းနိုင်ပါသည်။
- လူကြီးမင်း၏ ဖုန်းတွင် 123 (call) ကို နှိပ်၍ စက်မှပြောကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်ပါ။
၂။ ငွေလက်ကျန် စစ်ဆေးရန် (To Check Balance)(သို့မဟုတ်) - လူကြီးမင်း၏ ဖုန်းတွင် *123*pin_code# (call) ကို နှိပ်ပါ။
- လူကြီးမင်း၏ ဖုန်းတွင် *124# ကို နှိပ်ပါ။
|
| How to Use CDMA 800 MHz Prepaid Cards | |
![]() | |
| အသုံးပြုရမည့် နည်းလမ်း
- Website မှတဆင့် ကဒ်ဝယ်ယူပြီးပါက လူကြီးမင်း၏ Email တွင် ကဒ်၏ အချက်အလက်များအား ရရှိပါလိမ့်မည်။
၁။ ငွေဖြည့်သွင်းရန် (To Recharge)- ထိုအချက်အလက်များအတွင်းတွင် ကိန်းဂဏန်း (၁၆) လုံးပါသော Pin Code တစ်ခု ပါရှိပါလိမ့်မည်။ - ထို Pin Code အား အသုံးပြု၍ လူကြီးမင်း၏ Mobile ဖုန်းတွင် ငွေဖြည့်သွင်းနိုင်ပါသည်။
- လူကြီးမင်း၏ ဖုန်းတွင် *166*pin_code# (call) ကို နှိပ်ပါ။
၂။ ငွေလက်ကျန်စာရင်းအား ဖြေကြားချက်ဖြင့် စုံစမ်းရန် (To query the balance by voice prompt)
- လူကြီးမင်း၏ ဖုန်းတွင် *161 (call) ကို နှိပ်ပါ။
၃။ ငွေလက်ကျန်စာရင်းအား SMS ဖြင့် စုံစမ်းရန် (To query the balance by SMS)
- လူကြီးမင်း၏ ဖုန်းတွင် *162 (call) ကို နှိပ်ပါ။
၎။ Main Menu မှ ဆောင်ရွက်ရန် (To enter Main Menu)
- လူကြီးမင်း၏ ဖုန်းတွင် 166 (call) ကို နှိပ်၍ ပြောကြားချက်အတိုင်း ဆောင်ရွက်ပါ။
|
| How to Use CDMA 450 MHz Prepaid Cards | |

| |
| How to Use netNow WiFi Access Kit | |
![]() | |
| NetNow Prepaid WiFi Card သည် သတ်မှတ်ထားသော netNow WiFi Hotspot zone များတွင် WiFi ပါရှိသော Electronic ပစ္စည်း (Wifi Enable Device, Laptop, Mobile Phone, Netbook, PDA) များဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်ရန်အတွက် စီစဉ်ထားသော ကြိုတင်ငွေပေးကဒ် (Prepaid Card) အမျိုးအစား ဖြစ်ပါသည်။ | |
netNow WiFi Service အသုံးပြုနိုင်သောနေရာများ
- Website မှတဆင့် ကဒ်ဝယ်ယူပြီးပါက လူကြီးမင်း၏ Email တွင် ကဒ်၏ အချက်အလက်များအား ရရှိပါလိမ့်မည်။
- ထိုအချက်အလက်များအတွင်းတွင် ကိန်းဂဏန်း (၁၂) လုံးပါသော Secure Code တစ်ခု ပါရှိပါလိမ့်မည်။ - ထို Secure Code အား အသုံးပြု၍ လူကြီးမင်း၏ Electronic ပစ္စည်း (Wifi Enable Device, Laptop, Mobile Phone, Netbook, PDA) များဖြင့် Internet ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ (သတိပြုရမည့် အချက် ။ ။ Log-in ဝင်ပြီးချိန်မှစ၍ တစ်လအတွင်းသာ အသုံးပြုနိုင်ပါသည်။) Download netNow User Manual.pdf |

၁။ ရန်ကုန်မြို့ နှင့် မန္တလေးမြို့ များရှိ GSM Postpaid စနစ် ဆက်လက် သုံးစွဲသည့် ပြည်သူများသည် ခေါ်ဆိုခ
ငွေများအား သုံးစွဲကာလ သြဂုတ်လ ၂၀၁၂ဘီလ် (ငွေတောင်းခံကာလ အောက်တိုဘာလ ၂၀၁၂) အထိ မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်း၊လက်ရှိ ငွေလက်ခံ ကောင်တာများတွင် ပေးသွင်းရန်ဖြစ်ပြီး၊ သုံးစွဲကာလ စက်တင်ဘာလ
၂၀၁၂ဘီလ် (ငွေတောင်းခံကာလ နိုဝင်ဘာလ ၂၀၁၂) မှစ၍ သုံးစွဲသူ ပြည်သူများ၏ ဆန္ဒအရ အောက်ပါ
ဘဏ်များမှ တဆင့် အခွန်ငွေများအား ပေးသွင်းရန်ဖြစ်ပါသည်။
၂။ သြဂုတ်လ ၂၀၁၂ သုံးစွဲကာလအထိ စာရင်းရှင်းလင်းပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ ငွေလက်ကျန်
(ပိုငွေ) ရှိပါကသုံးစွဲသူ မိဘပြည်သူများမှ အောက်ပါနည်းလမ်းများအတိုင်း ဆန္ဒပြု ရွေးချယ်နိုင်ပါသည်။
(က) ကြိုတင်ငွေလက်ကျန် (ပိုငွေ)(ကျပ်) အား သုံးစွဲသူများမှ ရွေးချယ်ထားသည့် ဘဏ်များနှင့် ညှိနှိုင်း၍ ၎င်းဘဏ်သို့လက်ကျန်ငွေလွှဲပြောင်းပေးရန်။
(ခ) ကြိုတင်ငွေလက်ကျန် (ပိုငွေ)(ကျပ်/FEC) အား ကြိုတင်ငွေစနစ် ထားရှိသည့် အော်တိုဖုန်းနှင့် အခြား မိုဘိုင်း
ဖုန်းများ(GSM/ WCDMA မှအပ) သို့ဆက်လက်လွှဲပြောင်းပေးရန်။
(ဂ) ကြိုတင်ငွေလက်ကျန် (ပိုငွေ) ကျပ် ၁၀၀,၀၀၀/- နှင့် အထက် ကျန်ရှိသူများသည် အမှတ်စဉ်(က) နှင့် (ခ)အား
ဆောင်ရွက်လိုခြင်းမရှိပါက ချက်(Cheque) ဖြင့် ပြန်လည်ထုတ်ပေးရန်။
၁။ GSM ဖုန်းများ၏ ခေါ်ဆိုခငွေများအား Prepaid စနစ်သို့ ပြောင်းလဲအသုံးပြုသည့် မိဘပြည်သူများ အားလုံးသည်
ယခင် Postpaid စနစ် အသုံးပြုခဲ့သည့် ကာလများအတွက် ခေါ်ဆိုခငွေများ ပေးချေရန် ကျန်ရှိပါက လက်ရှိ
စနစ်အတိုင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ပေးသွင်းနိုင်ပါသည်။
၂။ Postpaid စနစ်တွင် ကြိုတင်ငွေထည့်သွင်းထားပါက အသုံးပြုခဲ့သည့် ကာလများအတွက် တယ်လီဖုန်းခေါ်ဆိုခ
ငွေများ အား ခုနှိမ်စာရင်းရှင်းလင်းပြီးနောက် ငွေလက်ကျန် (ပိုငွေ) ရှိပါက သုံးစွဲသူ မိဘပြည်သူများမှ အောက်ပါ
နည်းလမ်းများ အတိုင်း ဆန္ဒပြု ရွေးချယ်နိုင်ပါသည်။
(က) ကြိုတင်ငွေလက်ကျန် (ပိုငွေ) (ကျပ်/FEC)အား Prepaid စနစ်သို့ ဆက်လက်ဖြည့်တင်းပေးရန်။
(ခ) ကြိုတင်ငွေလက်ကျန် (ပိုငွေ) (ကျပ်/FEC)အား ကြိုတင်ငွေစနစ် ထားရှိသည့် အော်တိုဖုန်းနှင့်
အခြားမိုဘိုင်းဖုန်းများ (GSM/WCDMA မှအပ) သို့ ဆက်လက်လွှဲပြောင်းပေးရန်။
(ဂ) ကြိုတင်ငွေလက်ကျန် (ပိုငွေ) ကျပ် ၁၀၀,၀၀၀/- နှင့် အထက် ကျန်ရှိသူများသည် အမှတ်စဉ် (က) နှင့် (ခ) အား
ဆောင်ရွက်လိုခြင်း မရှိပါက ချက်(Cheque) ဖြင့် ပြန်လည်ထုတ်ပေးရန်။