Friday, August 31, 2012

Amazon Application Store


ဒါလေးက Amzaon Application Store တဲ့ ... ဒေါင်းလိုက်ရအောင်။

Thursday, August 30, 2012

WritePad

Android တွေ ပေါ်လာတယ် သုံးရတာလည်း အဆင်ပြေတော့ လူသုံးတွေလည်းများလာတယ် ။ ဒါပေမယ့် keypad လေးတွေက သေးတာက ၁ မျိုး .. လက်ကွက် မရလို့ စိတ်ညစ်ရတာက ၁ မျိုးနဲ့ .. စာရိုက်ဖို့ဆို စိတ်ညစ်စရာတွေ စကြုံတာပါပဲ ။ ကိုယ့်လက်ရေးကို သိမ်းပေးထားတဲ့ Notepad App တွေ ၁ ပုံ ၁ ပင်ကြီး ဆိုပေမယ့် သိမ်းထား ပြန်ကြည့်ဖို့ပဲ အဆင်ပြေတယ် .. စာပို့ဖို့တွေ .. အွန်လိုင်းမှာ Web Address တို့လို Computer က သိဖို့ ကျတော့ စိတ်ပျက်စရာဖြစ်တာပေါ့ .. အဲ့ဒါကိုဖြေရှင်းပေးနိုင်မယ့် App ကတော့ WritePad ပဲ ဖြစ်ပါတယ် ။

The Sims™ FreePlay 1.5.14


PC ကတည်းက The Sim ထွက်ကတည်းက ဆော့ခဲ့တာ PC အဆင့်မှာ The Sim 2, The Sim 3 ဆက်တိုက် အားပေးခဲ့တာ အခု Android အတွက်ပါ ထွက်လာပြီ။ The Sim ကို အရူးအမူး စွဲလမ်းတဲ့ သူတွေအတွက်တော့ အကြိုက်ပေါ့။

Love Test Calculator


ကဲ ... ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် အပျော်တွက်ကြည့်ရအောင် Love Test Calculator လေးပါ။ ဖိုင်ဆိုက်ဒ်က 22.6 MB ပါ။ ဆော့ကြည့်ပါဦးဗျာ။

Love Test Calculator အား ရယူရန် (22.6 MB)

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ ...

Huawei U8825D ကို Root လုပ်နည်း


အခုပြောပြပေးမှာကတော့ Huawei U8825D ကို root လုပ်နည်းဖြစ်ပါတယ်။ U8825D ဟာ အရင်က ထုတ်ခဲ့တဲ့ Huawei ဖုန်းတွေလို တိုက်ရိုက် root တန်းလုပ်လို့မရတော့ပါဘူး။ Huawei ဆိုက်မှ bootloader ကို unlock လုပ်ခွင့်ပေးမှ root လုပ်လို့ရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ U8825D အတွက် bootloader unlock ကို လုပ်ခွင့်ပေးလိုက်ပါပြီ။
၁။ Bootloader unlock code တောင်းနည်း
-                   Bootloader unlock code တောင်းရန် Huawei official ဆိုက်သို့သွားပါ။


Wednesday, August 29, 2012

Great Big War Game v1.1.3


ဘာမှ ရေးမပေးတော့ဘူး ... ပုံတွေပဲ ကြည့်တော့ ဒါပဲ :P

Official Sky Drive Application For Android


Microsoft က Official Application လေးပါ။ ဒီ Application လေးက Photo တွေနဲ့ Video တွေကို Upload တင်ပြီးတော့ Share လို့ရတဲ့ Application လေးပါ။ တခြား format တွေကိုတော့ လက်ခံမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အမှတ်တရ ဓာတ်ပုံလိုမျိုး ကိုတော့ Web ပေါ်မှာ သိမ်းထားနိုင်မယ့် application လေးတစ်ခု ဖြစ်ပါတယ်။ Online Storage 25 GB အထိပေးထားပါတယ်။

Tuesday, August 28, 2012

Maps With Me Pro


Offline GPS လိုချင်လို့ တောင်းတောင်းနေတဲ့ အကိုတွေအတွက်ပါ။ ဒီ application လေးက မြန်မာပြည် မှာလည်း သုံးလို့ရပါတယ်။ သူ့ကိုသုံးဖို့ဆိုရင်တော့ 8 MB ရှိတဲ့ apk ဖိုင်ကို ဒေါင်းပြီး သင့်ဖုန်းထဲမှာ install လုပ်ရမှာပါ။ ပြီးရင် application ထဲဝင်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် data ဖိုင်တွေ ထပ်ပြီးတော့ ဒေါင်းရဦးမှာပါ။ ဘာပဲ ဖြစ်ဖြစ် အသုံးဝင်တယ်လေ ဟုတ်တယ်ဟုတ်။ တစ်ခါဒေါင်းပြီး နောက် offline သုံးလို့ရပြီပဲလေ။

Maps With Me Pro အား ရယူရန် (8 MB)

အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...

Monday, August 27, 2012

Mobile Odin



ဒီဥစ္စာလေးက ကိုယ့်ဖုန်းထဲမှာပဲ ကိုယ့်ဟာကိုယ် Firmware Flash လုပ်လို့ရတဲ့ apk လေးပါ။ Firmware Files တွေကို ဖုန်းရဲ့ SD Card ထဲသာထည့်ထား အရင်လို PC ကနေ Odin သုံးစရာမလိုတော့ဘူးပေါ့။ ဒါလေးသုံးဖို့အတွက်ကတော့ သင့်ဖုန်းက အမြစ်တူးပြီးသား ဖြစ်ရပါမယ်။

Sunday, August 26, 2012

BMX Boy


မနေ့က တစ်နေ့လုံး ကျွန်တော်ဆော့နေတဲ့ ဂိမ်းလေးတစ်ခု အကြောင်းပြောပြချင်ပါတယ်။ စက်ဘီးနင်းတဲ့ ဂိမ်းလေးပါ။
ရုပ်ထွက်အရည်အသွေးက ရှင်းရှင်းလေးနဲ့ မိုက်တယ်။ ဆော့ရတာလည်း ကောင်းတယ်။ သူက ခလုပ်နှစ်ခုပဲ  အဓိကထားဆော့ရမှာ။ ပုံမှာတွေ့တဲ့ အရှေ့ဘက်ကိုပြတဲ့ခလုပ်က စက်ဘီးကိုနင်းတာပေါ့။ ဖိထားလို့မရဘူး။ ဆတ်ဆတ်ဆတ်ဆတ် နှိပ်ရမှာ။ တကယ်နင်းသလိုပေါ့။ နောက် အပေါ်ပြတဲ့ ခလုပ်လေးက ခုန်တာ။ လမ်းမှာ ကြယ်လေးတွေ၊ ဆုဖလားတွေ တွေ့ရင် စားရမယ်။ အတားအဆီးတွေကို ရှောင်ရမယ်။ နောက်ဆုံး ပန်းတိုင်ရောက်ရင် နောက်တစ်ဆင့်တက်မယ်။ ဒီဂိမ်းလေ နာမည်က BMX Boy တဲ့။
ဒေါင်းချင်ရင် ဖိုင်ဆိုဒ်က 7MB ပဲ။ ဘာ Data File မှ ထပ်မလိုဘူး။ တန်းဆော့လို့ရတယ်။

Saturday, August 25, 2012

Root.Xperia 4.0.4 ROM [all h/m(dpi)] | 4.1.B.0.431



အဆင့် (၁) Downgrade

4.0.4 ကနေ တိုက်ရိုက် အမြစ်တူးဖို့က မလွယ်ပါဘူး။ ဒါ့ကြောင့် Root လုပ်ချင်တယ်ဆိုရင်တော့ လုပ်လို့ရဖို့အတွက် အဆင်ပြေမယ့် GB ROM ကို Downgrade ဆင်းရပါမယ်။ (GB ROM ဖြစ်ပြီးသားဆိုရင်တော့ ဒီအဆင့်ကျော်လုပ်ပါ။)
Downgrade လုပ်ဖို့အတွက် သင့်ဖုန်းအတွက် GB ROM ftf အဟောင်းလေးတွေလိုပါတယ်။ Flash လုပ်ဖို့ပါ။

သက်ဆိုင်ရာဖုန်းအသီးသီးအတွက် ftf ဖိုင်များကို အောက်မှာယူပါရန် ...

Friday, August 24, 2012

ICS တွင် iphone ရဲ့ Siri ကိုယှဉ်မယ့် Google Now ထည့်နည်း

1. Google Now ဆိုတာဘာလဲ
Google Now ဆိုတာဟာ Jelly Bean မှာ iphone ရဲ့ Siri ကိုယှဉ်ဖို့ google က ထုတ်လိုက်တဲ့ feature အသစ် ဖြစ်ပါတယ်။ Google search engin ကို သုံးထားတဲ့အတွက် Siri ထက်ပိုပြီးမြန်ဆန်ပါတယ်။
အသေးစိတ်ကိုတော့ ဒီမှာ လေ့လာနိုင်ပါတယ်။
Google Now အတွက် Command အချို့ကို ဒီမှာ လေ့လာနိုင်ပါတယ်။
Message ကို voice နဲ့ ရေးရိုက်ခိုင်းချင်သူတွေအတွက် Jellybean keyboard ပါ။

2. ဘာကြောင့် ICS မှာ Google Now တင်ရတာလဲ
ကျွန်တော်ဘာကြောင့် jelly bean မတင်ပဲ ICS မှာ google now တင်ရတဲ့အကြောင်းအရင်းကတော့ Jelly bean မှာ မြန်မာစာ လုံးဝအဆင်မပြေလို့ပါ။ အဲဒီအတွက် မြန်မာစာ အနည်းငယ်အဆင်ပြေတဲ့ ICS မှာ Jelly bean က Google Now ကို တင်ရခြင်းဖြစ်ပါတယ်။

Thursday, August 23, 2012

WiFi File Explorer PRO

ဖုန်းထဲက Data တွေ PC ထဲကို အသွင်းအထုတ်ဆိုရင် Cable ကြီး ရှာရတာ တော်တော် စိတ်ညစ်ဖို့ကောင်းတဲ့ ပြဿနာပဲ ။ အဲ့တော့ Cable မလိုပဲ Data အသွင်း အထုတ် အဆင်ပြေဖို့ နည်းလမ်းရှာတော့ Data Transfer က ၃ မျိုးရှိတယ် ။ (Infared ကတော့ ဟောင်းသွားပီ/ Cloud System ကိုတော့ မပြောတော့ဘူး ကျွန်တော်တို့အတွက်နည်းနည်းဝေးနေသေးလားလို့ :) ) အဲ့ ၃ မျိုးက Cable / Bluetooth / Wifi . ခုက cable ပြဿနာကြောင့်ဆိုတော့ Cable ကို ဖယ်ထားလိုက်မယ် ။ အဲ့တော့ Bluetoot နဲ့ Wifi . Bluetooth ကလည်း Data Transfer ကို မကြိုက်ဘူးဗျာ ။ နည်းတယ် ။ အဲ့တော့ Wifi ပဲ သုံးတာ အဆင်ပြေမယ်ပေါ့ ။

Jetpack Joyride 1.3.5



လွန်ခဲ့တဲ့ နှစ်ရက်ကထွက်ခဲ့တဲ့ ဒီဂိမ်းလေးက Pocket Gamer 2012 Best Action/Arcade Game ဆု Pocket Gamer iPhone/iPod Touch Game of The Year 2012 ဆု၊ Pocket Gamer Over All Game Of The Year 2012 ဆု၊ Gamasutra Mobile Game of 2011 ဆု၊ TUAW Best iPhone Game of 2011 ဆု၊ UGO iOS Game Of The Year ဆုနဲ့  Game Revolution Best Mobile Game 2011 ဆုတို့

Wednesday, August 22, 2012

Ringtone Pro v2.5


Ringtone ဖြတ်တဲ့ apk လေးပါ။ အားလုံးလည်း သိပြီးသားလည်းဖြစ်မှာပါ။ သီချင်းတစ်ပုဒ်ကနေ ကိုယ်လိုချင်တဲ့အပိုင်းကိုပဲ စမှတ်နဲ့ ဆုံးမှတ်သတ်မှတ်ပေးပြီး save လုပ်လိုက်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီဘလော့ခ်လေး မှာလည်း ထပ်တင်ပေးလိုက်ပါတယ်ဗျာ။ ဆိုက်ဒ်က 1.01 MB ပါ။

Ringtone Pro v2.5 အား ရယူရန်

အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...

Ornagai



English-Myanmar Dictionary လေးပါ။ ထွက်တာတော့ကြာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ blog မှာလည်း ဒေါင်းလို့ရအောင်  ပြန်တင်ပေးလိုက်ပါတယ်။ www.organai.com ကနေလည်း PC ကနေ Online Dictionary အနေနဲ့လည်း သုံးလို့ရပါတယ်။

Organai Dictionary အား ရယူရန် (1.01 MB)

အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...

Blackmart v0.49.92 (new version)



ဒါလေးက Google Play တို့ 1Mobile Market တို့လိုမျိုး ကိုယ်လိုချင်တဲ့ Application လေးတွေ လိုချင်တာတွေ ဒေါင်းလို့ရမယ့် Market လေးပါ။ ပိုကောင်းတာက ဒီထဲက Application တွေက Full Version လေးတွေကို အခမဲ့ရအောင် Crack လုပ်ပြီး Free ပေးထားတာပဲ။ လိုချင်တာတွေ အကုန်ရှိတယ်လို့ ပြောရမလိုပဲ။ ဒီ Market လေးက အကုန်ပြည့်စုံတယ်လို့ပဲ Recommend ပေးချင်ပါတယ်။ ဆိုက်ဒ်ကလည်း 235 KB ပဲရှိတယ်။

Blackmart v0.49.92 (new version) အားရယူရန်

အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...

Super Mario Kart Racing Beta


ငယ်ငယ်တုန်းက Play Station 2 လေးမှာဆော့တဲ့ မြေခွေးကားပစ်လိုလေးပဲ။ ပုံစံလေးက။ အင်း ... ဒါလေးကတော့ Super Mario Kart Racing လေးပါ။ ဖိုင်ဆိုက်ဒ်က 16.1 MB ရှိပြီး ဆော့လို့ကောင်းတဲ့ ဂိမ်းလေးပါ။

Super Mario Kart Racing Beta အား ရယူရန် (16.1 MB)

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ ...

Monday, August 20, 2012

Goal.com Application for Android


ခု ဘောလုံးပွဲရာသီကလည်း စပြီဆိုတော့ ဘောလုံးနဲ့ ပတ်သတ်တဲ့ Application လေးတစ်ခု တင်ပေးလိုက်ပါတယ်။
goal.com က Android Phone တွေအတွက် Application လေးပါ။
ဘောလုံးလောကရဲ့ Latest News တွေ Live Scores တွေ အသင်းတွေရဲ့  အဆင့်ရပ်တည်မှုတွေ။ ပြီးတော့ ကိုယ်ကြိုက်တဲ့ အသင်းနဲ့ပတ်သတ်တဲ့ သတင်းတွေ ...
ဒါတွေသိနိုင်ဖို့အတွက် ဒီ Application လေးကလည်း အသုံးဝင်ပါတယ်။
Premier League, Champions League, Europa League, Euro, FA Cup, La Liga, Series A, Bundesliga, France Ligue 1, Holland Eredivisie တို့ အကုန်ပါပါတယ်။

Planet Myanmar Dictionary v 1.3


Developer Pyae Phyoe Shein ရဲ့ Planet Myanmar Dictionary လေးပါ။ Data ဖိုင်လည်း သပ်သပ် ဒေါင်းစရာ မလိုပါဘူး။ apk ဖိုင်ဆိုက်ဒ်က 3.69 MB ရှိပါတယ်။ သူက သုံးတတ်တဲ့ စကားလုံးတွေလည်း ပြထားလို့ သုံးလို့ကောင်းတဲ့ application လေးတစ်ခုပါ။

ဖုန်းဝယ်မယ်ဆိုရင် စစ်ဆေးသင့်တဲ့အချက်လေးတွေ


ပထမဦးဆုံးတော့ Call Quality ဆိုတဲ့ ဖုန်းခေါ်ဆိုမှု အရည်အသွေးကို စစ်သင့်ပါတယ်။ တချို့ဖုန်းတွေက ဖုန်းကောင်းဖြစ်ပေမယ့် အသံအရည်သွေး ညံ့တယ်ဗျ။ တစ်ခါတစ်လေတော့ အသံတိတ်တဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်းကြားရပေမယ့် အပြင်ထွက်လိုက်ပြီးတော့ ဆူညံတဲ့ပတ်ဝန်းကျင်မှာကျင် ကောင်းကောင်းမွန်မွန် မကြားရတော့ဘူးဗျ။ ဒါကြောင့်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဖြစ်စေ ဆူညံတဲ့ပတ်ဝန်းကျင်ဖြစ်စေမှာ ကောင်းကောင်းကြားရဖို့ကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။

Computer နဲ့ Android device နဲ့ ချိတ်ကြစို့

ဒီ software တွေကတော့ computer နဲ့ Android Devices တွေကို ချိတ်ဆက် ပြီး application တွေ Install လုပ်ဖို့ နဲ့ back up လုပ်ဖို့ သုံးလို့ ရတာတွေ စုဆည်းပေးထားတာပါ။
ကိုယ် နှစ်သက်တဲ့ software ကို ရွေးချယ် သုံးနိုင်ပါတယ်။
၁။ Moborobo

GingerBread မှာ ICS က video call ခေါ်နိုင်သည့် Talk ကိုတင်နည်း

အခုပြောပြပေးမှာကတော့ GingerBread (2.3.4) အထက်မှာ voice & video call ခေါ်လို့ရတဲ့ Talk ကို upgrade လုပ်ချင်းဖြစ်ပါတယ်။ video call ရဖို့ကတော့ ကိုယ့်ဖုန်းမှာ secondary camera လိုပါတယ်။ secondary camera မပါရင်တော့ video call မရနိုင်ပါဘူး။ ဖုန်းကို Root လုပ်ပြီး CWM တင်ထားဖို့လိုပါတယ်။ 

update-talk2-1.zip ကိုဒေါင်းရန်
Download ဆွဲ၍ရလာသော update-talk2-1.zip ကို sd card ထဲထည့်ပါ။ ဖုန်းကို power သေချာအောင် ပိတ်လိုက်ပါ။ ပြီးလျှင် သက်ဆိုင်ရာဖုန်းအလိုက် CWM recovery ထဲ သို့ဝင်ပါ။  ပြီးလျှင် install zip from sdcard > choose zip from sdcard > update-talk2-1.zip ကို update လုပ်ပါ။ main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ GingerBread မှာ ICS လို talk ကို voice & video call ခေါ်နိုင်ပါပြီ။ 
အားလုံးအဆင်ပြေကြပါစေ........  

Sunday, August 19, 2012

Cafeteria Nipponica v1.0.3



Android Version 1.6 နဲ့ အထက်ရှိရပါမယ်။ တရုတ်ဂိမ်းလေးပါ။ ဒီစားသောက်ဆိုင် ဂိမ်းလေးက Google Play မှာဆိုရင် ယွမ် ၄၀၀ ပေးရပါတယ်။ လိုချင်ရင်တော့ အောက်မှာ free download လုပ်သွားလို့ ရပါတယ်။

Cafeteria Nipponica v1.0.3 အား ရယူရန် (4.99 MB)

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ ...

MONOPOLY v0.0.55



မြေတွေဝယ်မယ်။ အိမ်တွေဝယ်မယ်။ သူများ ကိုယ့်အကွက်မှာ လာကျရင် လာထား။ မြေငှားခ တောင်းမယ်။ ဒီဂိမ်းကို အရင်က ကတ်ထူပြားကြီးပေါ်မှာပဲ ဆော့ခဲ့တာ။ အခုတော့ Android Phone ပေါ်မှာပဲ ဆော့လို့ရပါပြီ။ ဒါလေးဆော့ဖို့အတွက် သင့် Device အနေနဲ့ အနည်းဆုံး Andorid Version 2.0 ရှိရပါမယ်။ apk ဖိုင် ဆိုက်ဒ်က 1.14 MB ပါ။

Monopoly v 0.0.55 အားရယူရန်

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ ...

Assassin's Creed V3.4.6



Action Game ကောင်းကောင်းဆော့ချင်သူများအတွက် Assassin's Creed ပါ။ Game Play ရော Graphic ပါ ကောင်းပါတယ်။ apk ဖိုင်ဆိုဒ်က 2.96 MB ပဲရှိပေမယ့် 158 MB ရှိတဲ့ Data ဖိုင်ကို Download လုပ်ဖို့တော့ လိုပါသေးတယ်။ Data ဖိုင်တွေကို ဖြစ်နိုင်ရင် အကုန်အကျ သက်သာဖို့ Free WiFi Access ရမယ့် နေရာတွေမှာ ဒေါင်းဖို့ အကြံပေးချင်ပါတယ်။

Urban Tank Battle 0.9.7



 Strategy Game အမျိုးအစားပဲ ဖြစ်ပါတယ်။ တင့်ကားတွေနဲ့ မြို့ထဲမှာ တိုက်ပွဲဝင်တဲ့ ဂိမ်းလေးပါ။ 3D ရုပ်ထွက်လည်းကောင်းပါတယ်။ New York မြို့ထဲမှာ 2023 ခုနှစ် တိုက်ပွဲအဖြစ် ကစားကြည့်လိုက်ပါဦး။

ဒေါင်းမယ်ဆိုရင်တော့ ဖိုင်ဆိုက်ဒ်က 40.5 MB ရှိပါတယ်။

Urban Tank Battle 0.9.7 အားရယူရန်

အားလုံးပဲ အရာရာ အဆင်ပြေကြပါစေဗျာ ...

Saturday, August 18, 2012

Android Defrag FREE 1.1


PC မှာတင် Defragment လုပ်လို့ရတာမဟုတ်ဘူးနော်။ Android Phone ကိုလည်း လုပ်လို့ရတယ်။ Defragment လုပ်လိုက်လို့ရှိရင် ဖုန်းမှာသုံးထားတဲ့ History တွေ Search တွေကို ဖျက်ပေးမယ်၊ ပြီးတော့မလိုတဲ့ Task တွေကိုလည်း Kill ပေးမယ်။ Battery ကိုလည်းပိုကြာကြာခံစေတာပေါ့။
ဒါလေးက Free Application လေးဆိုပေမယ့် တော်တော်လည်း အသုံးဝင်ပါတယ်။

Android Defrag Free 1.1 အား ဒေါင်းလုပ်ရယူရန်

အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...

Hot News Android Application



The Voice လိုပဲ သတင်း Application နောက်တစ်ခုပါ။ မြန်မာ application တွေ ခုနောက်ပိုင်း တိုးတက်လာတာလည်း တွေ့ရပါတယ်။ apk ဖိုင်ဆိုက်ဒ်က 1.19 MB ပါ။

Hot News apk အားရယူရန်

အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...

The Voice Android Application

ဒီရက်ပိုင်း နေလည်း သိပ်မကောင်းတာကြောင့် ညဘက်ညဘက်ဆို စောစော အိပ်ဖြစ်နေတာကြောင့် post သိပ်မတင်ဖြစ်တာ စိတ်မကောင်းပါဘူး။ ဒီနေ့တော့ ရုံးလည်း off ရက်ဆိုတော့ အသုံးဝင်မယ့် application လေးတွေ ရှာတင်ပေးပါမယ်။
ရှာနေတုန်းမှာပဲ the voice apk လေးကို တွေ့လို့ တင်ပေးလိုက်ပါတယ်။ The Voice Weekly မှ တင်သမျှ ပို့စ်တွေကို အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်မယ့် application လေးပါ။


Thursday, August 16, 2012

Maxthon Browser


PC မှာလည်းသုံးဖူးကြလားမသိဘူး။ Maxthon3 ကိုလေ ...
မသိသေးဘူးဆိုရင်တော့ www.maxthon.com မှာသွားကြည့်ကြည့်ပါ။ PC မှာဆိုရင် သူက firefox ထက် ၁၆ ဆ မြန်တယ်ဆိုပဲ။ အင်း ... ဟုတ်မဟုတ်တော့ စမ်းကြည့်မှပဲ ယုံပေါ့။

ခု  Android Version လေးလည်း ဒါဆို အားပေးလိုက်ရအောင်။ ဖိုင်ဆိုက်ဒ်က 2.17 MB ရှိတယ်။

Maxthon Browser အားရယူရန်

အားလုံးပဲ အရာရာ အဆင်ပြေကြပါစေဗျာ ...

Internet Download Manager v1.0


စက်ရုပ်တွေအတွက် IDM လေးပါ။ သူက ရိုးရိုး သမရိုးကျ ဒေါင်းလုပ်ဒါထက် ဘယ်လောက်ပိုမြန်မယ် ဆိုတာကတော့ ပြောစရာ လိုမယ်မထင်ပါဘူး။ ဒေါင်းလုပ်လုပ်မယ်ဆိုရင် ၁၆ ပိုင်းအထိ ခွဲပြီး ဒေါင်းတယ်။ ပြီးတော့မှ အကုန်ပြန် ပေါင်းပေးတယ်။
သူ့ကို သုံးပြီးဒေါင်းချင်တယ်ဆိုရင်တော့ ကိုယ်ဒေါင်းမယ့် လင့်ပေါ်မှာ ဖိ။ ပြီးတော့ share ။ ပြီးရင် IDM ကိုရွေး ။ ပြီးတော့ download ဆိုတာလေး နှိပ်ပေးလိုက်ရုံပဲ။ သူ့ဟာသူ ဒေါင်းသွားမယ်။
သုံးပျော်မယ့် application လေးမို့ လိုအပ်မယ်ထင်ရင် ဒေါင်းသွားလိုက်ပါဗျာ။


အားလုံးပဲ အရာရာ အဆင်ပြေကြပါစေဗျာ ...

Monday, August 13, 2012

SoundBest Music Player v1.1.6


သီချင်းနားထောင်ရာမှာ ပုံမှန်ထက် ပိုပြီးတော့ ကျေနပ်မှုပေးစွမ်းနိုင်မယ့် player လေးပါ။
Widget Control လည်းလုပ်လို့ရသလို rock နဲ့ vocal အပါအဝင် EQ ကိုလည်း present ၁၁ခု ထည့်ပေးထားပါတယ်။ ကျွန်တော်ပြောတာနဲ့ သိမှာမဟုတ်ဘူး။
ကိုယ်တိုင်သုံးကြည့်လိုက် ...

Sound Best Music Player 1.1.6 အားရယူရန် (13.3 MB)

အားလုံးပဲ အရာရာ အဆင်ပြေကြပါစေဗျာ ...

Sunday, August 12, 2012

Samsung Galaxy S2 GT I9100 ကို Official ICS 4.0.4 တင်ရအောင်



အရင်ဆုံး firmware မြှင့်တော့မယ်ဆိုရင် ဆိုတဲ့ post လေးကို ဖတ်ကြည့်ပေးပါ။
ပြီးရင်တော့ လိုအပ်တာလေးတွေဒေါင်းရပါမယ်။

Where’s My Perry- Free 1.0.5



ဒီဂိမ်းလေးက ရေသွားရာလမ်းကြောင်းကို ပို့ရမယ့်နေရာအထိ ရောက်အောင်ရွှေ့ပြီး ဆော့ရမယ့် ဥာဏ်စမ်း ဂိမ်းလေပါ။ ရေခဲ၊ ရေငွေ့၊ မီးတွေနဲ့ သင့်တော်သလို အသုံးချပြီးတော့ Perry ကို လှောင်အိမ်ထဲက လွတ်အောင် ကူညီပေးရမှာပါ။
ဒါလေးဆော့ချင်ရင်တော့ Android Version 2.1 နဲ့ အထက် ရှိရပါမယ်။

Rat Fishing 1.0.7

ကြွက်ကလေးတွေကို အစာနဲ့မျှားပြီးတော့ ပြုတ်ကျအောင်ဆော့ရတဲ့ ဂိမ်းလေးပါ။



တဖြည်းဖြည်းနဲ့ ခက်ခက်လာမှာပါ။ အစာရဲ့အငွေ့နဲ့ မျှားပြီး ထောင်ခြောက်ဆင်မှာဆိုတော့ အစာဘယ်နေရာကိုချမလဲ ဆိုတာက အရေးကြီးပါတယ်။

Saturday, August 11, 2012

Unlock Root 2.3.1


အမြစ်တူးရာမှာ အလွန်လွယ်တဲ့ Tools ၁ ခုလည်းဖြစ်ပါတယ် .. တော်တော်များများကိုလည်း လုပ်လို့ရပါတယ် ... Android ဖုန်းတွေကလိတာ စိတ်ဝင်စားသူပဲဖြစ်ဖြစ် .. သူငယ်ချင်းဖုန်းတွေကို လုပ်ပေးချင်တာပဲ ဖြစ်ဖြစ် အမြစ်တူးဖို့ဆို ဆောင်ထားသင့်တဲ့ Tools လေး ၁ ခုလည်းဖြစ်ပါတယ် ..

Friday, August 10, 2012

Pool Break Pro_2.0.9

ဇယ်တောက်မလား ... ဘိလိယက်ထိုးမလား။ 9 Ball , 8 Ball ဘာတွေလဲတော့မသိဘူး
အို ... အစုံအစုံပဲ


board ဂိမ်းတော်တော်များများပါတယ်။ ဒီ apk လေးသာ ဒေါင်း ဆော့လိုက်တော့။


အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ ...

စက်ရုပ်ဖုန်းတွေအတွက် Trust Go Security


Android Mobile ဖုန်းတွေအတွက် Trust Go ကထုတ်ထားတဲ့ Anti-Virus Application လေးပါ။
ဒါလေးက အကယ်လို့ သင့်ဖုန်းထဲမှာ ထည့်ထားတဲ့ application တွေထဲမှာ စိတ်မချရတဲ့ application ရှိရင် လည်း Uninstall လုပ်ဖို့တောင်းပါတယ်။ ဖုန်းထဲက Conntact တွေ SMS တွေ Call History တွေ အကုန်လုံးကိုလည်း trustgo.com မှာ backup လုပ်ထားလို့ရပါတယ်။ Security ပိုင်းစိတ်ချရတဲ့ application လေးမို့ သုံးကြည့်ကြဖို့ အကြံပေးချင်ပါတယ်။

Trest Go Security အားရယူရန် ( 4 MB)

အားလုံးပဲ အရာရာအစစ အဆင်ပြေကြပါစေဗျာ ...

Free Myanmar Android Market APK

ကျွန်တော်တို့ Free Myanmar Android Market က တင်တဲ့ Game တွေ Application တွေ ကိုဖုန်းထဲကနေ အလွယ်တကူဒေါင်းချင်လို့ပဲဖြစ်ဖြစ် ... Tutorial တွေ Post တွေကို ဖုန်းထဲမှာ browser မသုံးပဲ တိုက်ရိုက်ဖတ်လို့ရအောင် apk လေး လုပ်ထားပါတယ်။ အားပေးကြပါဦးဗျာ ...



အားလုံးပဲ အရာရာ အဆင်ပြေကြပါစေဗျာ ...

Thursday, August 9, 2012

Traktor Digger


ဒါလည်း ဥာဏ်ကစားရတဲ့ Game လေး ၁ ခုပါပဲ .. ကိုယ်ကတော့ စက်ကြီးတွေ နေရာကနေ ဝင်ကစားပေးရမှာပေါ့ .. သူလိုချင်တဲ့ ရွှေတုံးလေးကို တင်ရမယ့်ကားပေါ် ရောက်အောင်ပို့ပေးရမှာဖြစ်ပါတယ် ..

One touch Drawing

One touch Drawing ဆိုတဲ့ အတိုင်း ၁ ချက်ထိပီးပီဆို မလွှတ်တမ်း သူဖြစ်စေချင်တဲ့ ပုံစံ တွေအဖြစ် မျဉ်းကြောင်းလေး နဲ့ ဆက်ဆွဲသွားရမယ့် ကစားနည်းလေးပဲ ဖြစ်ပါတယ် .. ခေါင်းသုံး ပီး ကစားရတဲ့ ကစားနည်း ၁ မျိုးလည်းဖြစ်တော့ ခေါင်းသုံးဆော့ရတာသဘောကျတဲ့သူတွေ အကြိုက်တွေ့နိုင်တယ် .. သချာင်္သမားတွေ လည်း သဘောကျ ကြမယ်ထင်ပါတယ် .. ဆော့ဖို့ ယူမယ်ဆို အောက်က Icon လေးကို နှိပ်ပီး ရယူလိုက်ပါ .. အားလုံး ပျော်ရွှင်ကြပါစေ ...

Brain Cube HD - Premium


နာမည်ကိုက Brain Cube .. ခေါင်းသုံးပီး ဆော့တာတွေ ကြိုက်တဲ့ သူတွေ အတွက်နောက်ထပ် ဂိမ်းလေး ၁ ခုပါပဲ .. ဒီလိုပုံစံ Idea တူ ဂိမ်းတွေ အများကြီးလည်း ထွက်ဖူးပါတယ် .. ဒါက HD လို့ ဆိုထားတော့ ပိုလည်း ကြည်တာပေါ့ .. အေးဆေး ခေါင်းသုံးပီး ဆော့တဲ့ သူတွေ အကြိုက်တွေ့မယ့်ဂိမ်း ၁ မျိုးပဲ ဖြစ်ပါတယ် ။

Sprinkle

မီးသတ်ရမယ့် ဂိမ်းလေးပဲ .. ဆော့ရတာ ကောင်းပါတယ် .. မြန်လည်းမြန်ရမယ် .. တွေးလည်းတွေးရမယ် .. ကျွမ်းကျင်မှုလည်းလိုတယ် .. အခန်းလိုက်ဆော့ရတဲ့ ဂိမ်းလေးပါပဲ ...

Samsung Galaxy Note N7000 ကို Official XXLRK ICS 4.0.4 တင်လို့ရပါပြီ



Samsung Galaxy Note N7000 သုံးနေတဲ့ user တွေအတွက် အခုနောက်ဆုံးဗားရှင်း XXLRK ICS 4.0.4 ဖြစ်ပါတယ်။ ဒီဗားရှင်းမှာ Camera Flash bud ပြဿနာတွေ Google Play နဲ့ အခြား Application တွေတော်တော်များများမှာ Force Close ဖြစ်တာတွေကို အကုန်လုံး ဖြေရှင်းထားတဲ့ Samsung Electronic ရဲ့ Official Update ဖြစ်တာကြောင့် Stable ဖြစ်ပါတယ်။ Jelly Beam 4.1 ကိုစောင့်မျှော် နေကြတဲ့ user များအတွက် မကြာမှီမှာပဲ ထွက်ရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။

Wednesday, August 8, 2012

New Zealand Samsung Galaxy S2 GT-I9100T ကို ICS Update 4.0.3 Android Ice Cream Sandwich I9100TDOLP5 TNZ Stock Firmware တင်နည်း

Samsung Galaxy S II GT-I9100T အတွက်ပါ။ ဟိုရက်က ကျွန်တော့ သူငယ်ချင်းတစ်ယောက် version မြှင့်တာ GT-I9100T ကို GT-9100G firmware ကြီးနဲ့မှားမြှင့်မိလို့ boot မတက်တော့ဘူး။ အဲဒါ သူ့အတွက်ရော တခြားသူတွေအတွက်ပါ တင်ပေးလိုက်တာပါ။ အကြံပေးချင်တာက firmware မြှင့်တော့မယ်ဆိုရင် ဖုန်းမော်ဒယ်နံပါတ်တူမတူ အရင်ကြည့်ပါလို့ ပြောချင်ပါတယ်။



အရင်ဆုံး ဒါလေးကို အရင်ဒေါင်းရပါမယ် ...
380.1 MB ဆိုတော့ နည်းနည်း စိတ်ရှည်ရှည်လေးနဲ့ အချိန်ပေးဒေါင်းလိုက်ပါဗျာ...

အချက်အပြုတ် ဝါသနာပါတဲ့ သူတွေအတွက် Bistro Cook 2 1.3.2

အပြင်မှာဟင်းမချက်တတ်ပေမယ့် ကိစ္စမရှိပါဘူး။ ဂိမ်းထဲမှာချက်ပေါ့။ တူးသွားရင်လည်း လွှင့်ပစ်လို့ရတယ်။ ဧည့်သည်တွေလာရင်တော့ မြန်မြန်ချက်မှ ဖြစ်မယ်နော်။ ဒါမှ အလျှင်မှီမှာ။ ဟင်းချက်တဲ့ ဂိမ်းဆိုပေမယ့် vocabulary တော့ ပိုပြီးသိသွားမှာပါ။ ဆော့ကြည့်ကြပါဦးဗျာ။
apk ဖိုင်ဆိုက်ဒ်က 3.99 MB ရှိတယ်။


Bristro Cook 2 အားရယူရန်

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ ...

Samsung Galaxy Series တွေမှ မြန်မာ font ထည့်နည်း

အကုန်လုံး သိပြီးသားဖြစ်မှာပါ ... ဒါပေမယ့် မသိသေးတဲ့ သူတွေအတွက် ပြန်တင်လိုက်တာပါ။ မနေ့က ကျွန်တော့ သူငယ်ချင်းတစ်ယောက် ဆိုင်မှာ ဟန်းဆက်ဝယ်ရင်းနဲ့ ထည့်လာတာ ၅၀၀၀ ပေးလိုက်ရတယ်ဆိုလို့ပါ။ ဒီလိုမျိုးတွေ မဖြစ်စေချင်ပါဘူး။ ဒါ ဘာမှ ခက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ကဲ ... ထားလိုက်ပါတော့ ကျန်တဲ့သူတွေအတွက်ပေါ့ဗျာ ..

မြန်မာဖောင့်ထည့်ဖို့အတွက် ဇော်ဂျီဖောင့် နဲ့ frozen keyboard ကိုဒေါင်းရပါမယ်။

မြန်မာလို မြင်ရဖို့အတွက် Zawgyi-One TTF ကို ဒေါင်းပါ


APN ကို လွယ်လွယ်ကူကူ ဖွင့်ဖို့ ပိတ်ဖို့ အတွက် APN Switch(3g ON-OFF) 1.312


အင်တာနက်သုံးဖို့ settings ထဲဝင်မယ် ... ပြီးတော့ Wireless and networks > Mobile networks > Use packet data ကို သွား အမှန်ခြစ်ရဦးမယ် ...

ဒီလို အဆင့်တွေ ဝင်နေရတာ ကြာတယ်ထင်ရင် ဒါလေးကို install လုပ်ထားလိုက်ပါလား
widget အနေနဲ့ တင်ထားလို့လည်းရတယ် ... icon လေးကို နှိပ်လိုက်ရုံနဲ့ အင်တာနက် သုံးနိုင်ပြီ
အိုကေ ...

APN Switch အား ရယူရန်

အားလုံးပဲ အရာရာ အဆင်ပြေကြပါစေဗျာ ...

Tuesday, August 7, 2012

TubeMate YouTube Downloader Pro



You Tube က Video ဖိုင်တွေကို ဖုန်းထဲကနေ တိုက်ရိုက်ဒေါင်းဖို့ ဒီ application လေးရှိနေရင် ပြည့်စုံပါပြီ
You Tube Application တောင်မလိုဘူးဗျ ...
ဒီထဲကနေဝင်ပြီး ကြည့်လို့ရသလို လွယ်လွယ်ကူကူပဲ Download ကိုနှိပ်ပြီးဒေါင်းလိုက်ယုံပါပဲ။
အရမ်းမိုက်တာက Video Quality ကို HD တောင် ရွေးပြီး ဒေါင်းလို့ရတာပဲ ...

TubeMate YouTube Downloader Pro အား ရယူရန် (981 KB)

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ ...