Pages Manager ဆိုတာကတော့ Facebook Page ထောင်ထားတဲ့ ပုဂ္ဂိုလ်များအတွက်ပါ။ အားလုံးသိတဲ့ မောင်စေတန် page က admin တွေလည်း ဒီ application လေးသုံးပြီး ပုံတွေတင်တာပေါ့။
တွေမိမယ်မလား ... via pages manager ဆိုပြီးတော့။ သူက facebook application မှာ login ဝင်ထားရင် သူ့ထဲဝင်ဖို့ password ရိုက်ဖို့မလိုတော့ပါဘူး။ ပြီးတော့ Like တွေ Message တွေ
Comment တွေကို ပြပေးတဲ့အပြင် View Inside မှာလည်း ကိုယ့် post ကို ဘယ်နှစ်ယောက် ဝင်ကြည့်ဖြစ်တယ် ဘယ်နှစ်ယောက်က Like လုပ်ခဲ့တယ် ဘယ်နှစ်ယောက်က Comment ပေးသွားတယ်
Share သွားတယ် စသဖြင့်ပေါ့။ Page ထောင်ထားတဲ့သူတွေအတွက်တော့ မရှိမဖြစ်လို့ ဆိုရမှာပဲ။ ကျွန်တော်လည်း သုံးပါတယ်။
0 comments:
Post a Comment