Thursday, April 25, 2013

Fieldrunners 2

 

Fieldrunners ဆိုကတည်းကိုက Graphic ပိုင်းပြောစရာမလိုပဲ ဆောလို့ကောင်းတဲ့ Tower Defence Game မှန်းသိမယ်ထင်ပါတယ် ။ Fieldrunners Game တွေက ပထမဆုံး IOS အတွက် အရင်ထွက်တာပါ ။ ဒီ Fieldrunners 2 ဟာဆိုရင်လည်း I ပစ္စည်းတွေ အတွက်ထွက်ပီးတော့မှာ April 24 မှ ထွက်လာတဲ့ Game ၁ ခုလည်းဖြစ်ပါတယ် ။ တန်ဖိုးကတော့ 2.99$ ဖြစ်ပါတယ် ။ အရင်တုန်းက Fieldrunners 1 လိုမျိုး apk File ၁ ခုတည်းနဲ့ တင်အဆင်မပြေပါဘူး ။ တန်းဆော့လို့မရဘူးပေါ့ဗျာ ။ Data File ပါလိုတယ် ။ ဒီတော့ ပိုလည်း ကောင်း ပိုလည်း လေးမယ်ဆိုတဲ့ သဘော ဖြစ်နေသလိုပါပဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ် Game ကောင်းကောင်း Graphic ကောင်းကောင်းကြိုက်တဲ့ သူတွေ သဘောကျမယ်လို့မျှော်လင့်ပါတယ် ။အောက်ဘက်မှ Apk File ရော Data ဖိုင်ရော Down ဖို့ပေးထားပါတယ် ။ *apkarchive.com ကနေ ပြည်လည် Share ပေးထားတာဖြစ်ပါတယ် ။ အားလုံးအဆင်ပြေကြပါစေ ။

Saturday, March 16, 2013

Clean Master

https://lh5.ggpht.com/ckmsGFSHkwgVtwFo4X1nUJ0WYjL-D6x2tXeStyskiS6FdEEkZh2ebCMoTeidMW5SmA=w705


Clean Master ဆိုတာကတော့ History တွေ Tasks တွေ Privacy တွေ ပြီးတော့ App တွေကို Backup/Uninstall လုပ်လို့ရတဲ့ Application လေးပါ။ သူက Root လုပ်ထားသူများအတွက်

အသုံးဝင်ပါတယ်။  ပြီးတော့ Widget အနေနဲ့ 1 Tab Booster ကိုလည်း သုံးလို့ရတာမို့ Task Killer မရှိလည်း ကိစ္စမရှိပါဘူး။ အဆင်ပြေပါတယ်။ ဖိုင် size ကတော့ 1.8 MB ပဲရှိပါတယ်။

       


Pages Manager

Facebook Pages Manager


Pages Manager ဆိုတာကတော့ Facebook Page ထောင်ထားတဲ့ ပုဂ္ဂိုလ်များအတွက်ပါ။  အားလုံးသိတဲ့ မောင်စေတန် page က admin တွေလည်း ဒီ application လေးသုံးပြီး ပုံတွေတင်တာပေါ့။

တွေမိမယ်မလား ... via pages manager ဆိုပြီးတော့။  သူက facebook application မှာ login ဝင်ထားရင် သူ့ထဲဝင်ဖို့ password ရိုက်ဖို့မလိုတော့ပါဘူး။ ပြီးတော့ Like တွေ Message တွေ

Comment တွေကို ပြပေးတဲ့အပြင် View Inside မှာလည်း ကိုယ့် post ကို ဘယ်နှစ်ယောက် ဝင်ကြည့်ဖြစ်တယ် ဘယ်နှစ်ယောက်က Like လုပ်ခဲ့တယ် ဘယ်နှစ်ယောက်က Comment ပေးသွားတယ်

Share သွားတယ် စသဖြင့်ပေါ့။ Page ထောင်ထားတဲ့သူတွေအတွက်တော့ မရှိမဖြစ်လို့ ဆိုရမှာပဲ။ ကျွန်တော်လည်း သုံးပါတယ်။

   


Rules of the Road

ColRegs: Rules of the Road


ကျွန်တော် အရင်က သင်္ဘောလိုက်ခဲ့ဖူးပါတယ်။ ကျွန်တော်လိုက်တုန်းက အရာရှိဖြစ်ဖို့ စာကျက်မယ်ဆိုပြီး သင်္ဘောတက်တော့ စာအုပ်တွေ ယူသွားတာပေါ့။ ဝှုး ... လေးလိုက်တာ ပြောမနေနဲ့။

ကီလိုလည်း ပိုတက်တာပေါ့။ အခု သင်္ဘောသားတွေကိုတော့ ကျွန်တော့်လိုမဖြစ်ရအောင် Application လေးတစ်ခု မိတ်ဆက်ပါရစေ။  Rules of the Road တဲ့။ Navigation Rules တွေ Signal တွေ

Collision Regulations တွေ အကုန်ပါတယ်ဗျ။ စုံလည်းစုံတယ်ပေါ့ဗျာ။ Rules ကတော့ Rule 5 - Lookout ကစပါမယ်ဗျ။ တကယ်လည်း Rule 5 ကပဲ အသုံးဝင်တာပါ။ ကဲ ... သင်္ဘောသီးလောင်းတွေ

ဒေါင်းကြရအောင်ဗျာ။

      


Sidebar Pro

Sidebar Pro


Slidebar ဆိုတာကတော့ .. အင်း .. Slide လုပ်လို့ရတဲ့ bar ပေါ့ဗျာ ... :P
အလှဆင်တဲ့ application တစ်မျိုးပါပဲ။ ပြီးတော့ ကိုယ်လိုချင်တဲ့ application တွေကို shortcut အနေနဲ့ slidebar ထဲမှာ လွယ်လွယ်ကူကူထည့်ပြီး ယူသုံးလို့ရတာပေါ့ဗျာ။ အသုံးပြုရလွယ်တယ်ဆိုတော့
ရှင်းမပြတော့ပါဘူး။ Download သာလုပ်သွားပါတော့ဗျာ။





Wednesday, October 24, 2012

Zapya (Wifi File Transfer)

 


 ဖုန်းထဲမှာ ဖိုင် Size ကြီးကြီးတွေ ဖြစ်တဲ့ Movie ဖိုင်လိုမျိုးတွေကို Share မယ်ဆို တော်တော် စိတ်ပျက်စရာကောင်းပါတယ် ။ ပုံမှန် ဆို သွားပြာ လေးနဲ့ ပဲပို့တယ် ။ သွားပြာရဲ့ Transfer Rate က လည်း အားရစရာကိုမရှိပါဘူး ။ ဒါကတော့ သူ့ရဲ့ နည်းပညာ အစွမ်းကုန်ပဲကို ။ Wifi ကို သုံးမယ်ဆိုတော့ တော်တော်များများက AP တွေ လိုပြန်တယ် ။ အဲ့တော့မှ အလုပ်လုပ်တယ် ။ ဒီတော့ လိုအပ်ချက်တွေပိုများလာတယ် ။ အဲ့ဒီလိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်တာကတော့ Zapya ပဲဖြစ်ပါတယ် ။
            

Zapya က  Ap မလိုပါဘူး ။ 2G/3G မလိုပါဘူး ။  3G ထက် ၁၀ ဆ မြန်ပါတယ် ။ ဘယ်ဟာကိုပဲ ပို့ပို့ အဆင်ပြေပါတယ် ။ wifi က နေချိတ်ပီးလည်း Game ဆော့နိုင်ပါတယ် ။  ဒါကတော့ သူပြောထားတာပါ ။ တကယ်လည်း ဟုတ်ပါတယ် ။ တော်တော်လေးကိုမြန်ပါတယ် ။ မြန်မှာပေါ့ Wifi ကနေ Share တာကို။ သုံးရတာ မလွယ်ရင်တောင် ခက်တော့မခက်ပါဘူး ။ သုံးရတာ အဆင်ပြေမယ်ထင်ပါတယ် ။ အောက်က သူ့ Icon လေးကိုနှိပ်ပီး ရယူနိုင်ပါတယ် ။ အားလုံးအဆင်ပြေကြပါစေ ။
(Zapya သုံးဖို့အတွက် အသုံးပြုမယ့် ဖုန်းတိုင်းမှာ Zapya App တင်ထားရပါမယ် ။ သုံးရင် အရင်ဆုံး Connect လုပ်ရပါမယ် ။ သုံးပီးသွားရင် Menu ကနေဖြစ်ဖြစ် Exit လုပ်ဖို့လိုပါတယ် ။ ဒီတိုင်းပိတ်လိုက်မယ်ဆို Background မှာ Run နေမှာ ဖြစ်လို့ပါ)
( ဒါကတော့ သူ့ရဲ့ App ရဲ့ Function လေးတွေ ပါ ရယ်စရာလေး ရိုက်ထားပါတယ် :) )


Friday, October 19, 2012

Download Latest Google PLAY Store 3.9.16

features-6-3

နောက်ဆုံးထွက် Google Play Version လေးပါ။ ကျွန်တော်တို့ဆီကနေ Google Play ကျော်ဝင်ပြီး သုံးနေကြတဲ့ သူတွေအတွက် တင်ပေးလိုက်ပါတယ်။

Screenshot_2012-08-19-16-53-51 Screenshot_2012-08-19-16-53-59 Screenshot_2012-08-19-16-54-09 Screenshot_2012-08-19-16-54-18 Screenshot_2012-08-19-16-54-44 Screenshot_2012-08-19-16-54-53 Screenshot_2012-08-19-16-55-07 Screenshot_2012-08-19-16-55-16 Screenshot_2012-08-19-16-55-23

>> Download Google Play Store 3.9.16 << (5.22 MB)


Air Control v3.23


Flight တွေကို ကိုယ်က Tower ပေါ်ကနေ ဘယ်လမ်းကြောင်းကနေ ဘယ်လိုင်းကိုဆင်း ဖို့ ညွှန်ကြားပေးရ မှာပါ။ လွယ်တယ်တော့ မထင်ပါနဲ့။ Flight တွေရဲ့ အရှိန်နဲ့ လမ်းကြောင်းပေါ်မူတည်ပြီး ချိန်ဆရတာ။ ဥာဏ်လည်းသုံးရမယ်။ အချိန်ကြာလာတဲ့အမျှ Flight တွေ Helicopter တွေ ပိုရှုပ်လာမယ်။ နိုင်အောင်သာ ထိန်းပေတော့။

 
 

>> Download Air Control v3.23 << (3.41 MB)