Tuesday, July 31, 2012

1 Mobile Market

1 Mobile Market ဆိုတာ တခြားတော့မဟုတ်ပါဘူး .. Internet ရှိတယ်ဆို Free App တွေ Free Games တွေ လိုက်ရှာပီး ဒေါင်းလို့ရနိုင်တဲ့ Site လေး ၁ ခုပါပဲ .. သူ့ထဲမှာ ပြထားသမျှ အားလုံး အားလုံး က Free တွေ ကြည်းပဲ .. လိုက်ရှာနိုင်ဖို့တော့လိုတယ်လေ .. သွင်းထားတဲ့ ထဲက Apps တွေ သူ့ထဲမှာ Update ပေါ်ပီဆိုလည်း alert ပေးသေးတယ်လေ ..  Free တွေကြည်းစုထားတာ ဖြစ်တဲ့ အတွက် ကြိုက်နေပီ ပိုက်ဆံ ပေးရမယ်ဆိုတဲ့ ကိစ္စ ရှင်းသွားတယ် .. ဖုန်းထဲကနေ တိုက်ရိုက်လှမ်းပီး ရှာလို့ ဒေါင်းတဲ့ Site လေးပေါ့ .. App လေးထည့်ထားမယ်ဆို တခါတည်း Auto Update တွေပြတာ လှမ်းရှာတာ လုပ်လို့ ကောင်းတာပေါ့ ... Site ရဲ့ လင့်လေးကတော့ http://www.1mobile.com/app/market/
Apk လေး လိုချင်တယ်ဆိုရင်တေ့ အပေါ်က ပုံလေးကို နှိပ်ပီး ရယူနိုင်ပါတယ် ..

Google Play ဝင်နည်း နောက်တစ်မျိုး (Root လုပ်ထားဖို့ လိုပါတယ်)

Droid VPN, Tun.ko, Market Unlocker တို့နဲ့ အဆင်မပြေသူများအတွက် Google Play ကို United States ပြင်ပကနေ ဝင်တဲ့ နောက်တစ်နည်းပါ။ အရိုးရှင်းဆုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက တချို့သော ဖုန်းတွေမှာတော့ အဆင်မပြေပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ ... အဆင်ပြေမယ့် သူတွေအတွက် အသုံးဝင်နိုင်အောင် တင်ပေးလိုက်တာပါ။ စမ်းကြည့်လို့တော့ အကျိုးမယုတ်ပါဘူး ... နော့။


Monday, July 30, 2012

Google Chrome ကိုသုံးပြီး Google Play က Free APK ဖိုင်တွေ ကို PC ထဲတန်း ဒေါင်းမယ်


Chrome ကို သုံးပြီး apk ဖိုင်တွေ တန်းဒေါင်းဖို့အတွက် လိုအပ်တာတွေကတော့ ...

Chrome 17 or later
Device ID
APK Downloader Chrome Exetnsions

1. Google Chrome ကို ကွန်ပြူတာထဲကို အရင် Install လုပ်ရပါမယ်။
2. ပြီးရင် Device ID ကို သင့်ရဲ့ Android Device ထဲကို Install လုပ်ရပါမယ်။
3. APK Downloader Chrome Extension ကို Install လုပ်ရပါမယ်။

Sunday, July 29, 2012

Scanner နဲ့ဝေးရာနေရာရောက်နေတုန်း Scan ဖတ်ချင်ရင် ဘယ်လိုလုပ်မလဲ

Portable Scanner Lite 1.2.3 ရှိပါတယ်။ ဖတ်ချင်တဲ့ Page များကို Phone Camera နဲ့ ဓါတ်ပုံရိုက်ပြီး PDF ဖိုင်အနေနဲ့ Save နိုင်မှာဖြစ်ပါတယ်။ ကြည်လင်ပြတ်သားမှုကတော့ သင့်ကင်မရာရဲ့ Mega Pixel ပေါ်လည်းမူတည်ပြီး Portable Scanner Lite 1.2.3 မှ Sharpening Technique အတွက် အတတ်နိုင်ဆုံး ထောက်ပံ့ထားပါတယ်။

       


အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

Saturday, July 28, 2012

WhatsApp နဲ့ Message ပို့ကြရအောင် !

            
               အားလုံးနဲ့မိတ်ဆက်ပေးချင်တဲ့ Application လေးက Whats App ပါ ... ဒီကောင်လေးက Andriod ဖုန်းတင်မဟုတ်ပဲ ဖုန်းအမျိုးအစားတော်တော်များများနဲ့ချိတ်ပြီး Message ပို့လို့ရပါတယ် ... အသုံးပြုလို့ရမယ့်အမျိုးအစားတွေကတော့ iPhone, BlackBerry, Android, Windows Phone နဲ့ Nokia(Symbian) Java ဖုန်းများပဲဖြစ်ပါတယ် ... 

              
     ဖုန်း Message အပြင် Video တွေ အသံတွေကိုပါ ပို့ပေးလို့ရမှာဖြစ်ပါတယ် ... WhatsAppကို အသုံးပြုချင်ရင်တော့ ဖုန်းကနေအင်တာနက်ချိတ်ပီး http://www.whatsapp.com ကနေကိုယ်အသုံးပြုနေတဲ့ဖုန်းပေါ်မူတည်ပီး ဒေါင်းလုပ်ပြုလုပ်နိုင်မှာဖြစ်ပါတယ် ... Market ထဲမှာလဲ WhatsApp လို့စာရိုက်ထည့်ပီးလဲ ရှာနိုင်ပါတယ် ... အသုံးပြုပုံလေးကလဲရိုးရှင်းလွယ်ကူပါတယ် ... WhatsApp ကိုဖွင့်လိုက်ရုံနဲ့ ယခုအသုံးပြုနေတဲ့ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ရုံနဲ့ မိနစ်အနည်းငယ်အတွင်း ချိတ်ဆက်အသုံးပြုလို့ရပါပြီ ... WhatsApp ဘယ်သူတွေအသုံးပြုနေတယ်ဆိုတာကို Contacts ထဲမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ် ... တကယ်လို့ကိုယ်ပေးပို့ချင်တဲ့သူမှာ WhatsApp မတတ်ဆင်ထားဖူးဆိုရင်လဲ Invite လုပ်ပေးနိုင်ပါတယ် ... တခြားဘာမှ SignUp လုပ်စရာ အကောင့်ပေးစရာမလိုပဲ အင်တာနက်ချိတ်ဆက်ရုံနဲ့ Free အသုံးပြုနိုင်တာမို့ အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ် ... တကယ်လို့အဆင်မပြေတာများ အခက်အခဲများရှိရင်လဲ Mail သို့မဟုတ် Comment ပို့၍ မေးမြန်းနိုင်ပါတယ် ... ။

HD GAME ကောင်းကောင်း ဆော့မယ်ဆိုရင်တော့ DEAD TRIGGER 1.1.0 ရှိတယ် ...

ဒီလ ၂၄ ရက်နေ့က ထွက်တာဗျ။ File Size ကတော့ 118.62 MB ရှိပါတယ်။ Action Game အမျိုးအစားပါ။ Android Version 2.3.3 နဲ့ အထက်ရှိရပါမယ်။ Android Version 4.1 Original User တွေအနေနဲ့ ဒီ Game Version 1.0.1 ရှိပီးသားဆိုရင် ထပ်မတင်ပါနဲ့တော့။ အဆင်မပြေနိုင်လို့ပါ။


118.62 MB ဆိုတော့ ဒေါင်းလုပ်လင့်ကိုတော့ 1Mobile ကပဲ ချိတ်ပေးလိုက်တယ်ဗျာ ...

Dead Trigger အား ရယူရန်

အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ ...

ICS မှာ မြန်မာစာ ရှေ့နောက်မမှားစေဖို့


ICS firmware မှာ ဇော်ဂျီ ဖောင့်ကို ရှေ့နောက် မညီမညာ ဖြစ်နေပါတယ်။
အဲဒီ ပြသနာကို ဖြေရှင်းဖို့ အတွက် Browser ကို သုံးချင်ရင် Firefox Browser ကို သုံးပါ။
facebook သုံးချင်ရင်တော့ Firefox Browser ကလည်း သုံးနိုင်သလို Friendcaster Pro ကိုလည်း သုံးနိုင်ပါတယ်။
အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Samsung Galaxy series 4.0 အထက် မြန်မာ font ထည့်နည်း


အခုပြောပြပေးမှာကတော့ samsung 4.0 အထက် ဖုန်းများကို မြန်မာ ဖောင့်ထည့်နည်းပါ။
မြန်မာ font ပေါ်ရင် ပြီးပြီ ဆိုသူများအတွက်တော့ အောက်ပါ fontchanger ကို install လုပ်လိုက်ရင်ရပါပြီ။

မြန်မာ စာပေါ်ရုံဖြင့် အားမရသေးဘူး။ display ထဲက font style မှ english font style များကို design စုံ ပြောင်း ချင်သူများအတွက်တော့ အောက်ပါနည်းကို သုံးရပါမည်။
အောက်ပါနည်းကို သုံးလျှင် မြန်မာ font နှင့် English font များကို အဆင်ပြေပြေသုံးနိုင်သော်လည်း တခြား တရုတ် font များကိုတော့ မြင်တွေ့ရမှာ မဟုတ်တော့ပါ။
လိုအပ်သော root explore နှင့် droidsanfallback.ttf ကို အောက်တွင်ဒေါင်းပါ။

Parallel Zombies 1.0.7



နောက်ဆုံးထွက် ဂိမ်းလေးပါ ... အရေအတွက်များစွာဖြင့် လမ်းမတွေပေါ်မှာ လျှောက်သွားနေတဲ့ Zombie တွေကို နှိမ်နှင်းရမှာပါ ... ဒါပေမယ့် ရုန်းကန်တိုက်ခိုက်နေရတာက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဆော့ကြည့်ပါဦး ...
ဆိုဒ်ကတော့ 41.6 MB ရှိပါတယ် ...

Parallel Zombies 1.0.7 အားရယူရန် (42 MB)

အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ ...

Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင်



Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ ...
အဲ ဒါပေမယ့် ... ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ ...

Friday, July 27, 2012

Galaxy Note GT-N7000 official 4.0.4 ကို root လုပ်နည်း


အခုပြောမှာကတော့ samsung Galaxy Note GT-N7000 official 4.0.4 ကို root လုပ်နည်းဖြစ်ပါတယ်။
လိုအပ်သော ဖိုင် ၂ ဖိုင် ကိုဒေါင်းပါ။


ဒါင်း၍ ရသော ဖိုင် ၂ ခုကို sd card ထဲသို့ထည့်ပါ။
ဖုန်းတွင် setting/security/Unknown sources ကို အမှန်ခြစ်ထားပါ
ဖုန်းတွင် setting/Developer options/USB debugging ကို အမှန်ခြစ်ထားပါ။
ဖုန်းကို volume up + home key + power ကို ပြိုင်တူနှိပ်၍ recovery mode သို့ဝင်ပါ။
update from external storage သို့ ၀င်၍ CWM.zip ဖိုင်ကို update လုပ်ပါ။
stock recovery မှ CWM toch recovery ပြောင်းသွားပါလိမ့်မယ်။
 ပြီးလျှင် install zip from sdcard > choose zip from sdcard > SU-Busybox-Installer.zip ကို update လုပ်ပါ။
main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
အခုဆိုရင်တော့ Galaxy Note GT-N7000 official 4.0.4 ကို root လုပ်ချင်းပြီးစီးပါပြီ။
ဖုန်း reboot တက်လာပါက application ထဲတွင် super user ကို တွေ့ရပါမည်။
အားလုံး အဆင်ပြေကြပါစေ.............

Galaxy Note GT-N7000 ကို official 4.0.4 တင်နည်း


အခုပြောပြမှာကတော့ Galaxy Note GT-N7000 ကို official 4.0.4 တင်နည်းဖြစ်ပါတယ်။
firmware မတင်မှီ လိုအပ်သော data များကို back up ယူထားပါ (eg. contact,SMS, etc...)
ဖုန်း၏ battery ကို အနည်းဆုံး 80% လောက် အားပြည့်အောင်သွင်းထားပါ။
အဲဒါတွေပြီးရင်တော့ firmware update လုပ်လို့ရပါပြီ။




ပထမဆုံးဒေါင်းထားသည့် N7000DXLR2_N7000OLBLR1_XSP.zip ဖိုင်ကိုဖြေလိုက်ပါ။
အောက်မှာပြထားသည့်အတိုင်း ဖိုင် ၂ ခု ထွက်လာပါမည်။


Computer ပေါ်မှာ apk ဖိုင် logo ဖော်မယ်


အခုပြောမှာ ကတော့ Computer ပေါ်မှာ apk ဖိုင်ရဲ့ logo ပုံလေးတွေ မြင်ရအောင် လုပ်နည်းဖြစ်ပါတယ်။
အခု version မှာတော့ Window 7 32 bit နှင့် 64 bit မှာပဲ ကောင်းကောင်း အလုပ်လုပ်ပါသေးတယ်။
မိမိ ကွန်ပျူတာမှ .netframework 4 တင်ထားရပါမည်။


.netframework 4 ကို computer မှာ မတင်ရသေးရင် တင်လိုက်ပါ။ တင်ပြီးရင်တော့ တင်စရာမလိုတော့ပါဘူး။
apkshelltxt_v2_1.zip ကို ဖြေလိုက်ပါ။
zip ဖြေ၍ ရလာသော folder ထဲမှ install.bat ကို run လိုက်ပါ။
run လို့ ပြီးရင်တော့ Computer ကို restart ချလိုက်ပါ။
အဲဒီအချိန် မှာတော့အောက်မှပြထားသည့်အတိုင်း မိမိရဲ့ computer ထဲမှာ apk ဖိုင်တွေကို ဖုန်းထဲက လို logo လေးတွေပေါ်ပြီး စိတ်ကြိုက် ရွေးချယ် လို့ရပါပြီ။


အားလုံးအဆင်ပြေကြပါစေ...........

Flash Light Torch LED HD

အလင်းရောင်မရှိတဲ့နေရာတွေ .. လှေကားမီးတွေ ပိတ်နေလို့ပဲ ဖြစ်ဖြစ် အရေးပေါ် အလင်းရောင်လိုချင်ရင် သုံးလို့ အဆင်ပြေမယ့် Application လေးပဲဖြစ်ပါတယ် ။



Thursday, July 26, 2012

Fake Call Scheduler 1.2



Meeting ရှောင်ချင်တာပဲ ဖြစ်ဖြစ် ... ဒီနေရာကနေ အရေးကြီးတဲ့ ဖုန်းလာလို့ ရှောင်ထွက်သွားနိုင်ဖို့ အသုံးပြုလို့ ရတဲ့ Application လေးပါ ...
ကိုယ် ဆီလာမယ့် ဖုန်းနံပါတ်နဲ့ နာမည်ပါ ဖြည့်ထားလို့ ရတာကြောင့် မသိရင် တကယ် ဖုန်းလာတဲ့ အတိုင်းပါပဲ ...
သဘောကျလို့ ဒေါင်းချင်တယ်ဆိုရင်တော့ အောက်က လင့်လေးကနေ ယူလိုက်ပါဗျာ ...

click here to download

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

Flight Mode မှာ Wifi သုံးချင်ကြတဲ့သူများအတွက် Air Plane Mode Wifi Tool 1.5.1


ဖုန်းမှာ Flight Mode ထားလိုက်ရင် Wireless Network အကုန်လုံး ပိတ်လိုက်တယ်ဆိုတော့ Wi-Fi သုံးချင်ရင်တောင် အဆင်မပြေဘူးဖြစ်နေမှာပေါ့ ...

ဒါလေးသုံးကြည့်လိုက်ပါဗျာ ...

click here to download

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

ဖုန်းမှာ သူများတွေ မကိုင်ရဲအောင် Battery ကုန်ခါနီးပုံစံလေး လုပ်ထားမလား

ဘက်ထရီ ကုန်ခါနီးလို့ ငါ့ဖုန်း ဘက်ထရီကုန်တော့မယ်ကွာ မကိုင်နဲ့တော့ လို့ ကိုယ့်ဖုန်း ကလိနေတဲ့ သူငယ်ချင်းတွေ ကို ပြောလို့ရအောင် ဒီ application လေးတော့ ထည့်ထားသင့်တယ် နော့ ...

Fake Battery (Cupcake 1.02)





သုံးရတာလည်း ရိုးရှင်းပါတယ် ... အောက်ကလင့်လေးကနေ ဒေါင်းလိုက်ပါဗျာ ...

click here to download

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

Samsung Galaxy S III GT I9300 ကို ဖုန်းကနေ တိုက်ရိုက် Update လုပ်လို့ရပြီ ....



Samsung Galaxy S III GT I9300 ကိုင်ထားကြတဲ့ International User တွေအတွက် OTA Update လုပ်ချင်တယ်ဆိုရင်တော့  ...

ဂိမ်းကြီးကြီး ဆော့ချင်သပါ့ ဆိုတဲ့ Gamer တွေအတွက် Dungeon Hunter 3




ဒေါင်းလုပ်လုပ်မယ်ဆိုရင်တော့ apk ဖိုင်ချည်းပဲ 991.07 MB ရှိပါတယ် ...
ဒီလောက်တော့ ကျွန်တော်လည်း မတင်နိုင်လို့ 1mobile ကလင့်လေးပဲ ပေးထားလိုက်ပါတယ်ဗျာ ...


click here to download


အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ ...

Android ဖုန်းတွေမှာ သင်မသိတဲ့သေးတဲ့ Secret Codes



Android ဖုန်းတွေမှာ Keypad ကနေ အောက်က ကုတ်လေးတွေရိုက်လို့ရှိရင် Hidden Feature လေးတွေ activate လုပ်တာတို့ ... MMS Service ချိန်းတာတို့ ... ရေဒီယိုကို လုံးဝ ပိတ်တာတို့ လုပ်လို့ရပါတယ်။
အောက်မှာ အဲ့ဒီ ကုတ်လေးတွေ ပြပေးထားပါတယ်ဗျာ ...

BE AWARE - MANY OF THESE CODES HAVE BEEN REPORTED NOT TO WORK ON A NUMBER OF HANDSETS.

These codes are listed below:

Tuesday, July 24, 2012

ဖုန်းထဲမှာ Music နဲ့ Video ဖိုင်တွေထည့်ဖို့အတွက် အသုံးဝင်မယ့် Format Factory 2.96



Phone Application မဟုတ်ပါဘူး။ Computer Installer လေးပါ။ ဖုန်းထဲမှာ ထည့်ဖို့အတွက် CD ထဲက သီချင်းတွေကို Mp3 ပြောင်းချင်တာပဲ ဖြစ်ဖြစ် DVD ထဲက Movie တွေကို Mp4 ပြောင်းချင်တာပဲဖြစ်ဖြစ် တော်တော်လေးကို အသုံးဝင်တဲ့ Format Factory က နောက်ဆုံးထွက် version 2.96 ဖြစ်ပါတယ်။ ဒီ software လေးက officially free ပေးထားတဲ့ software လေးပါ ...


Monday, July 23, 2012

iStunt 2

I-phone တွေ မှာ လည်းဆော့လို့ရတဲ့ Game ပါ Flash Games လေးတွေ တော်တော်များများ ဆော့လို့ရတဲ့ Miniclip က ထုတ်ထားတဲ့ Game လေးဖြစ်ပါတယ် .. iStund 2 ပါ .. ဖုန်းကို ဘယ်ညာ ယိမ်းပီး ဆော့ရတဲ့အတွက် ဆော့လို့ကောင်းတဲ့ Game ၁ခုပါ .. 

File Size က 20.39 MB ဆိုတော့ ပေါ့ပေါ့ ပါးပါးနဲ့ ဆော့လို့ ကောင်းတဲ့ ဂိမ်း ၁ မျိုးလည်းဖြစ်ပါတယ် ..

ကြက်တွေနဲ့ တိုက်ပွဲဝင်ရမယ့် Chicken Revolution 1.0.0



ဆော့လို့ကောင်းမယ်ထင်လို့ တင်ပေးလိုက်တာပါ ... ဖိုင်ဆိုက်ဒ် ကတော့ 37 MB ရှိပါတယ် ...
  
click here to download

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

Samsaung Galaxy Mini S5570 ကို XWKTN Gingerbread 2.3.6 Firmware နဲ့ ဗားရှင်းမြှင့်ကြည့်ရအောင်



Samsung Galaxy Mini S5570 ကို ဗားရှင်း မြှင့်ချင်တဲ့ သူတွေအတွက် Officially Gingerbread 2.3.6 ဆိုပြီး ထွက်လာပါပြီ။ အဲတော့ အရင် ဗားရှင်း 2.3.4 ကို သုံးနေတဲ့ Mini User တွေလည်း ဘယ်လို လုပ်ရမလဲဆိုတာ သိချင်ရင်တော့ နည်းလေးတစ်ခုကို ကျွန်တော် ပြောပြချင်ပါတယ်။ ဗားရှင်း မြှင့်လိုက်ရင်တော့ သင့်ဖုန်းရဲ့ လုပ်ဆောင်မှု စွမ်းရည်ဟာ သိသိသာသာ မြန်ဆန်လာတာကို တွေ့ရမှာပါ။

Sunday, July 22, 2012

Speed Up Internet ဆိုတဲ့ Application လေးသုံးပြီး Internet Speed မြှင့်ကြမယ်



အင်တာနက် အမြန်နှုန်းကို မြှင့်တဲ့ Application တွေ အများကြီးသုံးဖူးပါတယ်။ ဒါပေမယ့် သိပ်တော့ မထူးခြားလာဘူး ... အဲ ... မနေ့က ဒါလေးတွေ့လို့ သုံးကြည့်လိုက်တော့ သိသိသာသာ တက်လာတယ်ဗျာ။ သုံးရတာလည်းလွယ်တယ် ... ဘာမှ setting တွေချိန်စရာမလိုဘူး ... ကိုယ်သုံးနေတဲ့ Network ကို ရွေးပေးလိုက်ရုံပဲ ... 


ဒါလေးကို ကြိုက်ကြမယ်လို့ ထင်ပါတယ် ... အဆင်မပြေတာ ရှိရင်လည်း ပြောကြပါဦးဗျာ ...
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

Saturday, July 21, 2012

Link2SD ( ဖုန်းထဲမှ App များကို SD ထဲကို တတ်နိုင်သလောက်ရွှေ့မယ် *Root* )

ဖုန်းဝယ်ပီး App တွေ Install လုပ် .. Game တွေ Install လုပ်တော့မှ .. '' ငါ့ဖုန်းက Internal Storage  တော်တော်နည်းတယ်ကွာ '' ဆိုတဲ့ သူငယ်ချင်းတွေအတွက် အနည်းငယ်ပို အဆင်ပြေလာမယ့် နည်းလမ်း ၁ ခုပြောပြပါမယ် .. သုံးရမယ့် App ကတော့ Link2SD ဆိုတာလေးပါပဲ .. သူက Apk ဖိုင်လေးကို Run လိုက်ရုံနဲ့တော့ တန်းသုံးလို့မရဘူး .. ဘာဖြစ်လို့လဲဆိုတော့ SD Cardထဲမှာ သွားသိမ်းမှာလေ .. အဲ့တော့ SD Card လေး မှာ သွားပြင်ရတာလေးတော့ရှိတယ် .. အနည်းငယ်အလုပ်ရှုပ်တယ်ပေါ့ .. ဒါပေမယ့် .. ဖုန်းလေးမှာ App တွေ ခပ်များများသွင်းဖို့ .. ပိုပီး Space တွေ များဖို့ဆိုရင်တော့ လုပ်ရမှာပဲ ပေါ့ .. မဟုတ်လား ?? ?? ??  :)   * Root လုပ်ထားပီးသား ဖြစ်ရပါမယ် ။

Bridge Constructor Free 1.1



တံတားဆောက်တဲ့ ဂိမ်းလေးပါ။ Level 30 အထိရှိပါတယ်။ ဆော့ကြည့်ကြပါဦး။ Download လုပ်မယ် ဆိုရင်တော့ File Size 24 MB ရှိပါတယ်။

Bridge Constructor  အား ရယူရန်

အားလုံးပဲ ... အဆင်ပြေကြပါစေဗျာ ...

ပုရွက်ဆိတ်တွေကို နှိမ်နှင်းတဲ့ Ant Smasher


ပုရွက်ဆိတ်တွေကို လက်နဲ့ဖိပြီး ဆော့ရတဲ့ ဂိမ်းလေးပါ။ အဟောင်းလေး ဆိုပေမယ့် တော်တော်လေး ဆော့ လို့ကောင်းပါတယ်။ Level မြင့်လာတာနဲ့အမျှ ကိုယ်က ပိုသွက်ဖို့ လိုလာပြီ။ ရှိပြီးသားဖြစ်ချင်လည်း ဖြစ်မှာ ပါ။ စိတ်ရှုတ်စရာတွေ ကြုံလာတဲ့အခါ ဒီဂီမ်းလေးက ထွက်ပေါက်ပေးလို့ ရပါတယ်။ apk ဖိုင်လေးကို လိုချင် တယ်ဆိုရင် အောက်က လိုဂိုလေးကို နှိပ်ပြီး ဒေါင်းလိုက်ပါဗျာ ... ဆိုက်ဒ်ကတော့ 8.34 MB ပဲရှိပါတယ်။

အားလုံးပဲ စိတ်ပျော်ရွှင်ကြပါစေဗျာ ...

Friday, July 20, 2012

Soccer Superstars 2012


ဘောလုံးဂိမ်းတွေထဲကမှ အခုနောက်ဆုံး Android အတွက် အသစ်ထွက်တဲ့ Soccer Superstars 2012 လေးပါ ... Google Play မှာထွက်ပြီး ၁၂ နာရီအကြာမှာ ဒါလေးတင်လိုက်တာဆိုတော့ ကျွန်တော်လည်း ဆော့မကြည့်ရသေးဘူး ... သူငယ်ချင်းတို့ပဲ အရင်ဆော့ကြည့်လိုက်တော့ဗျာ ... အဆင်မပြေလည်း ပြန် ပြောပေါ့ ...

ဒေါင်းလုပ်လင့်ကိုတော့ အောက်မှာပေးထားပါတယ် ...


အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

Thursday, July 19, 2012

Rovio က အသစ်ထပ်ထွက်လာတဲ့ Amazing Alex


ဒါကတော့ ဒီလ ၁၁ ရက်နေ့ကမှ ထွက်လာတဲ့ Brain & Puzzle ဂိမ်းလေးပါ။ Angry Birds ကိုထုတ်ခဲ့တဲ့ Rovio Company ပဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။  Angry Birds ကို အရူးအမူးစွဲလမ်းခဲ့ရင် ဒီဂိမ်းလေးလည်း ကြိုက်နှစ်သက်မှာပါ။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာ သင်ဟာ Angry Birds ထက်ပိုပြီးတော့ logic ပိုင်းတွက်ချက်မှုမှာ ခက်ခက်ခဲခဲ စဉ်းစားရတော့မယ်လေ ...


အကယ်လို့ သင်က Diary ပုံမှန်ရေးတတ်တဲ့သူဆိုရင် ဒါလေးတော့ ရှိထားသင့်တယ်


Private Diary တဲ့ ...
တကယ့်ကို private ဖြစ်ပါတယ်။ password နဲ့လည်း ပိတ်ထားနိုင်တာဆိုတော့ အပြင်မှာလို အမှတ်တမဲ့နဲ့ ကိုယ်ဖွက်ထားတဲ့ ဒိုင်ယာရီစာအုပ်ကို တစ်ယောက်ယောက်ကတွေ့သွားလို့ ဖတ်မိသွားတာမျိုး မဖြစ်တော့ဘူးပေါ့။ အောက်မှာ download လင့်လေး ပေးထားပါတယ်နော်။ အဆင်မပြေလည်း ပြန်ပြောပေါ့။

click here to download

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

ဘောပွဲချစ်တဲ့ ကိုကိုတွေ အတွက် Livescore Application


ဒါလေးကတော့ livescore application လေးပါ။ ဘောပွဲအချိန်မှာ အပြင်ရောက်နေလို့ ကိုယ်ကြိုက်တဲ့အသင်း နိုင်ရဲ့လား .... ဘယ်နှစ်ဂိုးရှိသွားပြီလဲ ... သိချင်မှာပေါ့။ အင်တာနက်သာ ချိတ်ထား ... line-up ဘယ်လိုထွက်တယ် ... ဘယ်သူက သွင်းတယ် အကုန်ကြည့်လို့ရတယ်။ ဘောပွဲတင်မကပါဘူး ... Tennis နဲ့ Basketball လည်း ဝါသနာပါရင် livescore မှာ result ကို live ကြည့်လို့ရပါတယ်။

click here to download

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

Incoming Call လာရင် ပုံကို အကြီးကြီး ပေါ်ချင်လား


ဒါကတော့ Full Screen Caller ID ဆိုတာလေးပါ။ ပုံမှန်ဖုန်းလာရင် ပေါ်တဲ့ ပုံလေးက သေးတယ်ထင်ရင်တော့ ဒါလေးသာ install လုပ်ထားလိုက်ပါတော့။

click here to download

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

RPG ဂိမ်းကောင်းကောင်း ဆော့ချင်ကြသူများအတွက် Inotia 4


ဒါကတော့ အသစ်ထွက်တဲ့ Inotia 4 လေးပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကမှ ထွက်တာဗျ။ RPG ဂိမ်းလေးပေါ့။ Graphic အနေနဲ့ အရမ်းကောင်းတယ်။ အခုပဲ ကျွန်တော် ဒေါင်းပြီးလို့ ဖုန်းထဲထည့်လိုက်တာပါ။


Wednesday, July 18, 2012

LONGMAN (Dictionary of Contemporary English)

Dictionary ဆိုတာ ကျွန်တော်တို့ အတွက် လိုအပ်နေဆဲ အရာ၁ခုဖြစ်ပါတယ် .. ဖုန်းထဲမှာလည်း တော်တော်များများ Dictionary ထည့်ထားကြပါတယ် .. လိုခြင်ကြပါတယ် .. ဒါပေမယ့် .. Dictionary Applications တွေ တင်ပီး Run ကြည့်တော့မှ လိုချင်တဲ့ စာလုံးမရှိတာရယ် .. Online လိုတာရယ် ဆိုတာတွေက စိတ်ကို ကသိကအောင့် တော်တော်ဖြစ်ပါတယ် .. ဖုန်းတွေမှာ Internet တွေ ရနေပီဆိုတာတောင် Offline Mode ကို ပိုလိုချင်ပီး တောင့်တ မယ်လို့လည်းထင်ပါတယ် .. ခု ကျွန်တော်တင်ပေးမယ် Dictionary ကတော့ LONGMAN ပါ ..

Google Play ကို ဝင်လို့မရသူများအတွက်

အခုဆို မြန်မာပြည်ကနေ Google Play ဝင်နည်းကို တော်တော်များများ သိထားပြီးသားလည်း ဖြစ်မှာပါ။ ဒါပေမယ့် မအောင်မြင်တဲ့သူတွေလည်း ရှိပါတယ်။ ဒီတော့ ကျွန်တော်က ကျွန်တော်သိထားတာလေး ပြန် share လိုက်ပါတယ်။
သိထားသလောက်ကတော့ Google Play ဝင်မယ့် ဖုန်းက အမြစ်တူးပြီးသား ဖြစ်ရပါမယ်။ Google Play ကတော့ ဖုန်းထဲမှာပါပြီးသား ဖြစ်မှာပါ။  တစ်ချို့ဖုန်းတွေက Android Market ဒါမှမဟုတ် Market ဆိုပြီးပါပါတယ်။  အတူတူပါပဲ။  အဲဒါကို Google က Update လုပ်ပြီး Google Play ဖြစ်သွားတာပါ။ ပြီးတော့ အောက်က application လေးတွေလိုပါတယ်။ အရင်ဒေါင်းလိုက်နော်။

ဖုန်းမှာ ပါဝါခလုတ်ကို နှိပ်စရာမလိုဘဲ lock ချမယ်

ဒါကတော့ android ဖုန်းတွေမှာ ပါဝါခလုတ်ကို မနှိပ်ဘဲနဲ့ ဖုန်းပေါ်က icon လေးကို နှိပ်လိုက်ရုံနဲ့ lock ချလို့ ရတဲ့ application လေးပါ။  ကျွန်တော့ဖုန်းဆို power ခလုတ်က ဘေးမှာဆိုတော့ နှိပ်ရတာ သိပ်အဆင်မပြေဘူး။  ဒါလေးထည့်ထားတော့ တော်တော် အဆင်ပြေသွားတယ်။


apk ဖိုင်လေးကိုတော့ ဒီအောက်က လင့်ကနေ ဒေါင်းလိုက်ပါဗျာ ...

Robo Defense 2.3.2



ဒီဂိမ်းလေးကတော့ Robo Defense 2.3.2 ပါ။ သူက ပြောရမယ်ဆိုရင်တော့ Plants Vs Zombies လိုမျိုးပါပဲ ကိုယ့်စခန်းထဲကို ရန်သူမဝင်အောင် ခံတပ်တွေ ဆောက်ပြီးတော့ ကာကွယ်ရမှာပါ။ ပေါ့ပေါ့ ပါးပါး ဂိမ်းကောင်းလေး တစ်ခုပါ။


apk ဖိုင်လေးကိုတော့ အောက်ကလင့်လေးကနေ ဒေါင်းလိုက်ပါဗျာ


ဆော့လို့ကြိုက်ကြမယ်လို့ ထင်ပါတယ် ...  

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...


Monday, July 16, 2012

ဖုန်းထဲက ဝယ်လာကတည်းကပါလာတဲ့ ကိုယ်မကြိုက်တဲ့ application တွေဖျက်မယ်


ဒါလေးကတော့ SystemApp Remover ဆိုတာလေးပါ ... အသစ်ချက်ချွတ် ဖုန်းလေးဝယ်လာတယ် အရမ်းကြိုက်တယ် ဒါပေမယ့် Samsung မှာတောင် တရုတ် application လေးတွေ ပါလာတတ်တာဆိုတော့ စိတ်ကသိကအောင့်တော့ ဖြစ်မှာပေါ့ ... ဒါဆိုရင်တော့ ဒီ application လေးက အထောက်အကူပြုပါတယ် ... ကျွန်တော်လည်း တရုတ်စာတွေနဲ့ application တွေအကုန် ကျွန်တော့ဖုန်းထဲက ဖျက်ပြီးသွားပြီ ... လွယ်ပါတယ် ...

System App Remover.apk ဖိုင်ကိုတော့ ဒီအောက်ကလင့်လေးကနေဒေါင်းလိုက်ပါ ...

ဒါကတော့ နိုင်ငံတကာကို အင်တာနက်ချိတ်ထားတဲ့ ဖုန်းကနေ အခမဲ့ ခေါ်လို့ရတဲ့ application လေးပါ



Androd ဖုန်းတွေအတွက်ပါ ... android version 2.0 အထက်ရှိရမယ်လို့ပြောထားပါတယ် ... အများစူက ဒီ application ကိုသိကြပါတယ် ... ဒါပေမယ့် တချို့ activate မလုပ်တတ်တဲ့သူတွေလည်းရှိလို့ လုပ်နည်းလေး ပြောပြရင်းနဲ့ တင်လိုက်တာပါ ... apk ဖိုင်ကိုတော့ အောက်ကလင့်ကနေ ဒေါင်းလိုက်ပြီး ဖုန်းထဲမှာ install လုပ်လိုက်ပါ ... activate လုပ်ဖို့ကို ကျွန်တော်ဆက်ပြောပြ ပါ့မယ် ...