Thursday, September 6, 2012

Easy Unrar, Unzip & Zip 2.5

http://img.1mobile.com/web/screenshot/e/2/f30e8e3c33168a60e4db9be209f7ff14.pnghttp://img.1mobile.com/web/screenshot/e/2/bf6ee69d6fd0d369eaa415bcd5d84738.png

Android အတွက် Zip ဖိုင်ဖြည်တဲ့ ချုံ့တဲ့ application လေးပါ။


အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ ...

Super Spy Camera+Pro v1


ဟိုတစ်ခေါက်တုန်းက အကိုတစ်ယောက်တောင်းထားတာ သတိရတုန်းရှာပြီး တင်ပေးလိုက်တာပါ။ ဒါလေးက မိုက်တယ်ဗျ။ Super Spy Camera ဆိုတဲ့အတိုင်း ဓာတ်ပုံခိုးရိုက်တဲ့ application လေးပေါ့ဗျာ။ ပြီးတော့ shatter သံမထွက်ဘူး။ Continuous Auto ရိုက်နေမှာ။
သုံးမယ်ဆိုရင်တော့ သင့်ဖုန်းက Android Version 2.1+ ရှိဖို့ လိုပါတယ်။

Wednesday, September 5, 2012

Asphalt 7: Heat v1.0.1


Asphalt 7 ကို ဆော့တော့ဆော့ချင်ပါရဲ့ ... ဒါပေမယ့် Data ဖိုင်က1GB လောက်ဆိုတော့ ဆွဲဖို့ အဆင်မပြေတဲ့သူတွေအတွက် 5 ပိုင်းခွဲပြီး တင်ပေးလိုက်ပါတယ်။ ဖိုင်တစ်ဖိုင်ကို 195 MB လောက်တော့ ရှိတယ်။ နည်းနည်းစိတ်ရှည်ရှည်လေး ဒေါင်းပေးလိုက်ပါနော်။

Tuesday, September 4, 2012

Remote AndroMouse


ကိုယ် PC မှာ Movie ကြည့်နေချိန် ... သီချင်း နားထောင်းနေချိန် ကိုယ်က ခပ်ဝေးဝေးမှာရှိနေတယ် အသံ အတိုးအလျှော့လုပ်ဖို့အတွက် ထသွားရမှာလည်း ပျင်းတယ် .. ကိုယ့်ဘေးနားမှာ အမြဲရှိတတ်တာကတော့ Hand Phone လေးပဲ ရှိတော့ ။။ အဲ့ Hand Phone လေးကနေ လှမ်းပီး အသံအတိုးအချဲ့ ကျော်တာ ပိတ်တာ လုပ်ဖို့လေး လုပ်လို့ရတယ်ဆို အဆင်မပြေဘူးလား ?

  

Android Jelly Bean Theme For Windows 7


Jelly Beam ကို တမ်းတမ်းစွဲ နှစ်ချိုက်ကြသူများအတွက် မိမိရဲ့ Windows 7 PC ပေါ်မှာ Jelly Beam Theme လေး တင်ချင်ရင် တင်လို့ရပါတယ်။ Windows 7 ကိုသုံးရတာ XP ထက်စာရင် လှပပေမယ့် သုံးရတာကြာလာတော့ ရိုးနေရောပေါ့။ ဒီ Themes လေးနဲ့ အလှဆင်လိုက်ရအောင်။ နည်းနည်းတော့ သုံးရတာ အထာမကျသေးရင် ကြောင်နေနိုင်ပါတယ်။

အောက်တိုဘာလမှာ ထွက်မယ့် Samsung Galaxy Note II N7100 ရဲ့ Specifications



GENERAL
2G Network GSM 850 / 900 / 1800 / 1900
3G Network HSDPA 850 / 900 / 1900 / 2100
4G Network LTE 700 MHz Class 17 / 2100 - N7105
Announced 2012, August
Status Coming soon. Exp. release 2012, October

Monday, September 3, 2012

MusiXmatch


သီချင်းတွေ နားထောင်တယ် ။ နားထောင်ရင်း သီချင်း စာသား တွေ သိချင်တဲ့ အချိန် များရှိလား ? သီချင်းစားသားလေး ကြည့်ပီး နားထောင်မယ်ပေါ့ ။
သိတဲ့ အတိုင်း Online ပေါ်တတ် Lyric ရှာရပီ ။ ကိုယ်ကြည့်နေကျ Site ဆိုရင်ပဲ Browser ဖွင့် သီချင်းနာမည်ရိုက် ရှာ ။တွေ့ပီဆို Notepad နဲ့ ဖြစ်ဖြစ် သိမ်းထား ။
Adriod ပေါ်မှာကျတော့ ပိုရှုပ်တယ် သီချင်းနားထောင်ရင်း သီချင်းစားသားကို ပြန်ဖတ်ရတာ ။ PC သုံးတုန်းကလို Window Media Player မှာ Plug In လေးထည့် သီချင်းစားသားလေးတွေပေါ် ။
အဆင်ကိုပြေရော အဲ့လို မျိုးလေး Android မှာ လုပ်နိုင်တယ်ဆို ဘယ်လောက်ကောင်းမလဲ ?

Sunday, September 2, 2012

Bomberman 1.10

Bomberman 1.10 screenshot 0 

Bomberman ကို စသိတာတော့ ကနဦးဂိမ်းစတင်ရာ Family Game စက်တွေကပဲလေ။ ခုတော့ ကိုယ့် Android Phone မှာပါ ဆော့လို့ ရနေပါပြီ။ ဒါ့ကြောင့် ဒီဂိမ်းလေး တင်ပေးလိုက်တာပါ။ Bomberman ပရိတ်သတ်များ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။

Bomberman 1.10 အားရယူရန် ( 1.1 MB)

Saturday, September 1, 2012

2012 အတွင်း ထွက်ရှိမည့် Huawei Android Phone & Tablet (၆)မျိုး

Huawei Ascend D1 Quad XL

Huawei Ascend D1 Quad XL ကတော့ ဒီနှစ်မှာပဲ ထုတ်လုပ်ခဲ့တဲ့ Huawei Ascend D1 ကို အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။ Display 4.5 inch ရှိပြီး resolution 1280 x 720 pixel အထိ အထောက်အပံ့ပေးနိုင်သော LCD display technology ကို သုံးထားတာ ဖြစ်ပါတယ်။ 1.2 GHz Core Quad Processor ကို သုံးထားတာ ဖြစ်တာကြောင့် အသုံးပြုရ မြန်ဆန်စေမှာ ဖြစ်ပါတယ်။ ကင်မရာ ကလည်း 8 mega pixel Camera ဖြစ်ပြီး 720p HD Video များ ရိုက်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံများ လည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် front camera မှလည်း 1.3 mega pixel အထိ ပေးထားပြီး 3G video chat များအသုံးပြုရာတွင်လည်း ရုပ်ထွက်ကောင်းမွန်မှာဖြစ်ပါတယ်။ Micro SD Card Slot ပါဝင်ပြီး 2600 mAh battery ကို သုံးထားတာ ဖြစ်ပါတယ်။

Huawei Ascend D1 Quad XL

App Lock


ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ Application တွေကို Password ဒါမှမဟုတ် Pattern နဲ့ ကာကွယ်ထားလို့ရတဲ့ Application လေးပါ။ ဒါလေး ကိုယ့်ဖုန်းထဲမှာ ထည့်ထားခြင်း အားဖြင့် ကိုယ့်ရဲ့ Personal Application လေးတွေကို သူများသုံးလို့မရအောင် ကာကွယ်နိုင်ပါတယ်။

Screenshots

APP Lock 1.32 screenshot 0APP Lock 1.32 screenshot 1APP Lock 1.32 screenshot 2

Friday, August 31, 2012

Amazon Application Store


ဒါလေးက Amzaon Application Store တဲ့ ... ဒေါင်းလိုက်ရအောင်။

Thursday, August 30, 2012

WritePad

Android တွေ ပေါ်လာတယ် သုံးရတာလည်း အဆင်ပြေတော့ လူသုံးတွေလည်းများလာတယ် ။ ဒါပေမယ့် keypad လေးတွေက သေးတာက ၁ မျိုး .. လက်ကွက် မရလို့ စိတ်ညစ်ရတာက ၁ မျိုးနဲ့ .. စာရိုက်ဖို့ဆို စိတ်ညစ်စရာတွေ စကြုံတာပါပဲ ။ ကိုယ့်လက်ရေးကို သိမ်းပေးထားတဲ့ Notepad App တွေ ၁ ပုံ ၁ ပင်ကြီး ဆိုပေမယ့် သိမ်းထား ပြန်ကြည့်ဖို့ပဲ အဆင်ပြေတယ် .. စာပို့ဖို့တွေ .. အွန်လိုင်းမှာ Web Address တို့လို Computer က သိဖို့ ကျတော့ စိတ်ပျက်စရာဖြစ်တာပေါ့ .. အဲ့ဒါကိုဖြေရှင်းပေးနိုင်မယ့် App ကတော့ WritePad ပဲ ဖြစ်ပါတယ် ။

The Sims™ FreePlay 1.5.14


PC ကတည်းက The Sim ထွက်ကတည်းက ဆော့ခဲ့တာ PC အဆင့်မှာ The Sim 2, The Sim 3 ဆက်တိုက် အားပေးခဲ့တာ အခု Android အတွက်ပါ ထွက်လာပြီ။ The Sim ကို အရူးအမူး စွဲလမ်းတဲ့ သူတွေအတွက်တော့ အကြိုက်ပေါ့။

Love Test Calculator


ကဲ ... ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် အပျော်တွက်ကြည့်ရအောင် Love Test Calculator လေးပါ။ ဖိုင်ဆိုက်ဒ်က 22.6 MB ပါ။ ဆော့ကြည့်ပါဦးဗျာ။

Love Test Calculator အား ရယူရန် (22.6 MB)

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ ...

Huawei U8825D ကို Root လုပ်နည်း


အခုပြောပြပေးမှာကတော့ Huawei U8825D ကို root လုပ်နည်းဖြစ်ပါတယ်။ U8825D ဟာ အရင်က ထုတ်ခဲ့တဲ့ Huawei ဖုန်းတွေလို တိုက်ရိုက် root တန်းလုပ်လို့မရတော့ပါဘူး။ Huawei ဆိုက်မှ bootloader ကို unlock လုပ်ခွင့်ပေးမှ root လုပ်လို့ရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ U8825D အတွက် bootloader unlock ကို လုပ်ခွင့်ပေးလိုက်ပါပြီ။
၁။ Bootloader unlock code တောင်းနည်း
-                   Bootloader unlock code တောင်းရန် Huawei official ဆိုက်သို့သွားပါ။


Wednesday, August 29, 2012

Great Big War Game v1.1.3


ဘာမှ ရေးမပေးတော့ဘူး ... ပုံတွေပဲ ကြည့်တော့ ဒါပဲ :P

Official Sky Drive Application For Android


Microsoft က Official Application လေးပါ။ ဒီ Application လေးက Photo တွေနဲ့ Video တွေကို Upload တင်ပြီးတော့ Share လို့ရတဲ့ Application လေးပါ။ တခြား format တွေကိုတော့ လက်ခံမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အမှတ်တရ ဓာတ်ပုံလိုမျိုး ကိုတော့ Web ပေါ်မှာ သိမ်းထားနိုင်မယ့် application လေးတစ်ခု ဖြစ်ပါတယ်။ Online Storage 25 GB အထိပေးထားပါတယ်။

Tuesday, August 28, 2012

Maps With Me Pro


Offline GPS လိုချင်လို့ တောင်းတောင်းနေတဲ့ အကိုတွေအတွက်ပါ။ ဒီ application လေးက မြန်မာပြည် မှာလည်း သုံးလို့ရပါတယ်။ သူ့ကိုသုံးဖို့ဆိုရင်တော့ 8 MB ရှိတဲ့ apk ဖိုင်ကို ဒေါင်းပြီး သင့်ဖုန်းထဲမှာ install လုပ်ရမှာပါ။ ပြီးရင် application ထဲဝင်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် data ဖိုင်တွေ ထပ်ပြီးတော့ ဒေါင်းရဦးမှာပါ။ ဘာပဲ ဖြစ်ဖြစ် အသုံးဝင်တယ်လေ ဟုတ်တယ်ဟုတ်။ တစ်ခါဒေါင်းပြီး နောက် offline သုံးလို့ရပြီပဲလေ။

Maps With Me Pro အား ရယူရန် (8 MB)

အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...

Monday, August 27, 2012

Mobile Odin



ဒီဥစ္စာလေးက ကိုယ့်ဖုန်းထဲမှာပဲ ကိုယ့်ဟာကိုယ် Firmware Flash လုပ်လို့ရတဲ့ apk လေးပါ။ Firmware Files တွေကို ဖုန်းရဲ့ SD Card ထဲသာထည့်ထား အရင်လို PC ကနေ Odin သုံးစရာမလိုတော့ဘူးပေါ့။ ဒါလေးသုံးဖို့အတွက်ကတော့ သင့်ဖုန်းက အမြစ်တူးပြီးသား ဖြစ်ရပါမယ်။

Sunday, August 26, 2012

BMX Boy


မနေ့က တစ်နေ့လုံး ကျွန်တော်ဆော့နေတဲ့ ဂိမ်းလေးတစ်ခု အကြောင်းပြောပြချင်ပါတယ်။ စက်ဘီးနင်းတဲ့ ဂိမ်းလေးပါ။
ရုပ်ထွက်အရည်အသွေးက ရှင်းရှင်းလေးနဲ့ မိုက်တယ်။ ဆော့ရတာလည်း ကောင်းတယ်။ သူက ခလုပ်နှစ်ခုပဲ  အဓိကထားဆော့ရမှာ။ ပုံမှာတွေ့တဲ့ အရှေ့ဘက်ကိုပြတဲ့ခလုပ်က စက်ဘီးကိုနင်းတာပေါ့။ ဖိထားလို့မရဘူး။ ဆတ်ဆတ်ဆတ်ဆတ် နှိပ်ရမှာ။ တကယ်နင်းသလိုပေါ့။ နောက် အပေါ်ပြတဲ့ ခလုပ်လေးက ခုန်တာ။ လမ်းမှာ ကြယ်လေးတွေ၊ ဆုဖလားတွေ တွေ့ရင် စားရမယ်။ အတားအဆီးတွေကို ရှောင်ရမယ်။ နောက်ဆုံး ပန်းတိုင်ရောက်ရင် နောက်တစ်ဆင့်တက်မယ်။ ဒီဂိမ်းလေ နာမည်က BMX Boy တဲ့။
ဒေါင်းချင်ရင် ဖိုင်ဆိုဒ်က 7MB ပဲ။ ဘာ Data File မှ ထပ်မလိုဘူး။ တန်းဆော့လို့ရတယ်။